Connect with us

Hi, what are you looking for?

သတင်း

မုံရွာမှာ ပစ်သတ်ခံထားတဲ့ ရဲဘော်ရုပ်အလောင်းနား စစ်တပ်က ကင်းပုန်းဝပ်စောင့်နေ

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ မြေနဲ-အောင်သာလမ်းမှာ ရဲဘော်တစ်ဦးဟာ စစ်တပ်ရဲ့ ပစ်ခတ်မှုကြောင့် ကျဆုံးခဲ့ပြီး ရုပ်အလောင်းလာကောက်မယ့်သူတွေကို စစ်တပ်က ကင်းပုန်းဝပ်ပြီး စောင့်နေကြောင်း မုံရွာမြို့နယ် သတင်းမှန်ပြန်ကြားရေးအဖွဲ့က ပြောပါတယ်။

(၂၀၂၁ ဖေဖော်ဝါရီ ၉ ရက်က မုံရွာမြို့တော်ခန်းမအနီး ဆန္ဒပြသူတွေကို ရင်ဆိုင်နေတဲ့ စစ်တပ်လက်အောက်ခံ ရဲများ။ ဓာတ်ပုံ - CJ)

အောက်တိုဘာ ၂၀၊ ၂၀၂၆။ ဇေအောင်/People’s Spring

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ မြေနဲ-အောင်သာလမ်းမှာ ရဲဘော်တစ်ဦးဟာ စစ်တပ်ရဲ့ ပစ်ခတ်မှုကြောင့် ကျဆုံးခဲ့ပြီး ရုပ်အလောင်းလာကောက်မယ့်သူတွေကို စစ်တပ်က ကင်းပုန်းဝပ်ပြီး စောင့်နေကြောင်း မုံရွာမြို့နယ် သတင်းမှန်ပြန်ကြားရေးအဖွဲ့က ပြောပါတယ်။

အောက်တိုဘာ ၁၈ ရက် နေ့လယ်ပိုင်းက မုံရွာမြို့၊ မုံရွာ-မန္တလေးလမ်း၊ မြေနဲ-အောင်သာ လမ်းကူးမှာ တော်လှန်ရေးရဲဘော်တစ်ဦးဟာ အာဏာသိမ်းစစ်တပ်ရဲ့ ပစ်ခတ်မှုကြောင့် ကျဆုံးသွားခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။

“အဲဒီလမ်းမှာက ကြေးနီတင်ကားတွေသွားတိုင်း ခဏတိုင်းဖြစ်တယ်။ သွားကောက်ဖို့က မလွယ်ဘူး”လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

Public Service Announcement

Public Service Announcement

ကျဆုံးသွားတဲ့ ရဲဘော်ရဲ့ ရုပ်အလောင်းမှာ လမ်းပေါ်မှာပဲဆက်လက်ရှိနေပြီး အနီးနားမှာ စစ်တပ်က ကင်းပုန်းဝပ် စောင့်ဆိုင်းနေတာကြောင့် ဒီကနေ့ အောက်တိုဘာ ၂၀ရက် ၃ ရက်မြောက်တဲ့အထိ လာရောက်သိမ်းဆည်းတာမျိုး မရှိသေးဘူးလို့ မုံရွာမြို့နယ် သတင်းမှန်ပြန်ကြားရေးအဖွဲ့က ပြောပါတယ်။

ရဲဘော်ရုပ်အလောင်းဟာ ရက်ကြာလာလို့ ပုပ်ပွလာပြီး စစ်တပ်က လူနေအိမ်တွေရဲ့ရှေ့ လမ်းပေါ်မှာ ထားထားတယ်လို့ သိရပါတယ်။ လာကောက်မယ့်သူတွေကိုလည်း ပစ်ခတ်ဖမ်းဆီးဖို့ စောင့်ဆိုင်းနေတာဖြစ်ကြောင်း မုံရွာမြို့နယ် သတင်းမှန်ပြန်ကြားရေးအဖွဲ့က ပြောပါတယ်။

အောက်တိုဘာလလယ်ပိုင်းကလည်း မုံရွာ-သာစည်လမ်းဘက်မှာ အာဏာသိမ်းစစ်တပ်နဲ့ တော်လှန်ရေးရဲဘော်တွေ ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး စစ်အုပ်စုထိခိုက်မှုတွေ ရှိခဲ့ပါသေးတယ်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ်၊ဗန်းမော်မြို့အနီးမှာတိုက်ပွဲတွေပြင်းထန်နေပြီး စစ်တပ်ဘက်ကအထိနာတာ​ကြောင့် လေကြောင်းပစ်ကူသုံးဗုံးကြဲခဲ့တယ်လို့ဒေသခံသတင်းရင်းမြစ်တွေကပြောပါတယ်။

သတင်း

ပလက်၀ဒေသကို ၂ရက်အတွင်း ဗုံးအလုံးရေ ၁၀၀ ကျော်ကြဲတိုက်ခိုက်လို့ ကလေးငယ်အပါအဝင် ပြည်သူ ၉ဦး သေဆုံး

သတင်း

စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်၊ ကွမ်းခြံကျေးရွာမှာ အာဏာသိမ်း စစ်တပ်က ဒီ​နေ့ လေကြောင်းတိုက်ခိုက်လို့ ကလေး ၂ ဦးအပါအဝင် ဒေသခံ အမျိုးသမီး ၆ ဦး သေဆုံးပြီး အမျိုးသမီးတစ်ဦး သေဆုံးခဲ့ပါတယ်။

သတင်း

စစ်တွေတိုက်ပွဲ​တွေမှာ စစ်တပ်က ဒီနေ့ အမြန်​မော်​တော်​လှေ( speedboat)​တွေနဲ့ ကမ်းတက်ဖို့ ဆက်ကြိုးစားလာပြီး အာရက္ခတပ်​တော်ကတိုက်ခိုက်ရာ ကမ်းစပ်မှာ တိုက်ပွဲပြင်းထန်ပြီး စစ်သား ၁၀ ဦးကျော်သေဆုံးကာ ၂၀ ဦး ဝန်းကျင် လက်နက်ချခဲ့ကြတယ်လို့ မြေပြင်သတင်းရင်းမြစ်တွေကပြောပါတယ်။