Connect with us

Hi, what are you looking for?

သတင်း

ကျပ်​ငွေတန်ဖိုးဆက်ကျပြီး ​ဒေါ်လာအပါအဝင် နိုင်ငံခြား​ငွေ​ဈေးဆက်တက်

ရွှေ​ဈေး ၁ ကျပ်သားသိန်း ၁၀၀ ပြန်​ကျော်

ဓါတ်ပုံ-AFP

နို၀င်ဘာ-၃၊၂၀၂၆။ဇော်၀င်း/People’s Spring

ပြည်တွင်း​​ငွေ​ကြေး​ဈေးကွက်မှာ ကျပ်​ငွေတန်ဖိုးဆက်ကျ​နေပြီး ဒေါ်လာ နဲ့ နိုင်ငံခြားငွေလဲနှုန်းတွေ ဆက်တိုက်မြင့်တက်နေပါတယ် ။

ဒါ့အပြင် ပြည်တွင်းရွှေဈေးလည်း တစ်ကျပ်သားသိန်းတစ်ရာ ပြန်ကျော်လာတယ်လို့ ရွှေ‌၊ငွေဈေးကွက်ထဲက စုံစမ်းသိရပါတယ်။

ဘက်ဂျက်လိုငွေအတွက် စစ်တပ်လွှတ်တော်ကတဆင့် ဗဟိုဘဏ်ဆီက‌ချေးယူခွင့်ပြုခဲ့ပြီးနောက် လွန်ခဲ့တဲ့ နှစ်ပတ်ကျော်ကစပြီး ကျပ်​ငွေတန်ဖိုးပိုကျလာကာ နိုင်ငံခြားငွေလဲနှုန်းတွေစတင်မြင့်တက်လာခဲ့ပါတယ်။ ဒီကနေ့(နို၀င်ဘာ ၃ ရက်)မှာ တစ်ဒေါ် လာငွေလဲနှုန်းက ကျပ် ၄,၈၀၀ ကျော်‌ပြီလို့ ငွေလဲလှယ်သူတချို့က ​ပြောပါတယ်။

Public Service Announcement

Public Service Announcement

” FATF(နိုင်ငံတကာငွေကြေးခဝါချမှု စောင့်ကြည့်အရေးယူရေးအဖွဲ့)ရဲ့ မြန်မာအပေါ် ဆုံးဖြတ်ချက်ကြောင့်ပါသလို ကျပ်ငွေအသစ်တွေ ထပ်ထွက်တော့မယ်လည်း ကြားတယ်။အဲဒါကြောင့် နှစ်ရက်ထဲနဲ့ ကိုတစ်ဒေါ်လာက ကျပ်တစ်ရာလောက်တက်လာတယ်။ထပ်တက်ဖို့ ရှိနိုင်သေးတယ်”လို့ နိုင်ငံခြားငွေလဲလှယ်သူ တစ်ဦးက ပြောပါတယ်။

နို၀င်ဘာ ၁ ရက်က တစ်ဒေါ်လာငွေလဲနှုန်း ကျပ် ၄,၇၀၀ ၀န်းကျင်ရှိခဲ့ပြီး နိုဝင်ဘာ ၃ ရက်မနက်ပိုင်းမှာ ၄,၈၃၀ ကျပ် နီးပါးရှိနေတယ်လို့ သိရပါတယ်။

မြန်မာရွှေ့ပြောင်းလုပ်သားတွေ အများစုရှိတဲ့ ထိုင်းနိုင်ငံ ဘတ်ငွေဈေးကလည်း ဒီ​နေ့တစ်ဘတ်ကို ၁၄၃ ကျပ် နီးပါးရှိနေတယ်လို့ ပြင်ပငွေလဲနှုန်းဈေးကွက်တွေမှာ ဖော်ပြထားပါတယ်။

နိုင်ငံခြားငွေလဲနှုန်းတွေတက်တာက ကျပ်ငွေ တန်ဖိုးကျဆင်း မှု ဖြစ်ပြီး ပြည်ပမှတင်သွင်းသုံးစွဲနေရတဲ့ ဆေးဝါး၊ စက်သုံးဆီ၊ စားသုံးဆီ၊ လျှပ်စစ်ပစ္စည်းနဲ့ ကုန်ကြမ်းပစ္စည်းတွေ ‌ဈေးပိုတက်လာမှာဖြစ်ပါတယ်။

အဲဒီကတဆင့်ပြည်တွင်းထုတ်ကုန်တွေနဲ့ အ​ထွေ​ထွေကုန်ဈေးနှုန်း​တွေပါ လိုက်လံမြင့်တက်လာပြီး ဝင်ငွေနဲ့ အသုံးစရိတ် မမျှတတော့တာတွေက လက်ရှိ ပြည်သူတွေ ရင်ဆိုင်နေရတဲ့ အခြေအနေဖြစ်ပါတယ်။

အကျဘက်ရောက်နေတဲ့ ကမ္ဘာ့ရွှေဈေးနဲ့အတူ ပြည်တွင်းရွှေဈေးကလည်း အောက်တိုဘာ နောက်ဆုံးပတ်က ၁၆ ပဲရည်တစ်ကျပ်သားသိန်းတစ်ရာ အောက် ရောက်ခဲ့ပေမယ့် ဒီကနေ့မှာ သိန်းတစ်ရာပြန်ကျော်လာတယ်လို့ ရွှေဈေးကွက်ကနေ သိရပါတယ်။

“အပြင်ဈေးကွက်ရော ဆိုင်ဈေးရောအကုန်ပြန်တက်တယ်။တစ်ကျပ်သား နှစ်သိန်းလောက်ပေါ့။ကမ္ဘာ့ရွှေဈေးလည်း ပြန်တက်နေတယ်”လို့ ရွှေဈေးကွက်စောင့်ကြည့်သူတစ်ဦးက ပြောပါတယ်။

စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ဒေါ်လာဈေးနဲ့ရွှေဈေးတက်မှုတွေအတွက် ငွေလဲကုန်သည်၊ ရွှေကုန်သည် အပါအ၀င် စီးပွားရေးလုပ်ငန်းရှင်တချို့ကို စစ်တပ်ကအပြစ်ပုံချ ဖမ်းဆီးခဲ့တာ၊စစ်ဆေးနေတာတွေရှိနေပါတယ်။

ပြည်ပသွင်းကုန်တွေကို လျှော့ချတာ ပို့ကုန်လုပ်ငန်းရှင်တွေရတဲ့ငွေကို တင်းကြပ်တာ၊​ဒေါ်လာကိုင်​ဆောင်မှုကန့်သတ်တာ အစရှိတဲ့ စစ်တပ်ရဲ့ ဒေါ်လာငွေချုပ်ကိုင်မှုတွေအပါအ၀င် လျှပ်စစ်မီးမမှန်တာ နဲ့ ပြည်တွင်းပဠိပက္ခတွေကြောင့် မြန်မာစီးပွားရေးကျဆင်းမှုနဲ့ ဆင်းရဲမွဲတေမှုတွေပိုးဆိုးရွား‌နေဆဲလို့ ကု လသမဂ္ဂ နဲ့ စီးပွားရေးစစ်တမ်းတွေက ထုတ်ပြန်ထားပါတယ်။

ဆက်စပ်သတင်းများ

Facebook