Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ထိုင်ဝမ်အရှေ့ပိုင်းမှာ တရုတ် စစ်ရေးလှုပ်ရှားမှုတွေ မြှင့်တင်လာတာကို အမေရိကန် ဝေဖန်

ထိုင်ဝမ်ကျွန်း အရှေ့ပိုင်းမှာ တရုတ်ရဲ့ စစ်ရေးလှုပ်ရှားမှုတွေဟာ ဒေသတွင်း တည်ငြိမ်မှုတွေအတွက် အကြီးအကျယ် အနှောင့်အယှက် ဖြစ်စေကြောင်း အမေရိကန်က ဝေဖန် ပြောကြားလိုက်ပါတယ်။

ဓာတ်ပုံ - Reuters

ထိုင်ဝမ်ကျွန်း အရှေ့ပိုင်းမှာ တရုတ်ရဲ့ စစ်ရေးလှုပ်ရှားမှုတွေဟာ ဒေသတွင်း တည်ငြိမ်မှုတွေအတွက် အကြီးအကျယ် အနှောင့်အယှက် ဖြစ်စေကြောင်း အမေရိကန်က ဝေဖန် ပြောကြားလိုက်ပါတယ်။

အဲဒီ လုပ်ရပ်မျိုးတွေက အခြေအနေတွေကို ပိုပြီး ဆိုးရွားသွားဖို့ ဦးတည်စေလိမ့်မယ်လို့လည်း အောက်တိုဘာ ၉ ရက်နေ့မှာ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရ အရာရှိက မှတ်ချက်ပေးခဲ့ပါတယ်။

ထိုင်ဝမ်က နှစ်ပေါင်း ၇၀ လောက် ကြာအောင် အေးအေးချမ်းချမ်း စီမံထိန်းချုပ်လာတဲ့ ရေပြင်တဝိုက်မှာ တရုတ်ရဲ့ စစ်ရေးလှုပ်ရှားမှုတွေ ပိုမို မြင့်တက်လာတာဟာ ဒေသတွင်း တည်ငြိမ်ရေးအတွက် ဘယ်လိုမှ အကျိုးမဖြစ်စေနိုင်ဘူးလို့လည်း အမေရိကန်က ဝေဖန်ခဲ့ပါတယ်။

တရုတ်ဟာ ထိုင်ဝမ်ကို ပိုင်နက်နယ်မြေအဖြစ် သတ်မှတ်ထားပေမယ့် ထိုင်ဝမ်ကတော့ သီးခြားလွတ်လပ်တဲ့ ကိုယ်ပိုင် ရပ်တည်မှုကိုပဲ လိုလားနေပါတယ်။ ဇွန်လကစလို့ တရုတ်ဟာ ထိုင်ဝမ်ရဲ့ အရှေ့ဖက် ကမ်းလွန်ရေပြင်မှာ စစ်ရေး လှုပ်ရှားမှုတွေ သိသိသာသာ အရှိန်မြှင့်လာခဲ့သလို ကမ်းခြေစောင့်တပ်ရဲ့ ပုံမှန် ကင်းလှည့်မှုတွေကိုလည်း လုပ်ဆောင်နေပါတယ်။

Public Service Announcement

Public Service Announcement

ထိုင်ဝမ်ကတော့ တရုတ်ဟာ စစ်ဘက်၊ ပြည်သူ့စစ်နဲ့ အရပ်ဖက် အရင်းအမြစ်တွေ အားလုံးကို အသုံးပြုပြီး ထိုင်ဝမ်ရဲ့ ရေလမ်းကြောင်းတွေကို ပိတ်ဆို့ဖို့ ကြိုတင် လေ့ကျင့်နေတာ ဖြစ်နိုင်ကြောင်း မှတ်ချက်ပေးခဲ့ပါတယ်။

ထိုင်ဝမ်ကျွန်းရဲ့ အနောက်ပိုင်းမှာ တရုတ်နိုင်ငံ တည်ရှိပြီး ကုန်းမြေနှစ်ခုကြားမှာ ကျဉ်းမြောင်း ရှည်လျားတဲ့ ထိုင်ဝမ် ရေလက်ကြားက ပိုင်းခြားထားပါတယ်။ တကယ်လို့ တရုတ်က စစ်တိုက်လာမယ်ဆိုရင် ကျွန်းရဲ့ အရှေ့ဖက် ကမ်းခြေတွေဟာ မဟာမိတ်တွေဆီက ပေးပို့မယ့် အကူအညီတွေကို လက်ခံဖို့ အရေးအပါဆုံး ပင်လယ်ပြင် ရေလမ်းကြောင်း ဖြစ်လာမယ်လို့ ထိုင်ဝမ်စစ်တပ်က ယူဆထားပါတယ်။

