Connect with us

Hi, what are you looking for?

နိုင်ငံတကာ

နီပေါမှာ တောင်ပေါ် ရေကြီးမှုအတွင်း ပျောက်ဆုံးစာရင်းကို ၁၀၀၀ ဝန်းကျင် ထပ်တိုးကြေညာ

တိဘက် ကုန်းမြင့်ဒေသနဲ့ ထိစပ်ရာ နယ်မြေတွေမှာ ရုတ်တရက် ဖြစ်ပွားခဲ့တဲ့ တောင်ပေါ် ရေကြီးမှုအတွင်း ပျောက်ဆုံးနေသူ အရေအတွက်ကို နီပေါအာဏာပိုင်တွေက ၁၀၀၀ ဝန်းကျင်လောက် တိုးမြှင့် သတ်မှတ်လိုက်ပါတယ်။

ဓာတ်ပုံ - Reuters

တိဘက် ကုန်းမြင့်ဒေသနဲ့ ထိစပ်ရာ နယ်မြေတွေမှာ ရုတ်တရက် ဖြစ်ပွားခဲ့တဲ့ တောင်ပေါ် ရေကြီးမှုအတွင်း ပျောက်ဆုံးနေသူ အရေအတွက်ကို နီပေါအာဏာပိုင်တွေက ၁၀၀၀ ဝန်းကျင်လောက် တိုးမြှင့် သတ်မှတ်လိုက်ပါတယ်။

စက်တင်ဘာ ၁၅ ရက်နေ့ထိ ပျောက်ဆုံးစာရင်းဟာ ၅၁၇၉ ဦး ရှိခဲ့ပေမယ့် စက်တင်ဘာ ၁၆ ရက်နေ့မှာတော့ လူပေါင်း ၆၁၅၀ ပျောက်ဆုံးနေတယ်လို့ ပြင်ဆင် သတ်မှတ်လိုက်တာပါ။ ဒါဟာ ဒေသအလိုက် အသစ်ရရှိလာတဲ့ အချက်အလက်တွေကို ဆန်းစစ်အတည်ပြုပြီး ပြောင်းလဲလိုက်တဲ့ ကြေညာချက်လည်း ဖြစ်ပါတယ်။

ဩဂုတ်လ ၂၆ ရက်နေ့က ဖြစ်ပွားခဲ့တဲ့ ရေကြီးမှုအပြီး ပျောက်ဆုံးနေသူတွေ အရေအတွက်နဲ့ ပတ်သက်လို့ ခရိုင် အရာရှိတွေ၊ ကွင်းဆင်း ကယ်ဆယ်ရေး အဖွဲ့တွေနဲ့ သေချာ ညှိနှိုင်းပြီး စာရင်းပြုစုနေတယ်လို့ နီပေါရဲ့ အရေးပေါ် အခြေအနေ တုံ့ပြန် ကာကွယ်ရေးဌာန ပြောရေးဆိုခွင့်ရ အမျိုးသမီး ရှန်တီ မာဟက်က ပြောကြားခဲ့ပါတယ်။

ပြန်ရှာတွေ့ထားတဲ့ ရုပ်အလောင်း အရေအတွက်ကတော့ ၁၄၀၃ ခုရှိလာပြီး ၁၀၅ ဦးကိုသာ ဘယ်သူဘယ်ဝါဆိုတာ အတည်ပြုနိုင်ပါသေးတယ်။ တိဘက်ပိုင်နက်ဖက်မှာတော့ သေဆုံးသူ ၄၃ ဦးနဲ့ ပျောက်ဆုံးစာရင်း ၅၁၉ ဦးရှိကြောင်း တရုတ် အာဏာပိုင်တွေက ကြေညာထားပါတယ်။

Public Service Announcement

Public Service Announcement

ဟိမဝန္တာ တောင်စဉ်တန်းတွေနဲ့ ဆက်စပ်တည်ရှိတဲ့ ရေခဲတောင်ကြီးတစ်ခု ကျိုးပျက်ရာက နီပေါ-တိဘက် နယ်စပ်မှာ ရေကြီးခဲ့တာပါ။ အခုတော့ နှစ်ဖက် ကြေညာချက်အရ ဒီကပ်ဘေးကြီးအပြီး သေဆုံးသူ ၁၄၄၆ ဦး အတည်ပြုထားပြီး ၆၆၆၉ ဦး ပျောက်ဆုံးနေပါတယ်။

