Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ယီမင်မှာ ဆော်ဒီ F-15 တိုက်လေယာဉ်ကို ပစ်ချခဲ့ကြောင်း ဟိုသီတွေ ထုတ်ပြန်

ယီမင် လေပိုင်နက်ထဲ ဝင်ရောက်လာတဲ့ ဆော်ဒီအာရေးဘီးယားရဲ့ F-15 တိုက်လေယာဉ် တစ်စီးကို ပစ်ချနိုင်ခဲ့ကြောင်း ယီမင်အခြေစိုက် ဟိုသီ ပြောက်ကျားတပ်တွေက ကြေညာခဲ့ပါတယ်။

ဓာတ်ပုံ - Getty Images

ယီမင် လေပိုင်နက်ထဲ ဝင်ရောက်လာတဲ့ ဆော်ဒီအာရေးဘီးယားရဲ့ F-15 တိုက်လေယာဉ် တစ်စီးကို ပစ်ချနိုင်ခဲ့ကြောင်း ယီမင်အခြေစိုက် ဟိုသီ ပြောက်ကျားတပ်တွေက ကြေညာခဲ့ပါတယ်။

ပြီးတော့ ဆော်ဒီအလံပုံကို ထည့်သွင်း ဆေးခြယ်ထားတဲ့ F-15 တိုက်လေယာဉ်ရဲ့ မီးလောင်ထားတဲ့ အမြီးပိုင်း အပျက်အစီးနားမှာ လက်နက်ကိုင်တွေ စုဝေးပြီး ရပ်နေပုံတွေကိုလည်း ဟိုသီတွေက ထုတ်ပြန်ခဲ့ပါတယ်။

အဲဒီသတင်းသာ အမှန်ဖြစ်မယ်ဆိုရင် အီရန်က ကျောထောက်နောက်ခံ ပေးထားတဲ့ လက်နက်ကိုင် တပ်ဖွဲ့နဲ့ ဆော်ဒီ အစိုးရကြားက စစ်ရေးပဋိပက္ခဟာ လျင်လျင်မြန်မြန် ကြီးထွားလာနေတာကို မီးမောင်း ထိုးပြနေပါတယ်။

ဟိုသီတွေဟာ ယီမင်နိုင်ငံ မြောက်ပိုင်းနဲ့ အနောက်ပိုင်း နယ်မြေအများစုကို ထိန်းချုပ်ထားပြီး နိုင်ငံတကာ အသိအမှတ်ပြု ယီမင်အစိုးရကို တိုက်ခိုက်နေပါတယ်။ ယီမင်ပြည်တွင်းစစ်မှာ ဆော်ဒီကတော့ အစိုးရဖက်ကနေ အင်တိုက်အားတိုက် ကူညီပေးနေပါတယ်။ ပြီးခဲ့တဲ့ ရက်ပိုင်းမှာတော့ ဟိုသီတွေဟာ ယီမင်ရဲ့ ပင်လယ်နီ ကမ်းရိုးတန်း တလျှောက်လုံးကို ထိန်းချုပ်လိုက်ပြီး ဆော်ဒီ ရေနံတင် သင်္ဘောတွေကို ပိုမို ခြိမ်းခြောက်လာသလို ယီမင်နဲ့ ဆော်ဒီကြား စစ်ရေးပဋိပက္ခကလည်း ပိုပြင်းထန်လာပါတယ်။

Public Service Announcement

Public Service Announcement

ဆော်ဒီ တော်ဝင်လေတပ်ရဲ့ အမေရိကန်လုပ် တိုက်လေယာဉ်ဟာ ယီမင်နိုင်ငံရဲ့ မာရစ်ဘ်ဒေသမှာ စစ်ဆင်ရေးတစ်ခု လုပ်ဆောင်နေတုန်း ပစ်ချခံခဲ့ရတာလို့ ဟိုသီတွေရဲ့ စစ်ဘက် ပြောရေးဆိုခွင့်ရ ပုဂ္ဂိုလ် ယာဟ်ယာ ဆာရီက ဆိုပါတယ်။ သူက ယီမင်မှာ ပြည်တွင်းဖြစ် ထုတ်လုပ်တဲ့ ဒုံးကျည် တစ်မျိုးနဲ့ F-15ကို ပစ်ချခဲ့တာလို့ ပြောပေမယ့် အသုံးပြုခဲ့တဲ့ စစ်လက်နက် အမျိုးအစားကိုတော့ တိတိကျကျ မှတ်ချက် မပေးခဲ့ပါဘူး။

