Connect with us

Hi, what are you looking for?

News

မုံးကိုး၌ တိုက်ပွဲဆက်လက်ပြင်းထန်ပြီး စစ်ကောင်စီတပ်မှ ၁၂ဦးကျော်သေဟု MNDAA ထုတ်ပြန်

MNDAAနှင့် စစ်ကောင်စီတပ်သည် ဒီဇင်ဘာ ၂၇ရက်ကလည်း မုံးကိုးနှင့် သိန္နီဒေသ၌ တိုက်ပွဲဆက်ဖြစ်ခဲ့သည်ဟု ဆိုသည်။

(MNDAA က သိမ်းစည်းရမိသော စစ်ကောင်စီတပ်၏ လက်နက်ခဲယမ်းများကို တွေ့ရစဥ်၊ ပုံအဟောင်းကို အသုံးပြုထားပါသည်။)

ရှမ်းပြည်နယ်မြောက်ပိုင်း မုံးကိုးခရိုင် ဟွာချောက်ဒေသနှင့် မန်ကျယ်ဒေသအကြားတွင် ဖြစ်ပွားခဲ့သည့် တိုက်ပွဲနှစ်ကြိမ်အတွင်း စစ်ကောင်စီတပ်သား ၁၂ဦးထက်မနည်းသေဆုံးခဲ့သည်ဟု ကိုးကန့်လက်နက်ကိုင်တပ်ဖွဲ့ (MNDAA)က ယနေ့ ထုတ်ပြန်သည်။

ဟွာချောက်ဒေသနှင့် မန်ကျယ်ဒေသကြားတွင် ဒီဇင်ဘာ ၂၆ရက် နေ့လည် ၁၁နာရီ ၂၀ မိနစ်ခန့်ကစ၍ တိုက်ပွဲပြင်းထန်ခဲ့ရာ ညနေ ၆နာရီကျော်အထိ ကြာမြင့်ခဲ့ကြောင်း၊ ယင်းတိုက်ပွဲ၌ စစ်ကောင်စီတပ်မှ သေဆုံးသူ ခုနစ်ဦးအထက်ရှိကြောင်း ဖော်ပြသည်။ ညပိုင်းတွင် စစ်ကောင်စီတပ်၏ စစ်ကူအဖွဲ့နှင့် ထပ်မံတိုက်ပွဲဖြစ်ရာ စစ်ကောင်စီဘက်မှ စစ်ကားတစ်စီးပျက်စီးပြီး ထိခိုက်ကျဆုံးသူ ငါးဦးအထက်ရှိသည်ဟု ထုတ်ပြန်သည်။

ဒီဇင်ဘာ ၂၅ ရက်ညပိုင်းက စစ်ကောင်ီတပ်က လက်နက်ကြီးဖြင့် ပစ်ခတ်၍ ဒေသခံ တရုတ်လူမျိုး တစ်ဦးသေဆုံးခဲ့ကြောင်း၊ ဩဂုတ်မှ စ၍ ပြင်းထန်ခဲ့သည့် မုံးကိုးတိုက်ပွဲတွင် စစ်ကောင်စီတပ်၏ ပစ်ခတ်မှုကြောင့် ကလေးငယ်အပါအဝင် အရပ်သားသေဆုံးထိခိုက်မှုများရှိခဲ့ကြောင်း MNDAAက ထုတ်ပြန်သည်။

MNDAAနှင့် စစ်ကောင်စီတပ်သည် ဒီဇင်ဘာ ၂၇ရက်ကလည်း မုံးကိုးနှင့် သိန္နီဒေသ၌ တိုက်ပွဲဆက်ဖြစ်ခဲ့သည်ဟု ဆိုသည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

AA ကစစ်​တွေရှိ စစ်တပ်ကာကင်းအနည်းဆုံး၃ခုနဲ့ ခြေကုတ်​နေရာ၄ခုကိုသိမ်းပိုက်ပြီး

သတင်း

စစ်တွေနဲ့ ပုဏ္ဏားကျွန်းမြို့နယ်အစပ်တိုက်ပွဲတွေအတွင်းအာဏာသိမ်းစစ်တပ်ရဲ့ကာကင်းအပါအဝင် ခြေကုတ်နေရာအချို့ကို အာရက္ခတပ်တော်(AA)က သိမ်းပိုက်ရရှိထားပြီး တိုက်ပွဲတပါတ်ကျော်အတွင်း ​နေရာ​လေးခုထက်မနည်းရှိပြီဖြစ်တယ်လို့ မြေပြင်သတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

စစ်သုံ့ပန်း ၈၀ ခန့် ထွက်ပြေးသွားရာ လက်နက်အချို့ပါသွားတာဖြစ်လို့ တီးတိန်၊ ကပ်တဲလ်၊ လိုင်လုဲ(Laailui)နဲ့ မဏိပူရ်မြစ် ပတ်ဝန်းကျင်ဒေသတွေကို ခရီးသွားလာတာ၊ အပြင်ထွက်တာ ခဏတာ ရှောင်ကြဉ်ကြဖို့ အသိပေးကြောင်း PDF ဇိုလဲန်းက သတင်း ထုတ်ပြန်ပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ဗန်းမော်မြို့နယ်နဲ့ မံစီမြို့နယ်ကြား ကောင်ဂျာယန်ဒေသမှာ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအတွင်း စစ်တပ်က သေဆုံးထိခိုက်များခဲ့ပြီး စစ်သုံ့ပန်းတွေ ဖမ်းမိသလို ထွက်ပြေးစစ်သားတွေ ပုန်းအောင်းရာ နေရာတွေကို လိုက်လံရှင်းလင်းနေကြောင်း KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။