Connect with us

Hi, what are you looking for?

သတင်း

မ​လေးရှားမှာ မြန်မာလုပ်သား​တွေ တစ်ရက် အနည်းဆုံး ၅၀ ​ကျော်အဖမ်းခံ​နေရ

မလေးရှားအစိုးရရဲ့စီမံချက်တွေကြောင့် မလေးရှားနိုင်ငံမှာ အလုပ်လုပ်ကိုင်နေကြတဲ့ မြန်မာလုပ်သားတွေ တစ်ရက် အနည်းဆုံး ၅၀ကျော် ဖမ်းဆီးခံနေရပြီး မလေးရှားအာဏာပိုင်တွေကပြီးခဲ့တဲ့ ၃ လအတွင်းမြန်မာလုပ်သား ၄၀၀၀ ကျော်ကို နေရပ်ပြန်ပို့ထားပါတယ်။

(မ​လေးရှားဖမ်းဆီးခံရတဲ့ မြန်မာအလုပ်သမား​တွေ။ဓါတ်ပုံ-မ​လေးရှားလူဝင်မှုကြီးကြပ်​ရေး)

အောက်တိုဘာ-၂၇၊၂၀၂၆။နေ့သစ်/People’s Spring

မလေးရှားအစိုးရရဲ့စီမံချက်တွေကြောင့် မလေးရှားနိုင်ငံမှာ အလုပ်လုပ်ကိုင်နေကြတဲ့ မြန်မာလုပ်သားတွေ တစ်ရက် အနည်းဆုံး ၅၀ကျော် ဖမ်းဆီးခံနေရပြီး မလေးရှားအာဏာပိုင်တွေကပြီးခဲ့တဲ့ ၃ လအတွင်းမြန်မာလုပ်သား ၄၀၀၀ ကျော်ကို နေရပ်ပြန်ပို့ထားပါတယ်။

မလေးရှားအစိုးရက နိုင်ငံအတွင်းမှာ တရားမဝင်ရွှေ့ပြောင်းလုပ်သားတွေ အဆမတန်များပြားလာမှု၊ ရိုဟင်ဂျာအရေးတွေနဲ့ စီးပွားရေးကျဆင်းလာမှုတွေကြောင့် တရားမဝင်နိုင်ငံခြားသားတွေ ဖမ်းဆီးရေး စီမံချက်ကို လွန်ခဲ့တဲ့ ၃နှစ်ခန့်က စတင်လာခဲ့တာလို့ မလေးရှားရောက် မြန်မာလုပ်သားတွေက ပြောပါတယ်။

လက်တလောမှာ မလေးရှားအာဏာပိုင်တွေက ရိုဟင်ဂျာတွေ အများအပြားရှိတဲ့ သား၊ငါးဈေးတွေနဲ့နိုင်ငံခြားသားလုပ်သားတွေအများဆုံးနေထိုင်ကြတဲ့ ကွာလာလမ်ပူ၊ ဂျိုးဟိုး၊ ပီနန်း၊ဆလန်ဂေါ၊ဆာလာရမ်းဒေသတွေကို ဖမ်းဆီးစစ်ဆေးတာတွေ နေ့စဉ်လုပ်ဆောင်နေတာလို့ ဆိုပါတယ်။

Public Service Announcement

Public Service Announcement

လက်တလောမှာ ဖမ်းဆီးရေးစီမံချက်တွေကြောင့် မလေးရှားရောက်မြန်မာတွေအတွက် ရောင်းချနေတဲ့ မြန်မာဆိုင်တွေအများစုပိတ်ထားရတယ်လို့ မြန်မာထမင်းဆိုင်ဖွင့်ထားသူတစ်ဦးက ပြောပါတယ်။

“အရင်က ဆာလာရမ်းလို ဈေးတွေမှာ ရိုဟင်ဂျာတွေ အများစုရှိတာပေါ့။ အခုတော့ ရိုဟင်ဂျာတွေက အဲလိုဈေးတွေမှာ အများကြီးဖြစ်နေပြီ။ ရိုဟင်ဂျာတွေက အရမ်းချမ်းသာလာပြီး အဲဒါတွေလည်း နှိမ်နင်းနေတာ။ နောက်ပြီး တရားမဝင်တွေလည်း ခုကအရမ်းများလာနေတာ။ ထင်တယ် တစ်ရက်ကို မြန်မာတွေ အဖမ်းမခံဘူးဆိုရင်တောင် ၅၀လောက်တော့ ရှိမယ်”လို့ မလေးရှားမှာတရားဝင်နေထိုင်အလုပ်လုပ်ကိုင်နေသူ မြန်မာတစ်ဦးက ပြောပါတယ်။