လက်ရှိမှာတော့ ထိုင်ဝမ်ကျွန်းရဲ့ အရှေ့ပိုင်းမှာ လုပ်ဆောင်နေတဲ့ တရုတ်ရဲ့ လှုပ်ရှားမှုတွေကို အမေရိကန် အနေနဲ့ စိုးရိမ်နေကြောင်း၊ တရုတ်ရဲ့ လုပ်ဆောင်မှုတွေဟာ ဒေသတွင်း တည်ငြိမ်မှုအပေါ် အများကြီး သက်ရောက် ထိခိုက်စေကြောင်း အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရ အရာရှိက ဆိုပါတယ်။

ထိုင်ဝမ်က နှစ်ပေါင်း ၇၀ ကျော်လောက် ငြိမ်းငြိမ်းချမ်းချမ်း စီမံထိန်းချုပ်လာတဲ့ ရေပြင်မှာ တရုတ်က အင်အား ဖြန့်ကျက်လာနေကြောင်း၊ တရုတ်ဟာ ဒေသတွင်း တည်ငြိမ်မှုကို လိုလားတယ်လို့ ပြောပေမယ့် လုပ်ရပ်ကတော့ အဲဒီ တည်ငြိမ်မှုတွေ ပိုဆိုးသွားစေဖို့ ဦးတည်နေကြောင်း အမေရိကန်က ဝေဖန်သွားပါတယ်။

အမေရိကန်ဟာ ထိုင်ဝမ်ကို လွတ်လပ်တဲ့ နိုင်ငံတစ်ခုအဖြစ် တရားဝင် အသိအမှတ် မပြုထားပေမယ့် ထိုင်ဝမ်ရဲ့ ဒီမိုကရေစီအတွက် အရေးအကြီးဆုံး ကျောထောက်နောက်ခံအဖြစ် ရပ်တည်ပေးနေပါတယ်။ လတ်တလောမှာတော့ ထိုင်ဝမ်ဟာ အမေရိကန်ဆီက ဒေါ်လာ ၁၄ ဘီလီယံဖိုး စစ်လက်နက်တွေ ဖြည့်တင်းဝယ်ယူဖို့ စီစဉ်နေပြီး သမ္မတ ဒေါ်နယ်လ်ထရမ့်ရဲ့ အမေရိကန် အစိုးရကတော့ ဒီကိစ္စကို အတည်ပြု မပေးသေးပါဘူး။

ကိုးကား: Reuters

ဆက်စပ်သတင်းများ

သတင်း

အာဏာသိမ်းမြန်မာစစ်တပ်ကိုအားပေး ထောက်ခံနေတယ်ဆိုတဲ့ မြန်မာစီးပွားရေး လုပ်ငန်းရှင်ခရိုနီ သူဌေးကြီးတစ်ဦးရဲ့သမီးကို အမေရိကန်က ပိတ်ဆို့အရေးယူမှု နာမည်ပျက်စာရင်းကနေ ဖယ်ရှားပေးလိုက်ပါတယ်။

နိုင်ငံတကာ

ရုရှားဆီက ဒီဇယ်တွေ အမေရိကန်ဆီ တင်သွင်းဝယ်ယူမယ့် သဘောတူညီမှုကို အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ကြေညာခဲ့ပါတယ်။

နိုင်ငံတကာ

ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီး (WHO)ရဲ့ အကြီးအကဲ ရာထူးနေရာအတွက် အမျိုးသမီး တစ်ဦးကို တရုတ်က အဆိုပြုလိုက်ပါတယ်။

သတင်း

မြန်မာနဲ့ ပတ်သက်လို့ ကြီးမားတဲ့ မူဝါဒ အပြောင်းအလဲအနေနဲ့ အမေရိကန် အစိုးရဟာ အာဏာသိမ်း စစ်တပ်နဲ့ တိုက်ရိုက် ဆွေးနွေးမှုတွေ စတင်လာကြောင်း ရိုက်တာသတင်းဌာနရဲ့အထူးသတင်း​ပေးပို့ချက်က​ဖော်ပြလိုက်ပါတယ်။

Facebook