Connect with us

Hi, what are you looking for?

သတင်း

ဗန်းမော်နဲ့ မိုးမိတ်မှာ KIAပူးပေါင်းတပ်နဲ့ စစ်တပ် တိုက်ပွဲပြင်းထန်

ကချင်ပြည်နယ်၊ ဗန်းမော်မြို့နဲ့ ရှမ်းပြည်နယ်မြောက်ပိုင်း မိုးမိတ်မြို့နယ်မှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်နဲ့ စစ်တပ်အကြား ဒီကနေ့ အောက်တိုဘာ ၇ရက်မှာ တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေကြောင်း ကချင်စစ်ရေး သတင်းရင်းမြစ်က ပြောပါတယ်။

(ကချင်ပြည်နယ် တနေရာမှာ KIAပူးပေါင်းတပ်က ရဲဘော်တွေကို တွေ့ရစဉ်။ ဓာတ်ပုံ - Sirinda)

အောက်တိုဘာ ၇၊ ၂၀၂၆။ ထားမြတ်/People’s Spring

ကချင်ပြည်နယ်၊ ဗန်းမော်မြို့နဲ့ ရှမ်းပြည်နယ်မြောက်ပိုင်း မိုးမိတ်မြို့နယ်မှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်နဲ့ စစ်တပ်အကြား ဒီကနေ့ အောက်တိုဘာ ၇ရက်မှာ တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေကြောင်း ကချင်စစ်ရေး သတင်းရင်းမြစ်က ပြောပါတယ်။

စစ်တပ်က အင်အားတစ်ထောင်ကျော်လောက် ဖြည့်ထားနိုင်တဲ့ ဗန်းမော်မြို့မှာ စက်တင်ဘာလကုန်ပိုင်းကစပြီး မြေပြင်ထိုးစစ်တွေ လုပ်ဆောင်နေပြီး ဒီကနေ့မှာတော့ ဗန်းမော်တက္ကသိုလ်နားမှာ တိုက်ပွဲ ဖြစ်ပွားနေတာလို့ ဆိုပါတယ်။

“ဗန်းမော်တက္ကသိုလ်ဘက်မှာကတော့ ကျနော်တို့ရှေ့ဆက်တိုးတဲ့ အခြေအနေရှိပါတယ်” လို့ ကချင်စစ်ရေး သတင်းရင်းမြစ်က လတ်တလော ဗန်းမော်မြို့အခြေအနေကို ပြောပြပါတယ်။

Public Service Announcement

Public Service Announcement

ဒီကနေ့ နေ့လည် ၁၂နာရီ မထိုးမီက စစ်တပ်က ဗန်းမော်တက္ကသိုလ်အနီး တိုက်ပွဲကို လေကြောင်းပစ်ကူပေး တိုက်ခိုက်ဗုံးကြဲခဲ့တာရှိတယ်လို့လည်း စစ်ရေးသတင်းရင်းမြစ်က ပြောပြပါတယ်။ တိုက်လေယာဥ်နဲ့ ၂ကြိမ်ဗုံးကြဲတိုက်ခိုက်လာတာလို့ ဆိုပါတယ်။

ဒါ့အပြင် မိုးမိတ်ဘက်မှာလည်း တိုက်ပွဲ ဆက်ရှိနေတယ်လို့ ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

“မိုးမိတ်မြို့ကနေ မဘိမ်းကိုသွားတဲ့ ကြားထဲမှာ မြစ်ဆုံဆိုတာရှိတယ်။ မိုးမိတ်ကနေ မြစ်ဆုံ – မဘိမ်းဘက်ကို သွားတဲ့ လမ်းကြောဘက်မှာ ရန်သူက ဆက်ပြီးမှ ထိုးစစ်ဆင်နေတာဖြစ်တယ်။ အဲဒါကြောင့်မို့လို့ ၇မိုင်ဆိုတဲ့ ရွာထဲမှာ အခုလောလောဆယ် တိုက်ပွဲဖြစ်နေတဲ့ အခြေအနေရှိပါတယ်” လို့ ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

မိုးမိတ်မြို့မှာရှိတဲ့ အာဏာသိမ်းစစ်တပ်ရဲ့ တပ်စခန်းအချို့ကို စက်တင်ဘာ လကုန်ပိုင်းမှာ KIA ပူးပေါင်းတပ်က တိုက်ခိုက်သိမ်းပိုက်ပြီးနောက် စစ်တပ်က မိုးမိတ်ကို ကားတွေနဲ့ စစ်အင်အား ၁ထောင်ခန့် ဖြည့်တင်းခဲ့တာဖြစ်ပါတယ်။

ဒါ့အပြင် စက်တင်ဘာလအတွင်းက တိုက်ပွဲတွေရှိခဲ့တဲ့ ဖားကန့်မြို့နယ် ဆယ်ဇင်းဒေသ၊ ခေါင်လန်ဖူးမြို့နယ်တွေမှာလည်း နှစ်ဖက်စစ်ဆိုင်ထားတဲ့ အနေအထားဖြစ်ပြီးခေါင်လန်ဖူးဘက်မှာ စစ်တပ်က ရိက္ခာခဲယမ်း ဖြည့်တင်းတာတွေ လေကြောင်းက ပြုလုပ်နေတာရှိတယ်လို့ အသိပေးပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်းနဲ့အစပ်ချင်းပြည်နယ် ဝင်ပေါက် ကျင်ဒွေးမြို့၊ မတာဆွီရွာဝန်းကျင်တိုက်ပွဲမှာ အထိနာခဲ့တဲ့ စစ်တပ်ဟာကာကွယ်ပစ္စည်းထုတ်စက်ရုံ(ကပစ ၂၅)ကနေ စစ်သားတရာကျော် အင်အားထပ်ဖြည့်တာ​ကြောင့်လောင်းရှည် - ကျင်ဒွေး လမ်းတလျှောက် နေရာနှစ်ခုမှာ တိုက်ပွဲပြင်းထန်နေတယ်လို့ ဒေသခံစစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

နိုင်ငံတကာအစိုးရတွေအနေနဲ့ မလေးရှားကုမ္ပဏီတွေကို အရေးယူဖို့တိုက်တွန်း

သတင်း

ရခိုင်ပြည်နယ်မှာ လူအများအပြား သေဆုံးခဲ့တဲ့ လေကြောင်းတိုက်ခိုက်မှုတစ်ခု လုပ်ခဲ့တဲ့ အာဏာသိမ်းမြန်မာစစ်တပ်နဲ့ ဆက်ဆံရေး မြှင့်တင်ဖို့ စီစဉ်နေတဲ့ အမေရိကန် အစိုးရကို အမေရိကန်အောက်လွှတ်တော်အမတ်တစ်ဦးက ဝေဖန်သွားခဲ့ပါတယ်။

သတင်း

ကျူးလွန်ခဲ့တဲ့စစ်ကြောင်း နွားထိုးကြီးမြို့တွင်းပြန်ဝင်သွား

Facebook