မလေးရှားအာဏာပိုင်တွေဟာ လက်တလောမှာ တနိုင်ငံလုံးက နေရာအစုံမှာ ဝင်ရောက်စစ်ဆေးတာတွေ လုပ်နေတယ်လို့ မလေးရှားရောက်မြန်မာတွေက ပြောပါတယ်။

“ကုန်တိုက်တွေ၊ ဈေးဆိုင်တွေ ၊ နေအိမ်တွေ၊ တန်လျားတွေ အကုန်ဝင်တာ။ အကုန်အဖမ်းခံရတာပဲ”လို့ မလေးရှားမှာ မြန်မာဈေးဆိုင်ဖွင့်ထားသူ တစ်ဦးက ပြောပါတယ်။

Jabatan Imigresen Malaysia ရဲ့ဖော်ပြမှုအရ နေရာစုံမှာစစ်ဆေးမှုတွေပြုလုပ်ရာ တရားမဝင်လုပ်ကိုင်ကြတဲ့ မြန်မာလုပ်သားတွေလည်းပါဝင်နေတယ်လို့ ဖော်ပြပါတယ်။

ဒါ့အပြင် Jabatan Imigresen Malaysia Negeri Johor ရဲ့ဖော်မှုအရ ဖမ်းဆီးခံရတဲ့ မြန်မာလုပ်သားတွေကို လေကြောင်းကတဆင့် နေ့စဉ်နီးပါး နေရပ်ပြန်ပို့နေရာ မြန်မာလုပ်သားတွေလည်း ပါဝင်နေကြောင်း ဖော်ပြပါတယ်။

စစ်တပ်လက်အောက်ခံ ကွာလာလမ်ပူမြို့ မြန်မာသံရုံးရဲ့ ဖော်ပြမှုအရ ပြီးခဲ့တဲ့သုံးလအတွင်း မလေးရှားအစိုးရက မြန်မာလုပ်သား ၄၀၀၀ ကျော်ကို နေရပ်ပြန်ပို့ခဲ့ပါတယ်။

လေကြောင်းတဆင့် နေရပ်ပြန်ပို့တဲ့ မြန်မာလုပ်သားအရေအတွက်ဟာ အောက်တိုဘာ ၁၃ရက်မှာ ၃၃ဦး၊ အောက်တိုဘာ ၁၄ရက်မှာ ၁၀၁ ဦး၊ အောက်တိုဘာ ၁၅ရက်မှာ ၈၇ ဦး၊ အောက်တိုဘာ ၂၀ ရက်မှာ ၁၁၂ဦး ၊ အောက်တိုဘာ ၂၁ရက်မှာ ၉၄ ဦးနဲ့ အောက်တိုဘာ ၂၂ ရက်မှာ ၈၁ ဦး စုစုပေါင်း ၅၀၀ကျော် နေရပ်ပြန်ပို့ခဲ့ပါတယ်။

ဒါ့အပြင် စစ်တပ်က အောက်တိုဘာ လဆန်းပိုင်းမှာ မြန်မာလုပ်သား ၁၅၀၀ ခန့်ကို သင်္ဘောနဲ့ သွားရောက်ခေါ်ဆောင်ခဲ့ပါသေးတယ်။ စက်တင်ဘာမှာ ၉၅၄ ဦးနဲ့ ဩဂုတ်လမှာ ၁၀၆၁ ဦးကို နေရပ်ပြန်ပို့ခဲ့ပါသေးတယ်။

