Connect with us

Hi, what are you looking for?

နိုင်ငံတကာ

နိုက်ဂျား စစ်အစိုးရဆီက အာဏာပြန်သိမ်းမယ့် တပ်တွင်းပုန်ကန်မှုကို ရုရှားက ကူညီနှိမ်နင်းပေးခဲ့

အာဏာသိမ်း စစ်တပ်ဆီက အာဏာပြန်သိမ်းမယ့် တပ်တွင်း ပုန်ကန်မှုကို တွန်းလှန်ဖို့ နိုက်ဂျားစစ်တပ်ကို အကူအညီ ပေးခဲ့ကြောင်း ရုရှားကက ထုတ်ပြန်ပါတယ်။

ဓာတ်ပုံ - Reuters

အာဏာသိမ်း စစ်တပ်ဆီက အာဏာပြန်သိမ်းမယ့် တပ်တွင်း ပုန်ကန်မှုကို တွန်းလှန်ဖို့ နိုက်ဂျားစစ်တပ်ကို အကူအညီ ပေးခဲ့ကြောင်း ရုရှားကက ထုတ်ပြန်ပါတယ်။

အနောက်အာဖရိက ဒေသရဲ့ ကုန်းပိတ်နိုင်ငံ တစ်ခုဖြစ်တဲ့ နိုက်ဂျားရဲ့ မြို့တော် နိုင်ရာမေမှာ ဩဂုတ် ၂၉ ရက် မနက်အစောပိုင်းတုန်းက ပစ်ခတ်သံတွေ၊ ပေါက်ကွဲသံတွေ ဆူဆူညံညံ ထွက်ပေါ်လာပြီး ဒေသခံတွေ အထိတ်တလန့် ဖြစ်ခဲ့ပါတယ်။

နိုက်ဂျားကို အုပ်စိုးနေတဲ့ အာဏာသိမ်း စစ်တပ်ရဲ့ ခေါင်းဆောင်ပိုင်းကို မကျေနပ်တဲ့ တပ်တွင်း ပုန်ကန်မှု အင်အားစုတွေနဲ့ စစ်ခေါင်းဆောင် ဗိုလ်ချုပ်ကြီး အက်ဘ်ဒူရာဟာမိန်း တီယန်နီကို သစ္စာခံတဲ့ တပ်ဖွဲ့တွေကြား ရင်ဆိုင် တိုက်ပွဲတွေ ဖြစ်ပွားခဲ့တာပါ။

ပုန်ကန်ရေး အင်အားစုတွေဟာ အစိုးရ ရုပ်မြင်သံကြား ဌာနကို စီးနင်းပြီး အစီအစဉ် ထုတ်လွှင့်မှုတွေကို ဖြတ်တောက်စေခဲ့သလို သမ္မတ အိမ်တော်နဲ့ မြို့တော် လေဆိပ်နားက အဓိက စစ်စခန်း တစ်ခုကိုပါ တပြိုင်တည်း ထိုးစစ်ဆင်ခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

နာရီပေါင်း အတော်ကြာပြီးတဲ့ အခါမှာတော့ အခြေအနေကို ထိန်းချုပ်နိုင်ခဲ့ပြီဖြစ်ပြီး အာဏာသိမ်းဖို့ ကြိုးစားတဲ့ အကြံအစည်ကို ဖြိုခွင်းနိုင်ခဲ့ကြောင်း နိုက်ဂျားစစ်တပ် အာဏာပိုင်တွေက ထုတ်ပြန်ခဲ့ပါတယ်။

ဩဂုတ် ၃၀ ရက်နေ့မှာတော့ အဲဒီ ပုန်ကန်ရေး အင်အားစုတွေကို နိုက်ဂျား စစ်တပ်က ရှင်းလင်းရာမှာ ရုရှားရဲ့ အာဖရိက စစ်ဌာနချုပ် လက်အောက်ခံ အမှုထမ်းတွေက အကူအညီ ပေးခဲ့ကြောင်း ရုရှား နိုင်ငံခြားရေး ဝန်ကြီးဌာနက ကြေညာခဲ့ပါတယ်။

ရုရှားအနေနဲ့ နိုက်ဂျားက အစွန်းရောက် ဝါဒီတွေကို ချေမှုန်းတဲ့ စစ်ဆင်ရေးတွေအတွက် ဆက်လက်ပြီး ကူညီ ပံ့ပိုးနေဦးမယ်လို့လည်း ဆိုပါတယ်။

ရုရှားရဲ့ အာဖရိက စစ်ဌာနချုပ်ဟာ အခုအခါမှာတော့ ဆာဟဲလ်ဒေသတွင်းက စစ်အစိုးရ အုပ်ချုပ်တဲ့ နိုင်ငံတွေအတွက် အဓိက မဟာမိတ် ဖြစ်လာပါတယ်။ ဆာဟဲလ်ဒေသဟာ အယ်လ်ကိုင်ဒါနဲ့ အိုင်အက်စ်လို အကြမ်းဖက် အဖွဲ့အစည်းတွေ သောင်းကျန်းရာ နယ်မြေဖြစ်လာပြီး ဒီပြဿနာကို ကိုင်တွယ်ဖြေရှင်းဖို့ အာဏာပိုင်တွေက ရုန်းကန်နေရပါတယ်။

