Connect with us

Hi, what are you looking for?

ဆောင်းပါး

ငုတ်တုပ်မေ့…အိုးဝေ

မန္တလေးမြို့အဝင်တံခွန်တိုင်အဝိုင်းပတ်ကို အဝေးပြေးကားတွေဝင်လိုက်တာနဲ့ Welcome To Mandalay ဆိုတဲ့ ဆိုင်းဘုတ်နဲ့အတူလမ်းပေါ်မှာသုံးဘီးယာဥ်တွေကိုအများအပြားမြင်လိုက်ရပါတယ်။တချိန်က စက်ဘီးမြို့တော်၊ ဆိုင်ကယ်မြို့တော်ဆိုတဲ့ အမည်နာမအမျိုးမျိုးတွင်ခဲ့တဲ့ မန္တလေးမြို့ဟာ ယခုအခါမှာတော့ သုံးဘီးမြို့တော်လို့ ခေါ်ဆိုရ​တော့မယ့်အနေအထားပါ။

(မန္တ​လေးမြို့က အို​ဝေသုံးဘီးဆိုင်ကယ်​တွေ။ ဓါတ်ပုံ-CJ )

နေမင်းသစ်/People’s Spring

မန္တလေးမြို့အဝင်တံခွန်တိုင်အဝိုင်းပတ်ကို အဝေးပြေးကားတွေဝင်လိုက်တာနဲ့ Welcome To Mandalay ဆိုတဲ့ ဆိုင်းဘုတ်နဲ့အတူလမ်းပေါ်မှာသုံးဘီးယာဥ်တွေကိုအများအပြားမြင်လိုက်ရပါတယ်။တချိန်က စက်ဘီးမြို့တော်၊ ဆိုင်ကယ်မြို့တော်ဆိုတဲ့ အမည်နာမအမျိုးမျိုးတွင်ခဲ့တဲ့ မန္တလေးမြို့ဟာ ယခုအခါမှာတော့ သုံးဘီးမြို့တော်လို့ ခေါ်ဆိုရ​တော့မယ့်အနေအထားပါ။

သုံးဘီးယာဥ်တွေများတော့ အလုပ်ဖြစ်နေပြီလို့ ထင်ရင် လွဲပါလိမ့်မယ်။ “တနေ့အိမ်ကိုပြန်ပြီး ၃ ခါ​​လောက်အိပ်လို့ရတယ်”လို့ အသက် ၂၅ နှစ်ဝန်းကျင် သုံးဘီးသမားတဦးကပြောပါတယ်။

​မန္တလေးမြို့ရဲ့လမ်းမတွေပေါ်မှာသုံးဘီးယာဉ်တွေသိသိသာသာများပြားလာခဲ့ပေမယ့် နေ့စဉ်ဝမ်းစာအတွက်ရုန်းကန်နေရတဲ့ သုံးဘီးမောင်းသူအချို့အတွက်ကတော့ စျေးဦးတောင် မပေါက်တဲ့နေ့တွေနဲ့ရင်ဆိုင်နေရတယ်လို့ သုံးဘီးယာဥ်မောင်းနှင်သူတွေက ပြောပါတယ်။

Public Service Announcement

Public Service Announcement

“အိုးဝေတွေကအရမ်းများလာတယ်။နေ့လယ်တစ်နာရီထိုးတာတောင် စျေးဦးမပေါက်တဲ့ရက်တွေရှိတယ်”လို့ အသက် ငါးဆယ်ကျော်အရွယ် သုံးဘီးယာဥ်မောင်းတစ်ဦးက​ ပြောပါတယ်။

မန္တလေးမြို့မှာအိန္ဒိယလုပ် Bajaj RE ကဲ့သို့ သုံးဘီးယာဥ်တွေကို အငှားယာဥ်အဖြစ် စတင်လုပ်ကိုင်ခဲ့တဲ့ Oway ကုမ္ပဏီရဲ့ မီနီအိုးဝေဆိုတဲ့အခေါ်အဝေါ်ကိုပဲ ဆက်လက်သုံးစွဲကြတယ်လို့ သိရပါတယ်။

မန္တလေးမြို့မှာ သုံးဘီးယာဉ်တွေ စတင်ကျယ်ပြန့်စွာ ပေါ်ပေါက်လာတာကတော့ လွန်ခဲ့တဲ့ဆယ်နှစ်ကျော်ကဖြစ်ပြီး လိုင်းကားစနစ်တွေ တဖြည်းဖြည်းပျောက်ဆုံးသွားတာကြောင့် ခေတ်စားလာတာဖြစ်ကြောင်း မြို့ခံတွေက ပြောပါတယ်။ယခုအခါ မန္တလေးမြို့မှာ သုံးဘီးယာဥ်တွေ အဆမတန်များပြားလာခဲ့ပြီး အစီးရေ သောင်းချီရှိနေပြီဖြစ်ကြောင်း သုံးဘီးယာဥ်မောင်းတွေက ပြောပါတယ်။

​နိုင်ငံအနှံ့ ဒေသအသီးသီးကနေ ရောက်ရှိလာကြတဲ့ စစ်ဘေးရှောင်တွေ၊ အခြားအလုပ်အကိုင်တွေ အဆင်မပြေကြလို့ သုံးဘီးကို အဆင်ပြေမယ်ထင်ပြီး ဝယ်ယူငှားရမ်းကာ လုပ်ကိုင်လာကြသူတွေ များပြားလာလို့ လမ်းပေါ်မှာ သုံးဘီးတွေ များပြားလာရတာဖြစ်ကြောင်း သုံးဘီးယာဥ်မောင်းတွေက ပြောပါတယ်။

