Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ရုရှားစစ်ရဟတ်ယာဉ် အဝေးပြေးလမ်းပေါ် အရေးပေါ်ဆင်းသက်ရင်း လမ်းဘေးထိုးကျ

ရုရှားစစ်တပ်ရဲ့ Mi-8 ရဟတ်ယာဉ် တစ်စီးဟာ အဝေးပြေး လမ်းပေါ်မှာ အရေးပေါ် ဆင်းသက်ရင်း လမ်းဘေးကို ထိုးဆင်းသွားတာကြောင့် ထိခိုက်ပျက်စီးခဲ့ပါတယ်။

ရုရှားစစ်တပ်ရဲ့ Mi-8 ရဟတ်ယာဉ် တစ်စီးဟာ အဝေးပြေး လမ်းပေါ်မှာ အရေးပေါ် ဆင်းသက်ရင်း လမ်းဘေးကို ထိုးဆင်းသွားတာကြောင့် ထိခိုက်ပျက်စီးခဲ့ပါတယ်။

ရဟတ်ယာဉ်က ကားလမ်းပေါ်မှာ ဆင်းသက်ပြီး အရှိန်သတ်ဖို့ ကြိုးစားရင်း ဒလက်တွေက လမ်းဘေးသစ်ပင်နဲ့ ငြိမိရာက လမ်းဘေးကို ဦးစိုက်ဖင်ထောင် ထိုးကျသွားခဲ့တဲ့ ဗီဒီယိုဟာ လူမှုကွန်ရက်တွေပေါ် ပျံ့နှံ့လာပါတယ်။

စက်တင်ဘာ ၂ ရက်နေ့တုန်းက ရုရှားနိုင်ငံ အရှေ့မြောက်ပိုင်းက ဆာခါလင်ကျွန်းမှာ ရဟတ်ယာဉ်ဟာ ကားလမ်းပေါ် အရေးပေါ် ဆင်းသက်ရင်း အခုလို အခြေအနေ ကြုံခဲ့တာလို့ ဒေသခံ သတင်းတွေက ဖော်ပြခဲ့ပါတယ်။ ဗီဒီယိုထဲမှာတော့ ထရပ်ကား တစ်စီးဟာ မျက်နှာချင်းဆိုင်ကနေ မောင်းလာတဲ့ ရဟတ်ယာဉ်ကြီးကို မြင်တော့ လမ်းဘေးကို ကမန်းကတမ်း ဆင်းဖို့ ကြိုးစားနေတာကိုလည်း တွေ့ခဲ့ရပါတယ်။

ရဟတ်ယာဉ်ရဲ့ ဒလက်ဟာ သစ်ပင်တွေနဲ့ ထိမိပြီး ကျိုးပဲ့ပျက်စီးသွားသလို လမ်းပေါ်မှာလည်း သစ်ကိုင်းတွေ ဖွေးဖွေးလှုပ်သွားခဲ့ပါတယ်။ ကံကောင်းထောက်မစွာနဲ့ ရဟတ်ယာဉ်ဟာ မီးထလောင်တာမျိုးတော့ မရှိခဲ့ပါဘူး။

Public Service Announcement

Public Service Announcement

အဝေးပြေးလမ်းပေါ် အရေးပေါ် ဆင်းသက်ခဲ့တဲ့ ရဟတ်ယာဉ်ပေါ်မှာ အစိုးရ သတင်းဌာန တစ်ခုရဲ့ ဂျာနယ်လစ် ၄ ဦးအပါအဝင် စုစုပေါင်း ၈ ဦး လိုက်ပါလာပြီး အားလုံး အသက်ဘေးက လွတ်မြောက်ခဲ့ပါတယ်။

ရဟတ်ယာဉ်မှာ ဘာပြဿနာကြုံလို့ အရေးပေါ် ဆင်းသက်ခဲ့ရသလဲ ဆိုတာကိုတော့ မသိရသေးပါဘူး။ သတင်းတချို့ကတော့ လေယာဉ်ကွင်း တစ်ခုနား ချဉ်းကပ်ချိန်မှာ အင်ဂျင်က ဗွေဖောက်လို့၊ ဒါမှမဟုတ် ဆီကုန်သွားလို့ ကားလမ်းပေါ် ဆင်းခဲ့ရတာဖြစ်ကြောင်း ဖော်ပြထားပေမယ့် သီးခြား အတည်မပြုနိုင်ပါဘူး။

ရုရှားစစ်တပ်ကတော့ လေယာဉ်မှူးဟာ လမ်းပေါ်မှာ ကားတွေကို တိုက်မိမှာစိုးလို့ ရဟတ်ယာဉ်ကို လမ်းဘေးထိုးဆင်းဖို့ ဆုံးဖြတ်ခဲ့တာလို့ ပြောပါတယ်။ ဖြစ်စဉ်နဲ့ ပတ်သက်လို့ စုံစမ်းစစ်ဆေးမှုတွေကိုတော့ စတင်လုပ်ဆောင်နေပါတယ်။

ဆိုဗီယက် ပြည်ထောင်စုခေတ်မှာ စတင်ထုတ်လုပ်တဲ့ Mi-8တွေဟာ ရုရှားစစ်တပ်မှာ အသုံးတွင်ကျယ်တဲ့ သယ်ယူပို့ဆောင်ရေး ရဟတ်ယာဉ်တွေ ဖြစ်ပြီး ကမ္ဘာ့နိုင်ငံ အတော်များများဆီကိုလည်း တင်ပို့ရောင်းချထားပါတယ်။

ကိုးကား: New York Post

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ရုရှား သမ္မတ ဗလာဒီမာ ပူတင်ကို လူသားချင်းစာနာ​ထောက်ထားသူ (humanitarian) တစ်ဦးလို့ ချီးကျူး ပြောဆိုခဲ့တဲ့ အမေရိကန် အစိုးရ ကိုယ်စားလှယ်ဟာ ဝေဖန်မှုတွေနဲ့ ရင်ဆိုင်နေရပါတယ်။

နိုင်ငံတကာ

အမေရိကန်ဆီ ပထမဆုံးအသုတ် ဒီဇယ်ဆီတွေကို အောက်တိုဘာ ၂၂ ရက်နေ့မှာ တင်ပို့သွားမယ်လို့ ရုရှား အစိုးရက ပြောပါတယ်။

နိုင်ငံတကာ

ရုရှားအပေါ် အရေးယူ ပိတ်ဆို့မှုတွေ ဖြေလျှော့ပေးလိုက်တဲ့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ရဲ့ ဆုံးဖြတ်ချက်ကို ယူကရိန်း သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးက ဝေဖန်လိုက်ပါတယ်။

နိုင်ငံတကာ

ယူကရိန်းနိုင်ငံ အလယ်ပိုင်းက အခြေခံ အဆောက်အအုံတွေကို ရုရှားက ဒရုန်းတွေ အများအပြားနဲ့ တိုက်ခိုက်ခဲ့တဲ့နောက် ရုရှားရဲ့ ရေနံချက် စက်ရုံတွေကို တိုက်ခိုက်မှု ပြန်စမယ်လို့ ယူကရိန်းက ပြောပါတယ်။ ကမ္ဘာ့လောင်စာဆီ စျေးကွက်မှာ အကျပ်အတည်းတွေ ဖြစ်ပေါ်နေချိန် ရုရှားနဲ့ ယူကရိန်းကြား စွမ်းအင်ဆိုင်ရာ အဆောက်အအုံတွေကို မတိုက်ခိုက်ကြဖို့...