အာဏာသိမ်း စစ်တပ်တွေ အုပ်စိုးနေတဲ့ နိုက်ဂျား၊ မာလီနဲ့ ဘာကီနာဖာဆို သုံးနိုင်ငံ ပူးပေါင်းထားတဲ့ ဆာဟဲလ်နိုင်ငံများ မဟာမိတ် အင်အားစုက အခုပုန်ကန်မှုဟာ တည်ငြိမ်မှု ပျက်ပြားအောင် သစ္စာဖောက် စစ်သားတချို့ရဲ့ ကြံစည်မှု ဖြစ်တယ်လို့ စွပ်စွဲ ထုတ်ပြန်ခဲ့ပါတယ်။ အဲဒီ ပုန်ကန်သူတွေဖက်မှာ အင်အားဘယ်လောက်ရှိသလဲ၊ အသေအပျောက် ဘယ်လောက်များများ ဖြစ်ပေါ်ခဲ့သလဲ ဆိုတာတွေကိုတော့ တိတိကျကျ မသိရပါဘူး။

ဂျီဟတ်ဝါဒီ အကြမ်းဖက် စစ်သွေးကြွ အဖွဲ့တွေကို ထိထိရောက်ရောက် ဖြိုခွင်းနိုင်စွမ်း ကင်းမဲ့နေတယ်လို့ စွပ်စွဲပြီး ၂၀၂၃ ခုနှစ် ဇူလိုင်လမှာ နိုက်ဂျားစစ်တပ်ဟာ သမ္မတ မိုဟာမက် ဘာဇွမ်ရဲ့ အစိုးရကို ဖြုတ်ချ အာဏာသိမ်းခဲ့ပါတယ်။ ဒါပေမဲ့ စစ်တပ် အုပ်စိုးမှု အောက်မှာလည်း လုံခြုံရေး အခြေအနေတွေက တိုးတက်မလာတဲ့အပြင် စစ်သွေးကြွ တိုက်ခိုက်မှုတွေက ပိုမိုဆိုးရွားလာနေပါတယ်။

နိုက်ဂျား စစ်တပ်ရဲ့ အကြီးအကဲ ဗိုလ်ချုပ်ကြီး တီယန်နီကတော့ ပြီးခဲ့တဲ့နှစ်မှာ သမ္မတအဖြစ် ကျမ်းသစ္စာ ကျိန်ဆိုခဲ့ပါတယ်။ တပ်တွင်းပုန်ကန်မှုနဲ့ အာဏာသိမ်းဖို့ အားထုတ်မှု ကြုံတွေ့ခဲ့တာနဲ့ ပတ်သက်လို့ သူ့ရဲ့ သမ္မတရုံးကတော့ ဘာမှ မှတ်ချက်မပေးသေးပါဘူး။

ကိုးကား: BBC

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အာဏာသိမ်းမယ့် အားထုတ်မှု တစ်ခုကို တွန်းလှန်ပြီး အခြေအနေကို ပြန်လည် ထိန်းချုပ်နိုင်ခဲ့ကြောင်း နိုက်ဂျား အာဏာသိမ်း စစ်တပ်က ပြောပါတယ်။ စစ်တပ်ဟာ ၂၀၂၃ ခုနှစ်တုန်းက ဒီမိုကရေစီ အစိုးရကို ဖြုတ်ချပြီး အာဏာသိမ်းယူထားတာပါ။

သတင်း

အမေရိကန် ဗဟိုထောက်လှမ်းရေး အေဂျင်စီ (CIA)ရဲ့ အကြီးအကဲက ရုရှားကို သွားရောက်ခဲ့တာဟာ NATO စစ်မဟာမိတ် အဖွဲ့ဝင် နိုင်ငံတွေကို ရုရှားက တိုက်ခိုက်မလာအောင် သတိပေးဖို့ဖြစ်ကြောင်း အမေရိကန် မီဒီယာတွေက ဖော်ပြခဲ့ပါတယ်။

နိုင်ငံတကာ

အမေရိကန် ဗဟို ထောက်လှမ်းရေး အေဂျင်စီ (CIA)ရဲ့ အကြီးအကဲဟာ ကြိုတင် ထုတ်ပြန်မထားတဲ့ ခရီးစဉ်အဖြစ် ရုရှားနိုင်ငံ၊ မော်စကို မြို့တော်ဆီ သွားရောက်ခဲ့ပါတယ်။

နိုင်ငံတကာ

ရုရှားဆီက ခြိမ်းခြောက်မှုတွေ ရှိနေပေမယ့် ဗြိတိန်ဟာ ယူကရိန်းကို မယိမ်းမယိုင် ဆက်လက် အားပေး ကူညီသွားမယ်လို့ ဗြိတိန် ဝန်ကြီးချုပ် အန်ဒီ ဘန်ဟမ်က ပြောကြားခဲ့ပါတယ်။