“ခုက အိုးဝေ စီးမဲ့ခရီးသည် ဆယ်ယောက်ရှိရင် အိုးဝေက အစီး ငါးဆယ်လောက်ဖြစ်နေတာ”လို့ သုံးဘီးယာဥ်မောင်းတစ်ဦးကပြောပါတယ်။

အငှားမောင်းသူတွေဟာတစ်လကိုအုံနာကြေး ၄၅၀,၀၀၀ ကျပ်ခန့်ပေးရပြီး စက်သုံးဆီဖိုးမှာလည်း သွားရတဲ့အပေါ်မှာမူတည်ပြီး ၄၅၀,၀၀၀ ကျပ် ကုန်ကျကြောင်း၊ ​အင်ဂျင်ဝိုင်ဖိုးကလည်း ၆၅,၀၀၀ ကျပ်ထက်မနည်းကုန်ကျပြီး ကွမ်း၊ ဆေး၊ လက်ဖက်ရည်ဖိုး ၁၂၀,၀၀၀ကျပ်ခန််ကုန်ကြောင်း၊ ပုံသေကုန်ကျစရိတ်တင် ၁၀ သိန်းကျော် ကုန်ကျနေပြီး ဘီးပေါက်တာ၊ အပိုပစ္စည်းလဲလှယ်ရတာ၊ စက်ပြင်စရိတ်တွေ အထွေထွေပြင်ဆင်စရိတ်တွေ ပါဝင်လာပါက ကုန်ကျစရိတ်မှာ ထက်ဝက်မက ပိုမိုများပြားသွားကြောင်း သုံးဘီးယာဥ်မောင်းအချို့က ပြောပါတယ်။

ကိုယ်ပိုင်ဝယ်ယူထားသူတွေမှာလည်း သုံးဘီးတစ်စီး ကျပ်​သိန်းနှစ်ရာကျော် ရင်းနှီးမြှုပ်နှံထားရပေမဲ့ နေ့စဥ်ဝင်ငွေပုံမှန်မရှိတာကြောင့် အခက်အခဲတွေနဲ့ရင်ဆိုင်နေရကြောင်းသုံးဘီးယာဥ်မောင်းတွေက ပြောပါတယ်။

“သိန်း၂၀၀အတိုးပေးစားပြီးထိုင်နေတာမှကိုက်ဦးမယ်”လို့သုံးဘီးသမားတစ်ဦးက ပြောပါတယ်။

သုံးဘီးယာဥ်များပြားလာတဲ့အပြင်မလုံခြုံတာကြောင့် ညဘက်ထွက်သူတွေ နည်းပါးလာတာ၊ ငွေတန်ဖိုးကျဆင်းတာကြောင့် အသွားအလာနည်းပါးသွားတာတွေကလည်း သုံးဘီးယာဥ်တွေအပေါ် အနည်းနဲ့အများ ရိုက်ခတ်မှုရှိကြောင်း သိရပါတယ်။

ဒါ့အပြင် မကြာခဏလုယက်မှုတွေ၊ဖမ်းဆီးခံရမှုတွေ ဖြစ်ပွားနေတာကြောင့် သုံးဘီးသမားနဲ့ ခရီးသည်ကြားယုံကြည်မှုတွေပျောက်ဆုံးကုန်တာတွေလည်း ဖြစ်ပေါ်နေကြောင်း သုံးဘီးသမားအချို့က ပြောပါတယ်။

“ကိုယ်နဲ့သိတဲ့သူတွေပဲငှားကြတာတွေရှိတယ်”လို့သုံးဘီးယာဥ်မောင်းတစ်ဦးကပြောပါတယ်။

မန္တလေးမြို့အ​တွင်းမှာလည်း လမ်းဆုံလမ်းခွတွေမှာ သုံးဘီးယာဥ်တွေ ရပ်တန့်ထားကြပါတယ်။ သုံးဘီးယာဥ်မောင်းတွေဟာ ဖုန်းကိုပွတ်ရင်း ခရီးသည်တွေ ဖုန်းဆက်မှာကိုစောင့်မျှော်နေကြပါတယ်။ ။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်မှာ လင်မယား၂ဦး နေအိမ်အတွင်း သတ်ဖြတ်ခံထားရကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

မန္တလေးမြို့လယ်မှာ အာဏာသိမ်းစစ်တပ် တပ်စွဲထားရာနေရာအနီးက နေအိမ်တစ်အိမ် ဓါးပြတိုက်ခံရပြီး ရွှေတွေနဲ့ ငွေသားတွေ ပါသွားကြောင်း Voice Of Mandalay အဖွဲ့က ပြောပါတယ်။

သတင်း

မန္တလေးမြို့မှာ ပေါ်တာဆွဲတာတွေ ကြမ်းနေချိန် စစ်တပ်က ဇာတ်သဘင်နဲ့ စတိတ်ရှိုးဖျော်ဖြေပွဲတွေ ဆက်တိုက်ပြုလုပ်ဖို့ စီစဥ်နေကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

မန္တလေးမြို့မှာ ပုဂ္ဂလိကလုပ်ငန်းတွေက ဝန်ထမ်းစာရင်းတွေကို အာဏာသိမ်းစစ်တပ်က တောင်း​ယူလာကြောင်း ဒေသခံတွေက ပြောပါတယ်။

Facebook