နိုဝင်ဘာ-၁၉၊ ၂၀၂၆။ ဟာနာဆန်/People’s Spring
မန္တလေးတိုင်း၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်က ရွှေမင်းဝန်နတ်ပွဲမှာ လောင်းကစားဝိုင်းတွေ ထောင်ပေးထားတဲ့ ပျူစောထီးနဲ့အဖွဲ့ကိုPDF တွေကစားပွဲထိုးဟန်ဆောင်ပြီး အနီးကပ်ဝင်ရောက်ပစ်ခတ်ရာပျူခေါင်းဆောင်အပါအဝင် ပျူတွေ၊ရဲတွေအပါအဝင် စစ်အုပ်စုဝင်၉ ဦးသေဆုံးခဲ့ကြောင်း ကျောက်ဆည်ခရိုင် အမှတ်(၁)တပ်ရင်း တာဝန်ရှိသူက ပြောပါတယ်။
နိုဝင်ဘာ ၁၈ ရက် ည ၉ နာရီခွဲခန့်က မြစ်သားမြို့နယ်၊ရွှေမင်းဝန်ရွာနတ်ပွဲမှာ လောင်းကစားဝိုင်းတွေ ဦးစီးဖွင့်ထားတဲ့ ပျူစောထီးခေါင်းဆောင် လှဝင်းအပါအဝင် ရဲတွေနဲ့ ပျူစောထီးတွေဟာ ပွဲစျေးမှာ လက်ဖက်ရည်ဆိုင်ထိုင်နေချိန် ကျောက်ဆည်ခရိုင် အမှတ်(၁) တပ်ရင်းက PDFရဲဘော် ၃ ဦးက ဝင်ရောက်ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း အဆိုပါ အမှတ်(၁)တပ်ရင်းမှ တာဝန်ရှိသူက ပြောပါတယ်။
အဲဒီတိုက်ခိုက်မှုကြောင့် ပျူစောထီးခေါင်းဆောင် လှဝင်း နဲ့ ပျူစောထီးတွေ၊ ရဲတွေ အပါအဝင် ၉ ဦး သေဆုံးခဲ့ပြီး ၂ ဦး ပြင်းထန်ဒဏ်ရာရရှိခဲ့ကြောင်း အထက်ပါတာဝန်ရှိသူက ပြောပါတယ်။

Public Service Announcement
“ပွဲတခုရှိရင် ဇာတ်ငှားတယ်။ လောင်းကစားဝိုင်းတွေ ထည့်တယ်။ ငွေကြေးကများလာတယ်။ အင်အားတော်များလာတာ။ အဲဒီ ရွှေမင်းဝန်ရွာဘုရားပွဲနားမှာကို ပျူသင်တန်းပေးသေးတယ်။ လောင်းကစားဝိုင်းက သူပြီးရင်အကုန်ပြီးတယ်။ ရဲဘော်တွေက စားပွဲထိုးအနေနဲ့ကပ် အနီးကပ်တေ့ပစ်တာ။ လက်နက်မကောက်နိုင်ဘူး”လို့ ကျောက်ဆည်ခရိုင် အမှတ်(၁) တပ်ရင်း တာဝန်ရှိသူက ပြောပါတယ်။
ပစ်ခတ်မှု ဖြစ်ပွားပြီးနောက် ပွဲတော်ကို စစ်တပ်က ပိတ်ပင်လိုက်ပြီး အင်အားတွေလည်း ထပ်တိုးချထားကြောင်း သိရပါတယ်။ စျေးသည်တွေလည်း ကြောက်လန့်တာကြောင့် ဆိုင်သိမ်းကာ ပြန်သွားကြောင်း ဒေသခံတွေက ပြောပါတယ်။
ကျောက်ဆည်ခရိုင်တပ်ရင်း (၁)ဟာ စစ်ဆင်ရေးတွေ ဆက်လက်ပြုလုပ်မှာ ဖြစ်တဲ့အတွက် ပြည်သူတွေ စစ်အုပ်စုနဲ့ ဝေးရာမှာ နေထိုင်ကြဖို့ သတိပေးထားပါတယ်။

























































