Connect with us

Hi, what are you looking for?

သတင်း

မြစ်လေးစင်း စိုးရိမ်ရေမှတ်အထက်ကျော်လွန်၊ မြစ်သုံးစင်း စိုးရိမ်ရေမှတ်အနီးရောက်နေ

ထိုင်းနိုင်ငံနှင့် နယ်စပ်မြို့များဖြစ်သောမြဝတီနှင့်တာချီလိတ်မြို့တွင်သောင်ရင်းနှင့် မဲဆိုင်ချောင်းရေ စိုးရိမ်ရေမှတ်အထက်၌ကျော်လွန်နေ၍ရေဘေးကြုံတွေ့နေပြီးလက်ရှိတွင်ကရင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ပဲခူးတိုင်း နှင့် ဧရာဝတီတိုင်းမှ ‌မြစ်လေးစင်း စိုးရိမ်ရေမှတ်အထက်၌ မြင့်တက်နေသည်။

မြဝတီမြို့တွင် ​ရေကြီး​နေစဥ်။ဓါတ်ပုံ-​ဒေသခံ

ဇူလိုင်-၂၄၊၂၀၂၅။လူအေး/People’s Spring

ထိုင်းနိုင်ငံနှင့် နယ်စပ်မြို့များဖြစ်သောမြဝတီနှင့်တာချီလိတ်မြို့တွင်သောင်ရင်းနှင့် မဲဆိုင်ချောင်းရေ စိုးရိမ်ရေမှတ်အထက်၌ကျော်လွန်နေ၍ရေဘေးကြုံတွေ့နေပြီးလက်ရှိတွင်ကရင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ပဲခူးတိုင်း နှင့် ဧရာဝတီတိုင်းမှ ‌မြစ်လေးစင်း စိုးရိမ်ရေမှတ်အထက်၌ မြင့်တက်နေသည်။

သောင်ရင်းမြစ်ရေသည်မြဝတီမြို့၏စိုးရိမ်ရေမှတ်အထက် ၉ ပေခွဲခန့် နှင့် မယ်ဆိုင်ချောင်းရေသည် တာချီလိတ်မြို့ တွင် စိုးရိမ်ရေမှတ်အထက်သို့ ပေဝက်ကျော် ​ကျော်လွန်နေခြင်းဖြစ်သည်။ ဆက်မြင့်တက်လာနိုင်၍ရေဘေးသတိပေးချက်များကို လူမှုကူညီအဖွဲ့များကဆက်လက်ထုတ်ပြန်ထားသည်။

သောင်‌ရင်းမြစ်ရေသည် မြဝတီမြို့တွင် ၁၀ စုနှစ် တစ်စုအတွင်းအမြင့်ဆုံးစံချိန်ကိုရောက်ရှိ​နေပြီး၊မြစ်​ရေဆက်တက်နိုင်​သဖြင့် ဒေသခံပြည်သူ​များ အထူးသတိထားကြရန် လူမှု​ကူညီရေးအဖွဲ့အချို့ကသတိ​ပေး​နေသည်။

Public Service Announcement

Public Service Announcement

အဆိုပါနယ်စပ်မြို့နှစ်မြို့တွင်မြို့ပေါ်ရပ်ကွက်များပါရေကြီးနေပြီး ကမ်းနားနှင့် ​မြေနိမ့်ပိုင်း​နေပြည်သူများ ​ရေ​ဘေးစတင်တိမ်း​ရှောင်​နေကြရပြီဖြစ်သည်။ထို​ကြောင့်ရေဘေးကယ်ဆယ်ရေးစခန်းများဖွင့်လှစ်ထားသည်။

လက်ရှိတွင်ပဲခူးတိုင်းအတွင်းရွှေကျင်မြစ်ရေသည် ရွှေကျင် မြို့၏ စိုးရိမ်ရေမှတ်အထက်သို့ ၂ ပေကျော်၊ စစ်တောင်းမြစ်ရေသည် မဒေါက် မြို့၏ စိုးရိမ်ရေမှတ်အထက်သို့ ၄ ပေခန့် ကျော်လွန်နေသည်။ ဧရာဝတီတိုင်း၊ ငါးသိုင်းချောင်း မြို့တွင်ငဝန်မြစ်ရေ စိုးရိမ်ရေမှတ်အထက်သို့ ၃ လက်မခန့် ကျော်လွန်နေသည်။

ဧရာဝတီမြစ်နှင့်ချင်းတွင်းမြစ်သည် ပုံမှန်ထက်မြင့်တက်နေသလို သံလွင်မြစ်ရေသည် ဘားအံမြို့ တွင်စိုးရိမ်ရေမှတ်အနီး ရောက်ရှိနေသည်။

