Connect with us

Hi, what are you looking for?

သတင်း

သာစည်မြို့နယ်အစပ်က တိုက်ပွဲ စစ်တပ်အထိနာ

ရှမ်းပြည်နယ်တောင်ပိုင်း ရွာငံမြို့နယ် နဲ့ မန္တလေးတိုင်း၊ သာစည်မြို့နယ်အစပ်မှာ တိုက်ပွဲဖြစ်ပြီး စစ်တပ်က ထိခိုက်သေဆုံးသူရှိပြီး လက်နက်ခဲယမ်းတချို့ သိမ်းဆည်းရရှိတယ်လို့ ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော်(DSNDA) တာ၀န်ရှိသူက ပြောပါတယ်။

အောက်တိုဘာ-၂၀၊၂၀၂၆။မိုမို/People’s Spring

ရှမ်းပြည်နယ်တောင်ပိုင်း ရွာငံမြို့နယ် နဲ့ မန္တလေးတိုင်း၊ သာစည်မြို့နယ်အစပ်မှာ တိုက်ပွဲဖြစ်ပြီး စစ်တပ်က ထိခိုက်သေဆုံးသူရှိပြီး လက်နက်ခဲယမ်းတချို့ သိမ်းဆည်းရရှိတယ်လို့ ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော်(DSNDA) တာ၀န်ရှိသူက ပြောပါတယ်။

အောက်တိုဘာ ၁၆ ရက်က အင်အား ၅၀ ၀န်းကျင်ပါတဲ့ အာဏာသိမ်းစစ်တပ် စစ်ကြောင်းနဲ့ ၁နာရီနီးပါးကြာ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့တာလို့ ဆိုပါတယ်။

“ရတဲ့အလောင်းတွေအရဆို တပ်မ ၆၆ ကပါ။ပုံမှန်ဆို တပ်မ ၅၅ နဲ့ ၉၉ ပဲ။ပစ(စစ်မှုထမ်း) တွေများတယ်”လို့ တိုက်ပွဲနဲ့ပတ်သက်လို့ DSNDA တာ၀န်ရှိသူက ရှင်းပြပါတယ်။

Public Service Announcement

Public Service Announcement

တိုက်ပွဲအတွင်း စစ်တပ်က အရာရှိ ၂ဦး အပါအ၀င် ၁၀ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်းဒဏ်ရာရှိတဲ့အပြင် တပ်ပျက်ကာ ဖရိုဖရဲနဲ့ဆုတ်ခွာထွက်ပြေးသွားခဲ့တယ်လို့ DSNDA က အသိပေးပါတယ်။

ဒါ့အပြင် MA1 ၁လက်၊ MA 3 ၁လက် ၊60မမ ဗုံးသီး ၄လုံး ကျည်တွေနဲ့ တခြားစစ်အသုံးအဆောင် ပစ္စည်းတွေသိမ်းဆည်းရရှိခဲ့တယ်လို့ သိရပါတယ်။

“ခုလက်ရှိတော့အင်အားပြန်ဖြည့်ပြီး တောထဲတွေစစ်ကြောင်းထိုးနေတယ်။ရွာငံနယ်မှာက ဩဂုတ်လပိုင်းကတည်းက အင်အားထောင်ချီနဲ့ထိုးနေတာ။နယ်မြေအနှံ့ကိုထိုးနေတာ”လို့ ရွာငံဒေသခံတော်လှန်ရေးတပ်နဲ့ နီးစပ်သူက ပြောပါတယ်။

တော်လှန်ရေးတပ်တွေ ထိန်းချုပ်ထားတဲ့နယ်မြေတွေကို ပြန်စိုးမိုးရေး အာဏာသိမ်းစစ်တပ်က စစ်ကြောင်းထိုးမှုတွေမှာ အရပ်သားတွေကို ဖမ်းဆီးတာ၊သတ်ဖြတ်တာ၊မုဒိမ်းကျင့်တာတွေနဲ့ ပစ္စည်းတွေကို ခိုးယူနေတာတွေရှိတယ်လို့လည်း DSNDA က ထုတ်ပြန်ထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ်၊ဗန်းမော်မြို့အနီးမှာတိုက်ပွဲတွေပြင်းထန်နေပြီး စစ်တပ်ဘက်ကအထိနာတာ​ကြောင့် လေကြောင်းပစ်ကူသုံးဗုံးကြဲခဲ့တယ်လို့ဒေသခံသတင်းရင်းမြစ်တွေကပြောပါတယ်။

သတင်း

ပလက်၀ဒေသကို ၂ရက်အတွင်း ဗုံးအလုံးရေ ၁၀၀ ကျော်ကြဲတိုက်ခိုက်လို့ ကလေးငယ်အပါအဝင် ပြည်သူ ၉ဦး သေဆုံး

သတင်း

စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်၊ ကွမ်းခြံကျေးရွာမှာ အာဏာသိမ်း စစ်တပ်က ဒီ​နေ့ လေကြောင်းတိုက်ခိုက်လို့ ကလေး ၂ ဦးအပါအဝင် ဒေသခံ အမျိုးသမီး ၆ ဦး သေဆုံးပြီး အမျိုးသမီးတစ်ဦး သေဆုံးခဲ့ပါတယ်။

သတင်း

စစ်တွေတိုက်ပွဲ​တွေမှာ စစ်တပ်က ဒီနေ့ အမြန်​မော်​တော်​လှေ( speedboat)​တွေနဲ့ ကမ်းတက်ဖို့ ဆက်ကြိုးစားလာပြီး အာရက္ခတပ်​တော်ကတိုက်ခိုက်ရာ ကမ်းစပ်မှာ တိုက်ပွဲပြင်းထန်ပြီး စစ်သား ၁၀ ဦးကျော်သေဆုံးကာ ၂၀ ဦး ဝန်းကျင် လက်နက်ချခဲ့ကြတယ်လို့ မြေပြင်သတင်းရင်းမြစ်တွေကပြောပါတယ်။