Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ရုရှား ရေခဲတောင် တစ်ခုမှာ ဆီးနှင်းပြိုကျမှုကြောင့် ၁၁ ဦးထက်မနည်း သေဆုံး

ရုရှားနိုင်ငံက ရေခဲတောင် တစ်ခုမှာ ဆီးနှင်းပြိုကျမှုကြောင့် တောင်တက်သမား ၁၁ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း သိရှိရပါတယ်။

ရုရှားနိုင်ငံက ရေခဲတောင် တစ်ခုမှာ ဆီးနှင်းပြိုကျမှုကြောင့် တောင်တက်သမား ၁၁ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း သိရှိရပါတယ်။

ရုရှားနိုင်ငံက ရေခဲတောင် တစ်ခုမှာ ဆီးနှင်းပြိုကျမှုကြောင့် တောင်တက်သမား ၁၁ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း သိရှိရပါတယ်။

ရုရှားရဲ့ ကာဘာဒီနို-ဘယ်လ်ကာရီရာ ဒေသမှာရှိတဲ့ မစ်ဇ်ဟာဂီ ရေခဲတောင်မှာ စက်တင်ဘာ ၆ ရက်နေ့ ညနေပိုင်းက ဆီးနှင်းတွေ ပြိုကျခဲ့တာ ဖြစ်ပါတယ်။ စက်တင်ဘာ ၈ ရက် မနက်အစောပိုင်းထိ အခြေအနေအရ သေဆုံးသူ ၁၁ ဦးထိ ရှိခဲ့ကြောင်း အာဏာပိုင်တွေက အတည်ပြုထားပြီး ၆ ဦး ပျောက်ဆုံးနေပါတယ်။

ဆီးနှင်းတွေ ပြိုကျချိန် တောင်ပေါ်မှာ တောင်တက်သမား ၃၃ ယောက် ရှိနေခဲ့ရာက ၁၀ ဦးကတော့ တောင်ခြေထိ ရောက်အောင် ပြန်ဆင်းလာနိုင်ခဲ့ပါတယ်။ ဒဏ်ရာရထားသူ ၆ ဦးကိုလည်း ရဟတ်ယာဉ်တွေနဲ့ သယ်ဆောင်ပြီး ဆေးရုံပို့ပေးခဲ့ရပါတယ်။ ပျောက်ဆုံးနေသူတွေကို ကယ်ဆယ်ရေးအင်အား ၅၀ ကျော် အသုံးပြုပြီး ဖြန့်ကျက် ရှာဖွေနေပါတယ်။ တစ်ဖက်မှာတော့ နောက်ထပ် ဆီးနှင်းပြိုကျနိုင်ခြေ အန္တရာယ်ကို စိုးရိမ်နေရတာက ကယ်ဆယ်ရေး လုပ်ငန်းတွေမှာ အဟန့်အတားတွေ ကြုံစေပါတယ်။

မစ်ဇ်ဟာဂီ တောင်ဟာ ရုရှားမြောက်ပိုင်းက ကော်ကေးရှပ်စ် ဒေသမှာ အမြင့်ဆုံး တောင်တစ်ခုဖြစ်ပြီး တောင်တက်သမားတွေကြားမှာ ရေပန်းစားတဲ့ နေရာတစ်ခု ဖြစ်ပါတယ်။

Public Service Announcement

Public Service Announcement

အခု ဆီးနှင်းပြိုကျမှုကတော့ မစ်ဇ်ဟာဂီ တောင်ရဲ့ သမိုင်းမှာ လူအသေအပျောက် အများဆုံး သဘာဝ ဘေးအန္တရာယ် ကျရောက်မှုတွေထဲက တစ်ခုအဖြစ် မှတ်တမ်းဝင်လာခဲ့ပါတယ်။

ကိုးကား: CNN

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ရုရှားနဲ့ မြောက်ကိုရီးယားကိုကားလမ်းတိုက်ရိုက်ဆက်သွယ်ပေးတဲ့ တံတားတစ်စင်းကို ပထမဆုံးအကြိမ် ဖွင့်လှစ်လိုက်ကြောင်း သိရပါတယ်။

နိုင်ငံတကာ

စစ်ရပ်စဲနိုင်ရေးကိစ္စ ကြားဝင် ညှိနှိုင်းပေးနေတဲ့ အမေရိကန် ကိုယ်စားလှယ် အဖွဲ့ဟာ ယူကရိန်းနိုင်ငံကို သွားရောက်ပြီး သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးနဲ့ တွေ့ဆုံခဲ့ပါတယ်။

နိုင်ငံတကာ

ယူကရိန်းစစ်ပွဲ ရပ်တန့်နိုင်ရေး ဆွေးနွေးဖို့အတွက် အမေရိကန် အစိုးရ ကိုယ်စားလှယ် အဖွဲ့ဟာ ရုရှားကို သွားရောက်ပြီး သမ္မတ ဗလာဒီမာ ပူတင်နဲ့ တွေ့ဆုံခဲ့ပါတယ်။

နိုင်ငံတကာ

ရုရှားစစ်တပ်ရဲ့ Mi-8 ရဟတ်ယာဉ် တစ်စီးဟာ အဝေးပြေး လမ်းပေါ်မှာ အရေးပေါ် ဆင်းသက်ရင်း လမ်းဘေးကို ထိုးဆင်းသွားတာကြောင့် ထိခိုက်ပျက်စီးခဲ့ပါတယ်။