မွန်ပြည်နယ်တွင် ဘီးလင်းမြစ်ရေသည် ဘီးလင်းမြို့၏ စိုးရိမ်ရေမှတ်အောက်၁ပေခွဲခန့်တွင် ရောက်ရှိနေပါသည်။ ပုသိမ်မြို့တွင်လည်း ငဝန်မြစ်ရေ ယင်းမြို့၏ စိုးရိမ်ရေမှတ်အနီး ရောက်ရှိနေသည်။တိုးမြစ်ရေသည်လည်း မအူပင်မြို့တွင်စိုးရိမ်ရေမှတ်အနီးရောက်ရှိနေပြီးအထက်ပါမြစ်များအားလုံးဆက်လက်မြင့်တက်နိုင်ကြောင်းသတိပေးထားသည်။

တောင်တရုတ်ပင်လယ်ပြင်မှအပူပိုင်းမုန်တိုင်းဝီဖာ(Wipha) အရှိန်ကြောင့် ဇူလိုင်လ ၂၅ရက်အထိ ရှမ်းပြည်နယ်(အရှေ့ပိုင်းနှင့်တောင်ပိုင်း)၊ မန္တလေးတိုင်း၊ စစ်ကိုင်းတိုင်း အထက်ပိုင်း၊ ချင်းပြည်နယ်၊ ကရင်နီပြည်နယ်၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်နှင့် တနင်္သာရီတိုင်းတို့၌နေရာကွက်၍မိုးကြီးနိုင်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ၊လူသားချင်းစာနာထောက်ထားရေးနှင့်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဝန်ကြီးဌာန (MOHADM)ကသတိပေးထားသည်။မိုးသည်းထန်စွာရွာသွန်းခြင်းနှင့်အတူလေပြင်းတိုက်ခတ်ခြင်း၊လျှပ်စီးလက်ခြင်း၊ မိုးကြိုးပစ်ခြင်း၊ လျှပ်တစ်ပြက်ရေကြီးခြင်းနှင့်မြေပြိုခြင်းစသည့် သဘာဝဘေးအန္တရာယ်များ ဖြစ်ပေါ်နိုင်သည်ဟု သတိပေးထားသည်။

ဝီဖာမုန်တိုင်းသည် ဗီယက်နမ်နိုင်ငံကို ဝင်ရောက်ပြီးနောက် ကုန်းတွင်းမုန်တိုင်းအဖြစ် အားလျော့သွားသော်လည်း ထိုင်း၊ မြန်မာနိုင်ငံတို့တွင် မိုးဆက်ကြီးနေသည်။ မုန်တိုင်းကြောင့် တရုတ်၊ဖိလစ်ပိုင်နိုင်ငံတွင်လည်း ထိခိုက်မှုများပြားခဲ့သည်။

လက်ရှိရာသီဥတုအခြေအနေအရ မြန်မာနိုင်ငံတွင် တိုင်းနှင့်ပြည်နယ်အားလုံးနီးပါး၌မိုးကောင်းနေသည်။ ဝကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသမိုင်းပေါက်မြို့တွင် ရေဘေးဆိုးရွားစွာ ကြုံတွေ့ခဲ့ပြီး လူသေဆုံးမှုအချို့ရှိခဲ့သည်။ ရန်ကုန်မြို့တွင်လည်း ယနေ့နံနက်ပိုင်း၌ ‌လေပြင်းတိုက်ခိုက်ခဲ့ပြီး ရန်ကုန်ဆိပ်ကမ်းတွင် လေဆင်နှာမောင်းကြောင့် ထိခိုက်ပျက်စီးမှုများရှိခဲ့သည်ဟုသတင်းရရှိသည်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ်အထက်ပိုင်းမှာ မိုးသည်းထန်ရွာသွန်းနေပြီး ဧရာဝတီမြစ်ရေတိုးလာတဲ့အတွက် ရေဘေးသတိပြုကြဖို့ လူမှုကူညီကယ်ဆယ်ရေးအဖွဲ့တွေက သတိပေးနေကြပါတယ်။

သတင်း

မြို့အနီးမှာ တိုက်ပွဲတွေဖြစ်နေတဲ့ မြ၀တီမြို့မှာ မြို့သာယာလှပဖို့ဟုဆိုကာ စစ်အုပ်စုက တောင်းရမ်းသူ‌တွေကို ဖမ်းဆီးပြီး မြို့ပြင်ထုတ် နယ်နှင်ဒဏ်ပေးလိုက်တယ်လို့ သတင်းရရှိပါတယ်။

နိုင်ငံတကာ

ဧရာမ လှိုင်းလုံးကြီးတွေ ရိုက်ခတ်ခဲ့တာကြောင့် နယူးဇီလန်ရဲ့ မြို့တော်မှာ ဒေသခံတွေ ရာနဲ့ချီပြီး အရေးပေါ် ရွှေ့ပြောင်းစေခဲ့ရကြောင်း သိရပါတယ်။

သတင်း

မိုးတွင်းကာလ ရေဘေးနဲ့ မြေပြိုမှုဘေး မကြာခဏရင်ဆိုင်နေရတဲ့ ရှမ်းပြည်နယ်မှာ ဒီနေ့ ဇွန်လ ၈ရက် မနက်ပိုင်းမှာ မိုးကြီးလို့ မြေပြိုပြီး လူတစ်ဦး ထပ်မံသေဆုံးခဲ့ပါတယ်။