မာရစ်ဘ်ဟာ ယီမင်အလယ်ပိုင်းမှာ တည်ရှိပြီး မဟာဗျူဟာအရ အချက်အခြာကျတဲ့ ဒေသတစ်ခု ဖြစ်ပါတယ်။ မာရစ်ဘ် ကောင်းကင်ယံမှာ ပျံသန်းနေတဲ့ ဆော်ဒီ F-15ကို ပစ်ချပြီးတဲ့နောက် ဆော်ဒီရဲ့ F-15နဲ့ Eurofighter Typhoon တိုက်လေယာဉ် အုပ်တွေဟာ အဲဒီနယ်မြေထဲ ပျံသန်းဝင်ရောက်လာပြီး လေယာဉ်ပျက် နေရာကို လိုက်ရှာခဲ့တယ်လို့လည်း ဟိုသီတွေက ဆိုပါတယ်။

ဆော်ဒီစစ်တပ်ကတော့ F-15 တိုက်လေယာဉ်တစ်စီး ယီမင်မှာ ဆုံးရှုံးခဲ့တယ် ဆိုတာကို အတည်မပြုသေးပါဘူး။ ဟိုသီတွေက သူတို့တွေ ပစ်ချခဲ့တာဟာ F-15 မျိုးကွဲတွေထဲမှာ နည်းပညာ အဆင့်အမြင့်ဆုံး F-15SA တစ်စီးလို့ အခိုင်အမာ ပြောပါတယ်။ အဲဒီ တိုက်လေယာဉ်တွေဟာ တစ်စီးကို ဒေါ်လာ သန်း ၁၁၀ လောက် တန်ဖိုးရှိနိုင်ပါတယ်။

ဆော်ဒီရဲ့ တိုက်လေယာဉ်ကို ပစ်ချခဲ့တယ်လို့ ဟိုသီတွေက ပြောပေမယ့် လေယာဉ်မှူး နှစ်ယောက်နဲ့ ပတ်သက်လို့တော့ ဘာမှ မထုတ်ပြန်သေးပါဘူး။ လေယာဉ်မှူးတွေဟာ လေထီးနဲ့ ခုန်ထွက်ပြီး လွတ်မြောက်ခဲ့သလား၊ လေယာဉ်ကို ဒုံးကျည် ထိမှန်ချိန်မှာ သေဆုံးခဲ့သလား ဆိုတာကိုလည်း မသိရသေးပါဘူး။

ဆော်ဒီဟာ အမေရိကန်ရဲ့ Boeing ကုမ္ပဏီဆီကနေ အသစ်မှာယူထားတဲ့ F-15SA ၈၄ စီးအပြင် F-15S အဟောင်းတွေကို အဆင့်မြှင့်တင်ထားတဲ့ နောက်ထပ် F-15SA အစီး ၇၀ လောက် ပိုင်ဆိုင်ထားပါတယ်။

ကိုးကား: Wall Street Journal

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အစ္စလာမ်မစ် ဘာသာရေးရဲ့ အထွဋ်အမြတ် နယ်မြေဖြစ်တဲ့ မက္ကာမြို့ကို ဟိုသီတွေက တိုက်ခိုက်ဖို့ ကြိုးစားခဲ့ကြောင်း ဆော်ဒီအာရေးဘီးယားက စွပ်စွဲ ပြောကြားလိုက်ပါတယ်။

နိုင်ငံတကာ

ယီမင်အခြေစိုက် ဟိုသီပြောက်ကျား တပ်ဖွဲ့တွေဟာ နိုင်ငံရဲ့ ပင်လယ်နီ ကမ်းရိုးတန်း ဒေသတလျှောက်လုံးကို ထိန်းချုပ်လိုက်ပြီ ဖြစ်ပါတယ်။

နိုင်ငံတကာ

ယီမင်နိုင်ငံမှာ မဟာဗျူဟာအရ အရမ်း အချက်အခြာကျတဲ့ ဆိပ်ကမ်းမြို့ တစ်ခုကို ဟိုသီ ပြောက်ကျားတပ်တွေက သိမ်းယူလိုက်ကြောင်း သတင်းတွေ ထွက်ပေါ်လာပါတယ်။

နိုင်ငံတကာ

ယီမင် အခြေစိုက် ဟိုသီ ပြောက်ကျားတပ်ဖွဲ့ရဲ့ တိုက်ခိုက်မှုတွေကြောင့် လူ ၇၀ ကျော် ဒဏ်ရာရခဲ့ကြောင်း ဆော်ဒီ အာရေးဘီးယားက ထုတ်ပြန်ခဲ့ပါတယ်။