Connect with us

Hi, what are you looking for?

သတင်း

ဒုက္ခသည်အရေးဆွေးနွေးဖို့ မင်းအောင်လှိုင်ကိုဖိတ်ခေါ်မယ်လို့မလေးရှားဝန်ကြီးချုပ်ဆို

မ​​လေးရှား​က သူ့နိုင်ငံ​ရောက်​နေတဲ့ရိုဟင်ဂျာနှစ်သိန်း​လောက်ကို မြန်မာကိုပြန်ပို့ချင်​နေတာဖြစ်ပါတယ်။

ဓာတ်ပုံ - Reuters

စက်တင်ဘာ-၁၇၊၂၀၂၆။People’s Spring

ရိုဟင်ဂျာဒုက္ခသည်တွေကို နေရပ်ပြန်ပို့ရေး ကိစ္စဆွေးနွေးဖို့အာဏာသိမ်းမြန်မာစစ်ခေါင်းဆောင်မင်းအောင်လှိုင်ကို တရားဝင် ဖိတ်ကြားသွားမယ်လို့ မလေးရှား ဝန်ကြီးချုပ် အန်ဝါ အီဘရာဟင်က ပြောပါတယ်။

မလေးရှားကို ရောက်နေတဲ့ ရိုဟင်ဂျာ ဒုက္ခသည် နှစ် သိန်းကို မြန်မာနိုင်ငံ ပြန်ပို့ရေးအတွက် ရေရှည် အလုပ်ဖြစ်မယ့် ဖြေရှင်းမှု တစ်ခုကို သံတမန်ရေးအရ ရှာဖွေသွားလိုကြောင်း အန်ဝါက ဆိုပါတယ်။ မလေးရှားရောက် ရိုဟင်ဂျာ ဒုက္ခသည်တွေနဲ့ ဒေသခံ လူ့အဖွဲ့အစည်းကြားက ပဋိပက္ခတွေဟာ အန်ဝါရဲ့ အစိုးရအတွက် ခေါင်းစားစရာ စိန်ခေါ်မှုတစ်ခု ဖြစ်လာနေပါတယ်။

အစောပိုင်း ဆွေးနွေးမှုတွေအရ မြန်မာစစ်တပ်ဟာ မလေးရှားရောက် ရိုဟင်ဂျာတွေထဲက ဒုက္ခသည် အယောက် ၅,၀၀၀ လောက်ကို ပြန်လက်ခံဖို့ သဘောတူထားပြီး ပထမအသုတ် ၁,၅၀၀ ဝန်းကျင်လောက်ကို လာမယ့် နှစ်ပတ်အတွင်း မြန်မာဆီ ပြန်ပို့ဖွယ်ရှိတယ်လို့ အန်ဝါက ပြောကြားခဲ့ပါတယ်။ပြန်ပို့တဲ့အခါမှာလည်းစရိတ်ကို မလေးရှားက ကျခံမယ်လို့ ဆိုပါတယ်။

Public Service Announcement

Public Service Announcement

မင်းအောင်လှိုင်ကို သူဖိတ်ကြားထားကြောင်း၊ သူ့အနေနဲ့ မင်းအောင်လှိုင်နဲ့ မိတ်ဆွေ ဖြစ်လို့ ရသလို နှစ်ဖက်ကြား ကုန်သွယ်လို့လည်း ရတယ်ဆိုတာကို ရှင်းရှင်းလင်းလင်း အသိပေးချင်ကြောင်း၊ ဒါပေမဲ့ မြန်မာဖက်ကတော့ ဒုက္ခသည်တွေကို ကျိန်းသေပေါက် ပြန်လက်ခံရမှာဖြစ်ကြောင်း အန်ဝါက ဆိုပါတယ်။

မြန်မာအနေနဲ့ လူ ၁ သိန်း၊ ၂ သိန်းလောက်ကို ချက်ချင်းပြန်လက်ခံဖို့ အဆင်မပြေဘူး ဆိုရင်တောင် အဆင့်တွေခွဲပြီး ပြန်ခေါ်ဖို့တော့ လိုတယ်လို့ အန်ဝါက စက်တင်ဘာ ၁၆ ရက်နေ့မှာ ပြောကြားခဲ့ပါတယ်။

မလေးရှား အစိုးရ အဖွဲ့ထဲမှာ ဘဏ္ဍာရေး ဝန်ကြီးတာဝန်ကိုပါ ပူးတွဲယူထားတဲ့ အန်ဝါက ရိုဟင်ဂျာဒုက္ခသည်တွေကို ပြန်ပို့ချိန်မှာ လိုအပ်တဲ့ အဝတ်အထည်၊ ရိက္ခာ၊ လှေငှားခနဲ့ တခြားကုန်ကျစရိတ်တွေကို မလေးရှားက စိုက်ထုတ် ကျခံပေးဖို့ ဆန္ဒရှိကြောင်းလည်း ဆိုပါတယ်။