” မလေးရှားအစိုးရက ကြေညာထားတာက တရားမဝင်တွေလည်းအခု နေရပ်ပြန်ချင်ရင်ပြန်လို့ရတယ်။ ဒါပေမယ့် ဒဏ်ကြေးကို တစ်ယောက် ရင်းဂစ် ၅၂၀ ပေးဆောင်ရတယ်။ ၅၂၀ ဆောင်ရင်ပြန်လို့ရတယ်။ အဲတော့ သူတို့က ဝင်ငွေရတော့ အတင်းပြန်လွှတ်နေတာ”လို့ မလေးရှားမှာ နှစ်ပေါင်း ၂၀နီးပါးကြာ နေထိုင်လုပ်ကိုင်နေသူတစ်ဦးက သုံးသပ်ပါတယ်။ နေရပ်ပြန်ပို့ခံရတဲ့သူတွေဟာ မလေးရှားအစိုးရကို ဒဏ်ကြေးအဖြစ် ကျပ် ၅သိန်းကျော် ပေးဆောင်နေရတာ ဖြစ်ပါတယ်။

စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်းပြည်တွင်းမှာ အလုပ်အကိုင်ရှားပါးလာမှုနဲ့ စစ်တပ်က လူငယ်တွေကို စစ်မှုထမ်းအဖြစ် ပေါ်တာဆွဲခေါ်ဆောင်နေမှုတွေကြောင့် လူငယ်အများအပြားဟာ တရားမဝင်နည်းလမ်းနဲ့ ပြည်ပကိုထွက်ခွာ အလုပ်လုပ်ကိုင်နေကြပါတယ်။ အိမ်နီးချင်းထိုင်းနိုင်ငံကိုလည်း တရားမဝင်နည်းလမ်းနဲ့ သွားရောက်မှုတွေကြောင့် လမ်းခုလပ်တွေမှာ ဖမ်းဆီးခံနေရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

CI အဂတိကိစ္စတွေကြောင့် မြန်မာလုပ်သား တစ်သန်းလောက် တရားဝင်စနစ်ပြင်ပ ရောက်သွားနိုင်တယ်လို့ လုပ်သားအရေး ဆောင်ရွက်သူတွေ သတိပေး

သတင်း

ထိုင်းနိုင်ငံရောက် မြန်မာအလုပ်သမားတွေအတွက်မည်သူမည်ဝါဖြစ်​ကြောင်းသက်​သေခံလက်မှတ် (CI) ထုတ်ပေးတဲ့စင်တာမှာ အာဏာသိမ်း မြန်မာစစ်တပ်က ခန့်အပ်တဲ့ အာဏာပိုင်တွေ ခြယ်လှယ် ကြီးစိုးနေသလို ၊စစ်​ခေါင်း​ဆောင်မိသားစုနဲ့ နီးစပ်သူ​တွေလုပ်ခွင့်ရထားကြောင်း ထိုင်းသတင်းထောက်တဦးကထပ်မံဖော်ထုတ်ရေးသားပါတယ်။

သတင်း

ထိုင်းနိုင်ငံမှာ မြန်မာရွှေ့ပြောင်းလုပ်သားတွေအတွက် စစ်အုပ်စုက လုပ်ပေးနေတဲ့ မည်သူမည်ဝါဖြစ်ကြောင်း သက်သေခံလက်မှတ် (CI) ထုတ်ပေးမှု လုပ်ငန်းစဉ်ကို သတင်းလာယူတဲ့ ထိုင်းသတင်းထောက်တစ်ဦးကို အာဏာသိမ်းစစ်တပ် လက်အောက်ခံ အရာရှိတွေက ခြိမ်းခြောက်တာ၊ နှောင့်ယှက်တာ၊ သတင်းရယူခွင့် ကန့်သတ်တာတွေ လုပ်ခဲ့တယ်လို့ ကာယကံရှင် သတင်းထောက်က လူမှုကွန်ရက်မှာ ဒီကနေ့ ရေးသားပါတယ်။

သတင်း

ထိုင်းနိုင်ငံမှာ အလုပ်လုပ်ကိုင်နေကြတဲ့ မြန်မာလုပ်သားတွေကို စစ်အုပ်စုက ထုတ်ပေးနေတဲ့ မည်သူမည်ဝါဖြစ်ကြောင်း သက်သေခံလက်မှတ် (CI) စင်တာတွေမှာ လာလုပ်သူ မရှိသလောက် ဖြစ်နေပြီး မြန်မာလုပ်သားတွေ CI မလုပ်ရေး ကမ်ပိန်းမှာ ပူးပေါင်းပါဝင်နေတယ်လို့ ထိုင်းရောက် မြန်မာလုပ်သားအရေး ကူညီပေးနေသူတွေက ပြောပါတယ်။

Facebook