Connect with us

Hi, what are you looking for?

နိုင်ငံတကာ

အီရန်စစ်ပွဲအတွင်း အမေရိကန် လေယာဉ်ပေါင်း ၈၁ စီး ထိခိုက်ပျက်စီးခဲ့

အမေရိကန်ဟာ အီရန်စစ်ပွဲအတွင်း လေယာဉ် အမျိုးမျိုး စုစုပေါင်း ၈၁ စီးထိ ထိခိုက်ပျက်စီးမှုတွေ ကြုံတွေ့ခဲ့ကြောင်း သိရပါတယ်။

ဓာတ်ပုံ - US Air Force

အမေရိကန်ဟာ အီရန်စစ်ပွဲအတွင်း လေယာဉ် အမျိုးမျိုး စုစုပေါင်း ၈၁ စီးထိ ထိခိုက်ပျက်စီးမှုတွေ ကြုံတွေ့ခဲ့ကြောင်း သိရပါတယ်။

အခုသီတင်းပတ်မှာ ထွက်ပေါ်လာတဲ့ သုတေသန စာတမ်းမှာ အဲဒီ အချက်အလက်သစ် ပါဝင်လာတာပါ။ လေယာဉ် အမျိုးမျိုးလို့ ဆိုရာမှာ တောင်ပံတပ် လေယာဉ်တွေသာ မကဘဲ ရဟတ်ယာဉ်တွေ၊ MQ-9 Reaperလိုမျိုး ဝေဟင်ဒရုန်းတွေကိုပါ ထည့်သွင်း တွက်ချက်ထားတာ ဖြစ်ပါတယ်။

လေယာဉ် ၈၁ စီးဟာ တစ်စိတ်တစ်ပိုင်း ထိခိုက်တာဖြစ်စေ၊ လုံးဝဥဿုံ ပျက်စီးသွားတာမျိုးဖြစ်စေ ကြုံတွေ့ခဲ့ပြီး စုစုပေါင်း ဆုံးရှုံးမှု တန်ဖိုးဟာ ဒေါ်လာ ၁.၉ ဘီလီယံကနေ ၃.၃ ဘီလီယံထိ များပြားနိုင်တယ်လို့ ဆိုပါတယ်။

ထောက်လှမ်းရေး၊ ကင်းထောက်မှုနဲ့ အနီးကပ် ပစ်ကူပေးမှုတွေအတွက် အသုံးပြုလေ့ရှိတဲ့ MQ-9တွေအပြင် အမေရိကန်ရဲ့ အထူးဂုဏ်ယူရတဲ့ F-35A တိုက်လေယာဉ် တစ်စီးဟာလည်း ထိခိုက်ပျက်စီးမှု စာရင်းထဲ ပါဝင်လာခဲ့ပါတယ်။ နောက်ပြီး ကောင်းကင်ယံက ရေဒါစခန်းလို့ တင်စားနိုင်တဲ့ E-3 Sentry တစ်စီးလည်း ထိခိုက် ပျက်စီးခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

ကာကွယ်ရေး ဝန်ကြီးဌာန အနေနဲ့ အဲဒီပျက်စီးမှုတွေကို ဘယ်လို အစီအမံတွေနဲ့ အစားထိုးမယ် ဆိုတာကိုတော့ တိတိကျကျ မသိရသေးပါဘူး။ ဖေဖော်ဝါရီ ၂၈ ရက်နေ့မှာ အစ္စရေးနဲ့ ပူးပေါင်းပြီး စတင်ဆင်နွှဲခဲ့တဲ့ အီရန်စစ်ပွဲ တစ်ခုလုံးရဲ့ ကုန်ကျစရိတ် အားလုံးပေါင်းကတော့ ဒေါ်လာ ၄၅ ဘီလီယံလောက်ထိ ရှိနိုင်တယ်လို့လည်း သိရပါတယ်။

ခန့်မှန်းခြေ ဒေါ်လာ ၄၅ ဘီလီယံ ဆုံးရှုံးကြောင်း တွက်ချက်မှုထဲမှာတော့ အရှေ့အလယ်ပိုင်း ဒေသတွင်းက အမေရိကန် စစ်စခန်းတွေရဲ့ အခြေခံ အဆောက်အအုံ ပျက်စီးဆုံးရှုံးမှုတွေကို ထည့်တွက်မထားသေးပါဘူး။ အဲဒီ စခန်းတွေမှာလည်း အမေရိကန်က လေယာဉ်တချို့ ပျက်စီးဆုံးရှုံးတာ ကြုံခဲ့ရပါတယ်။