မလေးရှားကို ဒုက္ခသည်တွေ အစုအပြုံလိုက် ဝင်ရောက်လာခဲ့တာဟာ အရင်အစိုးရတွေရဲ့ ဆုံးဖြတ်ချက်တွေ၊ မူဝါဒတွေ ဖြစ်တယ်လို့လည်း အန်ဝါက ဆိုပါတယ်။ သူတို့ကို တခြားသူတွေက ခေါ်သွင်းလာတာ ဖြစ်ပေမယ့် အခုအချိန်မှာတော့ ဘယ်သူ့ကိုမှ အပြစ်မတင်ချင်တော့ကြောင်း၊ ဒါပေမဲ့ အခုအခါ ဒုက္ခသည်တွေက မလေးရှားအတွက် ဝန်ထုပ်ဝန်ပိုး ဖြစ်လာနေပြီး ဒါကို ကိုင်တွယ်ဖို့ မလေးရှားဟာ သံတမန်ရေး နည်းလမ်းတွေကို ထည့်စဉ်းစားနေကြောင်း အန်ဝါက ပြောကြားသွားပါတယ်။

ရိုဟင်ဂျာဒုက္ခသည် ၅,၀၀၀ လောက်ကို မြန်မာကပြန်လက်ခံဖို့ သဘောတူထားတယ် ဆိုတာကို ဇူလိုင်လမှာ အန်ဝါက ထုတ်ပြောခဲ့တာပါ။ ဒါဟာ ရိုဟင်ဂျာ အရေးကို ကိုင်တွယ်ဖို့ရော၊ မလေးရှားရဲ့ တည်ငြိမ်မှုကို ထိန်းသိမ်းထားဖို့ အတွက်ပါ အရေးကြီးတဲ့ ကနဦး ခြေလှမ်းတစ်ခုလို့လည်း အန်ဝါက မှတ်ချက်ပေးသွားပါတယ်။

အရှေ့တောင်အာရှဒေသတွင်းမှာတော့မလေးရှားဟာရိုဟင်ဂျာဒုက္ခသည်အရေအတွက်အများဆုံး ခိုလှုံနေတဲ့ နိုင်ငံတစ်ခု ဖြစ်ပါတယ်။

ဒါ့အပြင် ကရိုဟင်ဂျာတွေရဲ့ ဒုက္ခကို အသိအမှတ်ပြုပေမယ့် မလေးရှားအနေနဲ့ သူတို့ကို အမြဲတမ်း လက်ခံထားနိုင်မှာမဟုတ်ဘူး “သူတို့ကို နေရပ်ပြန်ပို့ဖို့ လိုတယ်” လို့ ပြောပါတယ်။

ရိုဟင်ဂျာ​တွေကို ပြန်ပို့ဖို့အ​​ရေး​ဆွေး​နွေးဖို့အတွက် မင်း​အောင်လှိုင်ဖိတ်ကြားမယ့်အစီအစဥ်နဲ့ပတ်သတ်ပြီး​တော့ စစ်အုပ်စုကိုအကြောင်းပြချက်မရှိဘဲ အသိအမှတ်ပြုပြီး ညှိနှိုင်းဆွေးနွေးသွားမှာတော့ မဟုတ်ဘူးလို့လည်း ​ပြောကြားတယ်လို့ ရိုက်တာသတင်းဌာနက​ဖော်ပြပါတယ်။

ကိုးကား – FMT

ဆက်စပ်သတင်းများ

သတင်း

အမေရိကန် စီးပွားရေး လုပ်ငန်းရှင် တစ်ဦးကို ပြည်နှင်ဒဏ်​ပေးလိုက်ကြောင်း အာဏာသိမ်း စစ်တပ်က ထုတ်ပြန်ပါတယ်။

သတင်း

အမေရိကန် သမ္မတရဲ့ ညွှန်ကြားချက်အရ မြန်မာ အပါအဝင်နိုင်ငံ​ပေါင်း ၂၃ ခုကို ၂၀၂၇ ဘဏ္ဍာရေးနှစ်အတွက် တရားမဝင် မူးယစ်ဆေးဝါးထုတ်လုပ်ရာ၊ ဖြတ်သန်းသယ်ယူ ပို့ဆောင်ရာနိုင်ငံတွေအဖြစ်သတ်မှတ်ကြောင်းအမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာနကစက်တင်ဘာ ၁၅ ရက်မှာထုတ်ပြန်ခဲ့ပါတယ်။

ဆောင်းပါး

အမေရိကန် သမ္မတ ဒေါ်နယ်ထရန့်က မြန်မာနိုင်ငံကို ကမ္ဘာ့တရားမဝင် မူးယစ်ဆေးဝါး အဓိက ထုတ်လုပ်ရာနှင့် သယ်ယူဖြန့်ဖြူးရာ နိုင်ငံတစ်ခုအဖြစ် သတ်မှတ်လိုက်ကြောင်း အိမ်ဖြူတော်ကကြေညာချက်ထုတ်ပြန်လိုက်ပါတယ်။

အတွေးအမြင်

မင်းအောင်လှိုင်ရဲ့ နိုင်ငံခြားခရီးစဉ်တွေဟာ သံတမန်ရေးထိုးစစ်လို ပုံဖော်နေပေမဲ့ လက်တွေ့မှာတော့ ဘာတရားဝင်မှုမှ မရဘဲ အိမ်နီးချင်းတွေရဲ့ ကိုယ်ပိုင်အကျိုးစီးပွားနဲ့ နိုင်ငံရေးအရ ရှောင်လွှဲလိုတဲ့ လှည့်ကွက်တွေကြားက အဖော်မဲ့ခရီးတစ်ခုသာ ဖြစ်ပါတယ်။