Connect with us

Hi, what are you looking for?

နိုင်ငံတကာ

အရပ်သားတွေ သေဆုံးခဲ့တဲ့ အမေရိကန် တိုက်ခိုက်မှုတွေကို လက်တုံ့ပြန်ခဲ့ကြောင်း အီရန်ပြော

ကလေးငယ် အပါအဝင် အရပ်သား ၄ ဦးထက်မနည်း သေဆုံးခဲ့ရတဲ့ အမေရိကန် တိုက်ခိုက်မှုတွေအတွက် လက်တုံ့ပြန်ခဲ့ကြောင်း အီရန်က ထုတ်ပြန်ပါတယ်။

ဓာတ်ပုံ - Reuters

ကလေးငယ် အပါအဝင် အရပ်သား ၄ ဦးထက်မနည်း သေဆုံးခဲ့ရတဲ့ အမေရိကန် တိုက်ခိုက်မှုတွေအတွက် လက်တုံ့ပြန်ခဲ့ကြောင်း အီရန်က ထုတ်ပြန်ပါတယ်။

အမေရိကန် ဗဟိုစစ်ဌာနချုပ် (CENTCOM)က ဟောမုဇ်ရေလက်ကြားက အရပ်ဖက် ရေယာဉ်တွေကို အီရန် အစ္စလာမ်မစ် တော်လှန်ရေး အစောင့်တပ် (IRGC)က တိုက်ခိုက်ဖို့ လတ်တလော ကြံစည် အားထုတ်မှုတွေကြောင့် အမေရိကန်က အီရန်အပေါ် စစ်ဆင်ရေးတွေ ပြန်စခဲ့ကြောင်း ကြေညာပါတယ်။

အမေရိကန်နဲ့ အီရန်ကြားမှာ တိုက်ရိုက် စစ်ရေးအရ တိုက်ခိုက်မှုတွေ တစ်လလောက် ငြိမ်သက်နေခဲ့ရာက နှစ်ရက်ဆက်တိုက် အပြန်အလှန် တိုက်ခိုက်မှုတွေ ပြန်ဖြစ်လာခဲ့တာပါ။

အီရန် လခြမ်းနီ အသင်းကတော့ စက်တင်ဘာ ၁ ရက် ညပိုင်းတုန်းက အီရန်မှာ အမေရိကန်က ဖြန့်ကျက်လုပ်ဆောင်ခဲ့တဲ့ တိုက်ခိုက်မှုတွေအတွင်း ကလေးငယ် တစ်ဦးအပါအဝင် အရပ်သား ၄ ဦးသေဆုံးပြီး ၅၀ ကျော် ဒဏ်ရာရခဲ့တယ်လို့ ကြေညာခဲ့ပါတယ်။ ပြီးတော့ အီရန်တောင်ပိုင်းက ဆီရစ်ခ် ဒေသမှာ မင်္ဂလာပွဲ ကျင်းပနေတဲ့ အိမ်တစ်လုံးကို အမေရိကန်ရဲ့ ဒုံးကျည် အစအန ထိမှန်ပြီး အသေအပျောက် များခဲ့တယ်လို့ ဆိုပါတယ်။

Public Service Announcement

Public Service Announcement

အဲဒီနောက် IRGCက ဂျော်ဒန်နဲ့ အီရတ်မှာရှိတဲ့ အမေရိကန် စစ်စခန်းတွေကို ပစ်မှတ်ထား လက်တုံ့ပြန်ခဲ့ကြောင်း အဲဒီနှစ်နိုင်ငံရဲ့ အစိုးရ သတင်းဌာနတွေနဲ့ ဂျော်ဒန် စစ်တပ်က အသီးသီး ထုတ်ပြန်ပါတယ်။ ကူဝိတ်နဲ့ ဘာရိန်းမှာလည်း အမေရိကန် စစ်စခန်းတွေ တိုက်ခိုက်ခံရကြောင်း သတင်းတွေ ထွက်ပေါ်နေပါတယ်။

IRGCကတော့ အမေရိကန်ဟာ အီရန်ကို ရန်လာစတဲ့အတွက် နောင်တရသွားစေရမယ်လို့ ခြိမ်းခြောက်ထားပါတယ်။ စက်တင်ဘာ ၂ ရက် မနက်အစောပိုင်း အရုဏ်မတက်ခင်မှာ ဂျော်ဒန်ရဲ့ အက္ကဘာ ဒေသမှာရှိတဲ့ အမေရိကန် မရိန်းတပ်ဖွဲ့ စစ်စခန်း တစ်ခုကိုလည်း အီရန်က ဒုံးကျည်တွေနဲ့ ပစ်ခတ်ခဲ့ပါတယ်။

