Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ရုရှားဆီက ဒီဇယ်တွေ ဝယ်ယူမယ့် သဘောတူညီချက်ကို ထရမ့်ကြေညာ

ရုရှားဆီက ဒီဇယ်တွေ အမေရိကန်ဆီ တင်သွင်းဝယ်ယူမယ့် သဘောတူညီမှုကို အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ကြေညာခဲ့ပါတယ်။

ဓာတ်ပုံ - AP

ရုရှားဆီက ဒီဇယ်တွေ အမေရိကန်ဆီ တင်သွင်းဝယ်ယူမယ့် သဘောတူညီမှုကို အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ကြေညာခဲ့ပါတယ်။

ရုရှားသမ္မတ ဗလာဒီမာ ပူတင်နဲ့ ညှိနှိုင်းဆွေးနွေးပြီးတဲ့နောက် ပူတင်က ရုရှားသိုလှောင်ထားတဲ့ ဒီဇယ်တွေကို စျေးကွက်ထဲ ဖြန့်ဝေပေးဖို့ သဘောတူခဲ့ကြောင်း ထရမ့်က အောက်တိုဘာ ၉ ရက်နေ့မှာ ပြောကြားခဲ့ပါတယ်။ ဒါဟာ အီရန်စစ်ပွဲကြောင့် အမေရိကန်မှာ ဒီဇယ်စျေးတွေ မြင့်တက်လာလို့ သူ့အစိုးရအပေါ် ဖိအားတွေ တိုးလာတဲအပေါ် ထရမ့်က တုံ့ပြန်ဖြေရှင်းတဲ့ နည်းလမ်းတစ်ခုလည်း ဖြစ်ပါတယ်။

ထရမ့်ရဲ့ အဆိုအရ ရုရှားဟာ သိုလှောင်ထားတဲ့ ဒီဇယ်တန်ချိန် ၃ သိန်းကို အမေရိကန်နဲ့ နိုင်ငံတကာ စျေးကွက်ထဲ အမြန်ဆုံး ထုတ်ပေးဖို့ သဘောတူခဲ့ပြီး နိုဝင်ဘာလမှာ နောက်ထပ် တန်ချိန် ၅ သိန်း၊ အဲဒီနောက်မှာ တန်ချိန် ၁ သန်းစီ ရောင်းချပေးဖို့ သဘောတူခဲ့ကြောင်း သိရပါတယ်။

ဒါ့အပြင် သန့်စင်ထုတ်လုပ်နိုင်စွမ်း အခြေအနေတွေအပေါ် မူတည်ပြီး နောက်ထပ် ရေတို ကာလတစ်ခုအတွင်း ရုရှားဟာ ဒီဇယ်ဆီ တန်ချိန် ၃ သန်းလောက်ထိ ထပ်ပြီး ရောင်းချပေးဖွယ် ရှိနေကြောင်း ထရမ့်က သူ့ရဲ့ကိုယ်ပိုင် လူမှုကွန်ရက် မီဒီယာ Truthမှာ ရေးသားခဲ့ပါတယ်။ တစ်ဖက်မှာတော့ ရုရှားရဲ့ လောင်စာသန့်စင် ချက်လုပ်တဲ့ ရေနံချက် စက်ရုံတွေကို ယူကရိန်းက ပစ်မှတ်ထား တိုက်ခိုက်မှုတွေ အရှိန်မြှင့် လုပ်ဆောင်နေပါတယ်။

Public Service Announcement

Public Service Announcement

ပူတင်နဲ့ အပေးအယူ လုပ်ခဲ့တဲ့ ထရမ့်ရဲ့ ဆုံးဖြတ်ချက်ဟာ ယူကရိန်း အတွက်တော့ စိတ်ပျက်စရာ ဖြစ်လာပါတယ်။ ယူကရိန်း သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးက အခုကိစ္စဟာ ပူတင်ကို လက်ဆောင်ပေးလိုက်တာနဲ့ တူတူပဲလို့ ပြောပါတယ်။ ဒါ့အပြင် ဆက်ပြီး ရှည်ကြာနေစေမယ့်အစား အမြန်ဆုံး အဆုံးသတ်ဖို့လိုတဲ့ စစ်ပွဲကို အသက်ဆက်ပေးဖို့ ရင်းနှီးမြှုပ်နှံ ထည့်ဝင်မှု တစ်ခုလည်း ဖြစ်တယ်လို့ သူက ဝေဖန်ခဲ့ပါတယ်။

