Connect with us

Hi, what are you looking for?

သတင်း

တနင်္သာရီမြစ်ရေ စိုးရိမ်ရေမှတ်ထက် ၂ ပေကျော်နေဆဲ

တနင်္သာရီမြစ်ရေဟာ ပြန်လည်ကျဆင်းနေပေမယ့် တနင်္သာရီမြို့ရဲ့ စိုးရိမ်ရေမှတ်ထက် ၂ ပေကျော် မြင့်တက်နေဆဲဖြစ်ပြီး မြိုခံတွေရေဘေးရင်ဆိုင်နေရဆဲ ဖြစ်ပါတယ်။

(တနင်္သာရီမြစ်နဲ့ တနင်္သာရီမြို့ရေကြီးနေတာကို ဝေဟင်က မြင်တွေ့ရစဉ်။ ဓာတ်ပုံ - Nay Lin Htet/Fb)

အောက်တိုဘာ -၅၊၂၀၂၆။ရွှေပြည်စိုး/People’s Spring

တနင်္သာရီမြစ်ရေဟာ ပြန်လည်ကျဆင်းနေပေမယ့် တနင်္သာရီမြို့ရဲ့ စိုးရိမ်ရေမှတ်ထက် ၂ ပေကျော် မြင့်တက်နေဆဲဖြစ်ပြီး မြိုခံတွေရေဘေးရင်ဆိုင်နေရဆဲ ဖြစ်ပါတယ်။

ဒီနေ့ အောက်တိုဘာလ ၅ရက် မနက်ပိုင်းမှာ တနင်္သာရီမြစ်ရေဟာ ၁၉ပေအထိမြင့်နေပြီး ဒါဟာ စိုးရိမ်ရေမှတ်ထက် ၂ပေကျော်မှာ ရှိနေတာပါ။ တနင်္သာရီမြစ်ရေဟာ တနင်္သာရီမြို့ရဲ့ စိုးရိမ်ရေမှတ်အဖြစ် ၁၇ပေ သတ်မှတ်ထားတာပါ။

” ရေက ပြန်ကျနေပါတယ်။ ဒါပေမယ့် ရေမြုပ်နေတဲ့ နေရာတွေ ရှိနေသေးတယ်။ အရင်ရက်က ရေက များထားတော့ ပျက်စီးထိခိုက်တာတွေများတယ်”လို့ မြို့ခံတစ်ဦးကပြောပါတယ်။

Public Service Announcement

Public Service Announcement

ပြီးခဲ့တဲ့ အောက်တိုဘာ ၁ ရက်က တနင်္သာရီမြစ်ရေဟာ တနင်္သာရီမြို့မှာ ပေ ၃၀နဲ့ ၂လက်မအထိ ‌မြင့်တက်ခဲ့ပြီး တစ်မြို့လုံး ရေကြီးနစ်မြုပ်ခဲ့ပါတယ်။

တနင်္သာရီမြစ်ရေဟာ ယခင် မှတ်တမ်းတွေအရ အမြင့်ဆုံးရေမှတ်အဖြစ် ၁၉၉၄မှာ ၃၆ပေ ၄လက်မအထိမြင့်တက်ခဲ့ပြီး ဒုတိယအမြင့်ဆုံးအဖြစ် ၂၀၂၄ မှာ ၃၁ ပေအထိ မြင့်တက်ခဲ့ဖူးပါတယ်။ ၂ကြိမ်စလုံးမှာ ရေဘေးဒဏ်ကို တနင်္သာရီမြို့နယ်လုံးကျွတ် ကြုံတွေ့ခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ထိုင်းနိုင်ငံဖက်က လေဖိအားနည်းရပ်ဝန်းအရှိန်ကြောင့် တနင်္သာရီတိုင်းအတွင်း လောင်းလုံး၊ ထားဝယ်၊ သရက်ချောင်း၊ ရေဖြူ၊ မြိတ်မြို့နယ်တွေမှာ စက်တင်ဘာ၂၆ရက်ကစတင်ကာ ရေဘေးကြုံတွေ့ခဲ့ပါတယ်။

လောင်းလုံးနဲ့ သရက်ချောင်းမြို့ဟာ ရေဘေးနဲ့ မြေပြိုမှုအဆိုးဆုံးကြုံတွေ့နေပြီး ဒေသခံတွေဟာ အကူအညီတွေ လိုအပ်နေပါတယ်။ တောင်ပြိုမှုနဲ့ ရေကြီးရေလျှံမှုကြောင့် ထားဝယ်ဒေသတစ်ခုလုံးမှာ စုစုပေါင်း ၃၂ ဦးသေဆုံးကြောင်း အတည်ပြုထားနိုင်ပြီး လူနေအိမ်နဲ့ ဘာသာရေးအဆောက်အဦးတွေ အပါအဝင် အဆောက်အဦးပေါင်း ၃၀၀ ဝန်းကျင်၊ ငါးဖမ်းလှေအစီးရေ ၅၀ ဝန်းကျင် ပျက်စီးဆုံးရှုံးခဲ့ရတယ်လို့ ထားဝယ်အမျိုးသားအဖွဲ့ချုပ်ကထုတ်ပြန်ထားပါတယ်။

အပျက်အစီးစာရင်း ဆက်လက်တိုးလာနိုင်ပြီး ဒေသခံတွေအတွက် အကူအညီတွေလိုအပ်နေတယ်လို့ ထုတ်ပြန်ထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ထိုင်းနိုင်ငံနှင့် နယ်စပ်မြို့များဖြစ်သောမြဝတီနှင့်တာချီလိတ်မြို့တွင်သောင်ရင်းနှင့် မဲဆိုင်ချောင်းရေ စိုးရိမ်ရေမှတ်အထက်၌ကျော်လွန်နေ၍ရေဘေးကြုံတွေ့နေပြီးလက်ရှိတွင်ကရင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ပဲခူးတိုင်း နှင့် ဧရာဝတီတိုင်းမှ ‌မြစ်လေးစင်း စိုးရိမ်ရေမှတ်အထက်၌ မြင့်တက်နေသည်။

News

မိုးသည်းထန်စွာရွာသွန်းခဲ့မှုကြောင့် ဒီကနေ့ မြဝတီမြို့က အနိမ့်ပိုင်းရပ်ကွက်တွေမှာ ရေကြီးရေလျှံမှုတွေ ဖြစ်ပွါးခဲ့ပြီး ရပ်ကွက်နေပြည်သူတွေတချို့ဟာ စာသင်ကျောင်းတွေမှာ ယာယီခိုလှုံနေရတယ်လို့ သိရပါတယ်။

Trending

Facebook