ထိခိုက်ပျက်စီးမှု စာရင်းမှာ ပါဝင်တဲ့ လေယာဉ်တွေထဲက တချို့ကတော့ ပြုပြင်မှုတွေအပြီး ပုံမှန်ပြန်လည် အမှုထမ်းနေပြီလို့လည်း သိရပါတယ်။ အဲဒီထဲမှာ F-15 Strike Eagle ဘက်စုံသုံး တိုက်လေယာဉ် ၈ စီးလည်း ပါဝင်ပါတယ်။ အဲဒီလေယာဉ်တွေဟာ စက်တင်ဘာလတုန်းက ဂျော်ဒန်မှာရှိတဲ့ မူဝါဖက် ဆယ်လ်တီ လေတပ်စခန်းမှာ အနည်းအကျဉ်း ထိခိုက်မှုတွေ ကြုံခဲ့တာ ဖြစ်ပါတယ်။

အခု အစီရင်ခံစာဟာ အမေရိကန် ကာကွယ်ရေး ဝန်ကြီးဌာန၊ ဌာနရဲ့ စုံစမ်းရေး အရာရှိချုပ်ရုံး၊ အီရန်စစ်ပွဲကို ကြီးကြပ်နေတဲ့ အမေရိကန် ဗဟိုစစ်ဌာနချုပ်တို့ဆီက ထုတ်ပြန်ချက်တွေကို အခြေခံပြီး ရေးသား ပြုစုထားတာ ဖြစ်ပါတယ်။ တစ်ဖက်မှာလည်း အီရန်စစ်ပွဲမှာ အမေရိကန်ရဲ့ ထိခိုက်ဆုံးရှုံးမှုဆိုင်ရာ ကိန်းဂဏန်း အမှန်တွေကို လွှတ်တော်အမတ်တွေ လက်ခံ ရရှိရဲ့လားဆိုတဲ့ သံသယ မေးခွန်းတွေလည်း ရှိနေပါတယ်။

အမေရိကန် လေတပ် အကြီးအကဲ ဗိုလ်ချုပ်ကြီး ကန်းနက်သ် ဝဲလ်စ်ဘတ်ချ်က MQ-9တွေဟာ အီရန်စစ်ပွဲမှာ အရေးအပါဆုံး ပလေယာတွေ ဖြစ်ခဲ့တယ်လို့ ပြောဖူးပါတယ်။ တစ်ဖက်မှာတော့ အမေရိကန် လေတပ်ဟာ ၂၀၀၄ ခုနှစ်ကစလို့ လက်နက်တိုက်ထဲက MQ-9 စုစုပေါင်းရဲ့ ၃၅ ရာခိုင်နှုန်းလောက်ကို ဆုံးရှုံးခဲ့ပြီးဖြစ်ကြောင်း သိရပါတယ်။

ကိုးကား: CNN

ဆက်စပ်သတင်းများ

သတင်း

မြန်မာနဲ့ ပတ်သက်လို့ ကြီးမားတဲ့ မူဝါဒ အပြောင်းအလဲအနေနဲ့ အမေရိကန် အစိုးရဟာ အာဏာသိမ်း စစ်တပ်နဲ့ တိုက်ရိုက် ဆွေးနွေးမှုတွေ စတင်လာကြောင်း ရိုက်တာသတင်းဌာနရဲ့အထူးသတင်း​ပေးပို့ချက်က​ဖော်ပြလိုက်ပါတယ်။

နိုင်ငံတကာ

အမေရိကန် စစ်စခန်း တစ်ခုမှာ လူ ၁၃ ဦး သေဆုံးစေခဲ့တဲ့ ပစ်ခတ်မှု ကျူးလွန်ခဲ့သူကို လက်ဖြောင့်တပ်ဖွဲ့က ကွပ်မျက်မှုကို တိုက်ရိုက် ထုတ်လွှင့်သွားမယ်လို့ အမေရိကန် ကာကွယ်ရေး ဝန်ကြီးက ပြောပါတယ်။

နိုင်ငံတကာ

စစ်ပွဲကို အဆုံးသတ်ဖို့ဆိုရင် အီရန်ဟာ ယူရေနီယမ် ဓာတ်သတ္တု သန့်စင်မှုတွေကို အမေရိကန်က လက်ခံနိုင်လောက်တဲ့ အတိုင်းအတာ ပမာဏထိ လျှော့ချရလိမ့်မယ်လို့ အမေရိကန် သမ္မတ ဂျိမ်းစ်ဒေးဗစ် ဗန့်စ်က သတိပေး ပြောကြားခဲ့ပါတယ်။

နိုင်ငံတကာ

အမေရိကန်မှာ နှစ်ကြိမ်တိုင် ဆေးထိုးပြီး ကွပ်မျက်ခံရပေမယ့် အသက်မသေတဲ့ သေဒဏ်ကျ အမျိုးသမီးဟာ အခုအခါ သတိပြန်လည်လာပြီး စကားပြောဆိုနိုင်တဲ့ အဆင့် ရောက်နေပြီလို့ သိရပါတယ်။