ရုရှားဟာ ပြည်ပကို ဒီဇယ်တင်ပို့မှုတွေ ကန့်သတ် တားမြစ်ထားပေမယ့်လည်း ပူတင်ကတော့ အမေရိကန်နဲ့ ကမ္ဘာ့စျေးကွက်အတွက် ရေနံနဲ့ လောင်စာထွက်ကုန်တွေ ရောင်းချပေးပြီး ပါဝင်ထောက်ပံ့ပေးဖို့ ဆန္ဒရှိကြောင်း ပြောကြားခဲ့ပါတယ်။ ဒါပေမဲ့ ဘယ်လောက် အတိုင်းအတာ ပမာဏမျိုး ထောက်ပံ့မလဲ ဆိုတာကိုတော့ ပူတင်က တိတိကျကျ မှတ်ချက် မပေးခဲ့ပါဘူး။

တစ်ဖက်မှာလည်း ယူကရိန်းရဲ့ လက်ချက်ကြောင့် ရုရှားရဲ့ ရေနံချက်စက်ရုံတွေ၊ ရေနံသိုလှောင်ရုံတွေ အများအပြား ပျက်စီးထားတာကြောင့် တကယ်ပဲ အမေရိကန် မျှော်လင့်သလောက် ထုတ်လုပ်နိုင်စွမ်းမျိုးနဲ့ ဒီဇယ်တွေ ချက်လုပ်ပေးနိုင်မလား ဆိုတာကို လေ့လာသူတွေက သံသယနဲ့ မေးခွန်းထုတ်နေကြပါတယ်။

ကိုးကား: BBC

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အပြည်ပြည်ဆိုင်ရာ တရားရုံး (ICC)ရဲ့ ဥက္ကဋ္ဌဖြစ်သူ ဂျပန်တရားသူကြီး တိုမိုကို အက်ကာနီနဲ့ နောက်ထပ် ICC အရာရှိ ၈ ဦးကို လွှဲပြောင်းပေးဖို့ ရုရှားအစိုးရရဲ့ တောင်းဆိုမှုအပေါ် ဂျပန်အစိုးရက အပြင်းအထန် ဝေဖန် ကန့်ကွက်လိုက်ပါတယ်။

နိုင်ငံတကာ

ထိုင်ဝမ်ကျွန်း အရှေ့ပိုင်းမှာ တရုတ်ရဲ့ စစ်ရေးလှုပ်ရှားမှုတွေဟာ ဒေသတွင်း တည်ငြိမ်မှုတွေအတွက် အကြီးအကျယ် အနှောင့်အယှက် ဖြစ်စေကြောင်း အမေရိကန်က ဝေဖန် ပြောကြားလိုက်ပါတယ်။

နိုင်ငံတကာ

အပြည်ပြည်ဆိုင်ရာ တရားရုံး (ICC)ရဲ့ တရားသူကြီးဟောင်းတစ်ဦး နိုဘယ်လ် ငြိမ်းချမ်းရေးဆု ဆွတ်ခူး ရရှိပြီး နာရီပိုင်း အကြာမှာပဲ အမေရိကန် အစိုးရဟာ ICC အဖွဲ့အစည်း တစ်ခုလုံးကို ပစ်မှတ်ထား ဒဏ်ခတ် ပိတ်ဆို့မှုတွေကို ကြေညာလိုက်ပါတယ်။

သတင်း

အာဏာသိမ်းမြန်မာစစ်တပ်ကိုအားပေး ထောက်ခံနေတယ်ဆိုတဲ့ မြန်မာစီးပွားရေး လုပ်ငန်းရှင်ခရိုနီ သူဌေးကြီးတစ်ဦးရဲ့သမီးကို အမေရိကန်က ပိတ်ဆို့အရေးယူမှု နာမည်ပျက်စာရင်းကနေ ဖယ်ရှားပေးလိုက်ပါတယ်။

Facebook