အောက်တိုဘာ-၂၊၂၀၂၆။ဇော်ရမ်း/People’s Spring
ကချင်ပြည်နယ်၊ ပူတာအိုရေခဲတောင်ဒေသမှာဆေးမြစ်ရှာတဲ့ညီအစ်ကိုနှစ်ဦးအပါအဝင်သုံးဦးတောင်ပေါ်ကနေပြုတ်ကျပြီးသေဆုံးခဲ့တယ်လို့ ဒေသခံအချို့ကပြောပါတယ်။
ခနောင်မွန်မြို့နယ်၊မခွမ်ကျေးရွာကညီအစ်ကိုနှစ်ဦးနဲ့ ကဆန်ခူးကျေးရွာကအမျိုးသားတဦးဟာ စက်တင်ဘာလ၂၉ရက်နေ့နဲ့ စက်တင်ဘာလ၃၀ရက်နေ့မှာတောင်ပေါ်ကနေပြုတ်ကျသေဆုံးခဲ့တာလို့ သိရပါတယ်။
ဒေသခံတွေက ရုပ်အလောင်းလိုက်လံရှာဖွေခဲ့ကြပြီး ပြန်လည်တွေ့ရှိခဲ့တယ်လို့လည်း သေဆုံးသူတွေရဲ့သူငယ်ချင်းအချို့ကပြောပါတယ်။

Public Service Announcement
ပူတာအို ရေခဲတောင်ဒေသဟာဝေးလံခေါင်ဖျားဒေသဖြစ်ပြီး လမ်းပန်းဆက်သွယ်ရေးအလွန်ခက်ခဲပါတယ်။ဒေသခံတွေဟာ အသက်မွေးဝမ်းကြောင်းအတွက် တောင်ယာစိုက်ပျိုးခြင်းနဲ့ ဆေးမြစ်ရှာဖွေခြင်းလုပ်ငန်းတွေလည်း လုပ်ဆောင်ကြပါတယ်။
ရှီးပဒီးအပါအဝင် ဆေးဖက်ဝင်အပင်တွေ၊ သဘာဝသစ်ဥသစ်ဖု ၊သစ်မြစ်တွေထွက်ရှိပြီး တောင်နံရံတွေမှာလိုက်ပြီး တူးဖော်ရှာဖွေတဲ့ လုပ်ငန်း တွင်ကျယ်ပါတယ်။တောင်ကမ်းပါး၊ချိုင့်ဝှမ်း၊တောင်ထိပ်လို အန္တရာယ်များတဲ့နေရာတွေထိလိုက်လံရှာဖွေရတာကြောင့် ပြုတ်ကျသေဆုံးတဲ့ ဖြစ်ရပ်တွေလည်း နှစ်စဥ်ရှိနေပါတယ်။



















