အခင်းဖြစ်ချိန်က အဲဒီနယ်စပ်ဒေသမှာ ဟိန္ဒူ ဘာသာရေး ပွဲတော်တစ်ခုရော၊ ခြေလျင်တောင်တက် စုပေါင်းခရီးစဉ် တစ်ခုပါ ရှိနေတာကြောင့် နိုင်ငံခြားသား ဘုရားဖူးတွေနဲ့ ခြေလျင်တောင်တက်သမားတွေပါ စုဝေးနေခဲ့ပြီး ပျောက်ဆုံးစာရင်းမှာ နိုင်ငံခြားသား ရာနဲ့ချီ ပါဝင်နေပါတယ်။

ရုတ်တရက် စီးဆင်းလာတဲ့ တောင်ကျရေတွေကြောင့် နီပေါမှာ ရွာလုံးကျွတ် ပျောက်ကွယ်သွားတဲ့ အခြေအနေမျိုးတွေပါ ကြုံခဲ့ရပါတယ်။ အဲဒီ ကပ်ဘေးကြီးအတွင်း ထိခိုက်ပျက်စီးမှု ပမာဏဟာ ဒေါ်လာ ၄.၇၈ ဘီလီယံလောက်ထိ များပြားနိုင်ကြောင်း နီပေါအစိုးရက ခန့်မှန်းထားပါတယ်။

ကိုးကား: AFP

ဆက်စပ်သတင်းများ

အတွေးအမြင်

UFC ဖိုက်တာဂျိုရှာဗန် နဲ့ ပန်တိုဂျာတို့ရဲ့ မ​ကျေပွဲ ချန်ပီယံခါးပတ်လုပွဲဒီတစ်ပါတ်ကြိုးဝိုင်းထဲမှာ ထိုးသတ်ဖို့ရှိပြီး ချန်ပီယံအစစ်က ဘယ်သူလဲဆိုတာ မကြာမီ အဖြေပေါ်ပါလိမ့်မယ်။ပြည်တွင်း နိုင်ငံရေးစင်မြင့်ပေါ်မှာတော့ ရေဘေးအကြောင်းပြုပြီး အမျိုးသားညီညွတ်​ရေးအစိုးရ-NUGနဲ့ အာဏာသိမ်းစစ်ကောင်စီတို့ကြား ဩဂုတ်လဆန်းက‌နေ စက်တင်ဘာလဆန်းအထိ ထိပ်တိုက်တွေ့ခဲ့ပါတယ်။

နိုင်ငံတကာ

တိဘက်ကုန်းမြင့်နဲ့ နယ်စပ်မှာ ဖြစ်ပွားခဲ့တဲ့ ရုတ်တရက် ရေကြီးမှုကြီးအတွင်း သေဆုံး၊ ပျောက်ဆုံးခဲ့သူတွေအတွက် နိုင်ငံတော်အဆင့် ဝမ်းနည်းကြေကွဲမှု နေ့တစ်နေ့ကို နီပေါ အစိုးရက သတ်မှတ်ခဲ့ပါတယ်။

ဆောင်းပါး

နိပေါ ရေဘေးကနေ တိဘက်ရဲ့ မဟာဆည်၊ အိန္ဒိယရဲ့ တန်ပြန်စီမံကိန်းနဲ့ ဘင်္ဂလားဒေ့ရှ်ရဲ့ ရေအနာဂတ်

နိုင်ငံတကာ

တိဘက်-နီပေါနယ်စပ် တောင်ပေါ်ရေကြီးမှုတွေအပြီး ရွှံ့တွေအောက်မှာ ၁၀ ရက်နီးပါးလောက် ပိတ်မိနေခဲ့တဲ့ ရေအားလျှပ်စစ်စက်ရုံ ဝန်ထမ်းနှစ်ဦးကို နီပေါ ကယ်ဆယ်ရေး အဖွဲ့တွေက အောင်အောင်မြင်မြင် ကယ်ထုတ်နိုင်ခဲ့ပါတယ်။