စုစုပေါင်း ဒုံးကျည် ၁၃ စင်းကို ကြားဖြတ် ဟန့်တားခဲ့ပြီး ၁၀ စင်းကို ပစ်ချနိုင်ခဲ့ကြောင်း၊ ကျန်တဲ့ ၃ စင်းကတော့ လူသူအရောက်အပေါက် နည်းပါးရာ နယ်စွန်နယ်ဖျား ဒေသတွေမှာ ကျရောက် ပေါက်ကွဲခဲ့ကြောင်း၊ အီရန်ရဲ့ တိုက်ခိုက်မှုအတွင်း ထိခိုက်သေကြေမှု မရှိကြောင်း ဂျော်ဒန်က စစ်တပ်က ထုတ်ပြန်ပါတယ်။

အဲဒီမနက် အစောပိုင်းမှာပဲ ကူဝိတ်စစ်တပ်ရဲ့ လေကြောင်းကာကွယ်ရေး စနစ်တွေဟာ အီရန်ရဲ့ ဒုံးကျည်တိုက်ခိုက်မှုတွေကို တုံ့ပြန်ခဲ့ရတယ်လို့ ဆိုပါတယ်။ ဘာရိန်းမှာလည်း အီရန်တိုက်ခိုက်မှု နောက်ဆက်တွဲ ပေါက်ကွဲသံတွေ ထွက်ပေါ်နေတယ်လို့ အီရန် အစိုးရ မီဒီယာမှာ ဖော်ပြခဲ့ပါတယ်။

အီရန်အပေါ် တိုက်ခိုက်မှုတွေ ပြန်စနေကြောင်း စက်တင်ဘာ ၁ ရက်နေ့မှာ အတည်ပြုခဲ့ချိန်မှာ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က အီရန်သာ လက်တုံ့ပြန်လာမယ်ဆိုရင် ပိုပြီး ပြင်းပြင်းထန်ထန် လက်တုံ့ပြန်မယ်လို့ သတိပေးခဲ့ပါတယ်။ ဒါပေမဲ့ နာရီပိုင်း အကြာမှာတော့ အီရန်က အရှေ့အလယ်ပိုင်း ဒေသတွင်းက အမေရိကန် စစ်စခန်းတွေကို ဒုံးကျည်တွေနဲ့ ပစ်ခတ်လာခဲ့တာ ဖြစ်ပါတယ်။

ဆီရစ်ခ်မှာ အမေရိကန် တိုက်ခိုက်မှုကြောင့် အရပ်သားတွေ သေဆုံးခဲ့တယ်ဆိုတဲ့ သတင်းတွေကို ကြားသိထားပြီး ဆန်းစစ်နေကြောင်း Centcom ပြောရေးဆိုခွင့်ရ အရာရှိ ရေတပ်ဗိုလ်ကြီး တင်မ်ဟော့ကင်းစ်က ဆိုပါတယ်။ သေချာတာကတော့ အမေရိကန်ဟာ IRGC မဟုတ်တဲ့အတွက် အရပ်သား ပစ်မှတ်တွေကို ဘယ်တော့မှ တမင်မတိုက်ခိုက်ကြောင်း သူက ပြောပါတယ်။

အီရန်စစ်ပွဲ ၆ လလောက် ကြာမြင့်လာတဲ့နောက် အီရန်အပေါ် စစ်ရေးအရ ထိုးနှက်မှုတွေ လျှော့ချပြီး စီးပွားရေးအရ ပြင်းပြင်းထန်ထန် ဖိအားပေးမယ်လို့ ထရမ့်က ကြေညာထားပေမယ့် အခုလိုမျိုး တိုက်ခိုက်မှုတွေက တကျော့ပြန် စတင်လာတာ ဖြစ်ပါတယ်။

ကိုးကား: AFP

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ကာကွယ်ရေး ဝန်ကြီးနဲ့ ဆက်ဆံရေး တင်းမာမှုတွေ မြင့်တက်လာတဲ့နောက် အမေရိကန် ကြည်းတပ် ဝန်ကြီးဟာ ရာထူးကနေ နုတ်ထွက်သွားခဲ့ပါတယ်။

နိုင်ငံတကာ

တစ်လလောက်အတွင်း နှစ်နိုင်ငံကြား ပထမဆုံးအကြိမ် တိုက်ခိုက်မှုတွေ ပြန်လည် ဖြစ်ပွားခဲ့တဲ့နောက် အီရန်ကို အပြင်းအထန် ထိုးနှက်ပစ်မယ်လို့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ခြိမ်းခြောက်ခဲ့ပါတယ်။

နိုင်ငံတကာ

အွန်တေရီယို ရေကန်ကြီးကို အမေရိက ရေကန်လို့ နာမည်ပြောင်းဖို့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ညွှန်ကြားခဲ့တဲ့နောက် ကနေဒါကလည်း အွန်တေရီအို ရေကန်ဆိုတဲ့ ဆိုင်းဘုတ်ကြီးထောင်ပြီး တုံ့ပြန်ခဲ့ပါတယ်။

နိုင်ငံတကာ

တစ်လလောက် ရပ်နားနေတဲ့ အီရန်နဲ့ အမေရိကန်ကြား တိုက်ခိုက်မှုတွေဟာ ဩဂုတ် ၃၀ ရက်နေ့မှာ ပြန်လည် ဖြစ်ပွားခဲ့ကြောင်း သိရပါတယ်။