Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ရုရှားနဲ့ မြောက်ကိုရီးယားကိုပထမဆုံးကားလမ်းနဲ့ဆက်သွယ်ပေးတဲ့ တံတားသစ်ဖွင့်လှစ်

ရုရှားနဲ့ မြောက်ကိုရီးယားကိုကားလမ်းတိုက်ရိုက်ဆက်သွယ်ပေးတဲ့ တံတားတစ်စင်းကို ပထမဆုံးအကြိမ် ဖွင့်လှစ်လိုက်ကြောင်း သိရပါတယ်။

ဓာတ်ပုံ - KCNA

စက်တင်ဘာ – ၈ ၊၂၀၂၆

ရုရှားနဲ့ မြောက်ကိုရီးယားကိုကားလမ်းတိုက်ရိုက်ဆက်သွယ်ပေးတဲ့ တံတားတစ်စင်းကို ပထမဆုံးအကြိမ် ဖွင့်လှစ်လိုက်ကြောင်း သိရပါတယ်။

ရုရှားအာဏာပိုင်တွေကတော့ စက်တင်ဘာ ၇ ရက်နေ့မှာ စတင်ဖွင့်လှစ်ခဲ့တဲ့ တူမန်မြစ်ကူးတံတားဟာ နှစ်နိုင်ငံ ဆက်ဆံရေး ပိုမိုနက်ရှိုင်းခိုင်မာလာမှုရဲ့ ပြယုဂ်တစ်ခုလို့ ညွှန်းဆိုခဲ့ပါတယ်။

အဲဒီတံတားဟာ နှစ်လမ်းမောင်း အမျိုးအစားဖြစ်ပြီး ၁ ကီလိုမီတာ ရှည်လျားပါတယ်။ အဲဒီတံတားကြောင့် ရုရှားနဲ့ မြောက်ကိုရီးယားကြားမှာ တိုက်ရိုက် ကားလမ်း ပေါက်သွားပြီ ဖြစ်ပါတယ်။ နေ့စဉ် အဲဒီတံတားကို ယာဉ်အစီးရေ ၃၀၀ လောက် ဖြတ်သန်းသွားလာလိမ့်မယ်လို့ ရုရှားအစိုးရက ခန့်မှန်းထားပါတယ်။

Public Service Announcement

Public Service Announcement

နယ်စပ်နားမှာ အခြေခံ အဆောက်အအုံကဏ္ဍ တိုးတက်မှုတွေ ရှိလာခြင်းက နှစ်နိုင်ငံကြား အနာဂတ် ကုန်သွယ်ရေး၊ စီးပွားရေး၊ နည်းပညာ၊ သိပ္ပံနဲ့ ယဉ်ကျေးမှုဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုတွေကို တွန်းအားဖြစ်စေမယ်ဆိုတာ ယုံကြည်ကြောင်း ရုရှား ဝန်ကြီးချုပ် မစ်ခေးလ် မစ်ရှူစတင်က ပြောကြားခဲ့ပါတယ်။ ရုရှားဝန်ကြီးချုပ်ဟာ တံတားသစ် ဖွင့်လှစ်မှု အခမ်းအနားကို အွန်လိုင်းကနေ ချိတ်ဆက် ပါဝင်ခဲ့ပါတယ်။

ရုရှားနဲ့ မြောက်ကိုရီးယားရဲ့ ဆက်ဆံရေးဟာ ပြီးခဲ့တဲ့ နှစ်ပိုင်းတွေအတွင်း သိသိသာသာ တိုးတက်လာခဲ့ပါတယ်။ အထူးသဖြင့် ယူကရိန်း စစ်ပွဲမှာ ရုရှားကို မြောက်ကိုရီးယားက ခဲယမ်းမီးကျောက်တွေနဲ့ စစ်သည်တွေ ပံ့ပိုးကူညီခဲ့တဲ့နောက် နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှုတွေ ပိုပြီး အားကောင်းလာပါတယ်။ အပြန်အလှန်အဖြစ် ရုရှားက မြောက်ကိုရီးယားအတွက် စစ်ရေးနည်းပညာနဲ့ ရင်းနှီးမြှုပ်နှံမှု အကူအညီတွေ ပေးအပ်ခဲ့ပါတယ်။

ရုရှားနဲ့ မြောက်ကိုရီးယားတို့ဟာ နယ်စပ်ဖြတ်ကျော် ရထားလမ်းကူး တံတားတစ်ခုကို တည်ဆောက်ထားသလို တိုက်ရိုက် လေကြောင်းပြေးဆွဲမှုတွေလည်း ရှိနေပါတယ်။

၂၀၂၄ မှာတော့ တူမန်မြစ်ကို ဖြတ်ကူးတဲ့ ကားလမ်းတံတား တစ်စီး တည်ဆောက်ရေး သဘောတူခဲ့ကြပြီး အခုတော့ အဲဒီတံတားသစ်ကို ဖွင့်လှစ်ခဲ့တာ ဖြစ်ပါတယ်။ တူမန်ဟာ မြောက်ကိုရီးယား ပိုင်နက်ကို တရုတ်၊ ရုရှားနိုင်ငံတွေနဲ့ ပိုင်းခြားပေးတဲ့ မြစ်တစ်စင်း ဖြစ်ပါတယ်။

ကိုးကား – ABC

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ရုရှားနိုင်ငံက ရေခဲတောင် တစ်ခုမှာ ဆီးနှင်းပြိုကျမှုကြောင့် တောင်တက်သမား ၁၁ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း သိရှိရပါတယ်။

နိုင်ငံတကာ

မြောက်ကိုရီးယား ရေတပ်ကို နျူကလီးယား စစ်တပ်တစ်ခုအဖြစ် တည်ဆောက်သွားမယ်လို့ အဓိပတိ ကင်မ်ဂျုံအွန်းက ပြောကြားခဲ့ပါတယ်။

နိုင်ငံတကာ

စစ်ရပ်စဲနိုင်ရေးကိစ္စ ကြားဝင် ညှိနှိုင်းပေးနေတဲ့ အမေရိကန် ကိုယ်စားလှယ် အဖွဲ့ဟာ ယူကရိန်းနိုင်ငံကို သွားရောက်ပြီး သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးနဲ့ တွေ့ဆုံခဲ့ပါတယ်။

နိုင်ငံတကာ

ယူကရိန်းစစ်ပွဲ ရပ်တန့်နိုင်ရေး ဆွေးနွေးဖို့အတွက် အမေရိကန် အစိုးရ ကိုယ်စားလှယ် အဖွဲ့ဟာ ရုရှားကို သွားရောက်ပြီး သမ္မတ ဗလာဒီမာ ပူတင်နဲ့ တွေ့ဆုံခဲ့ပါတယ်။