နိုဝင်ဘာ၂-၂၀၂၆။ကတ်သရင်း/ People’s Spring
မန္တလေးတိုင်း၊မတ္တရာမြို့နယ်မှာ ကားလမ်းဘေး ကျေးရွာအများစုကို စစ်တပ်က ညနေ ၆နာရီ နောက်ပိုင်း မထွက်ရအမိန့် ထုတ်ပြီး ပေါ်တာဆွဲဖမ်းဆီးတာတွေဆက်တိုက်လုပ် နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
မတ္တရာမြို့နယ်အတွင်းက ရေနံ့သာ၊စကျင်၊တံငါသည်၊ပန်းယျစတဲ့ ကျေးရွာတွေအပါအဝင် ကားလမ်းအနီး ကျေးရွာတွေအားလုံးကို ညနေ၆နာရီ နောက်ပိုင်း မထွက်ဖို့စစ်တပ်က နှုတ်မိန့်ထုတ်ထားကာ ညနေ၆နာရီ နောက်ပိုင်း တွေ့သမျှ အမျိုးသားအားလုံးကို ကားပေါ် ဆွဲတင်တယ်လို့ ဒေသခံတွေက ပြောပါတယ်။
“ညနေဆို အိမ်စီးကားနဲ့ ပတ်ပြီ။ကားလမ်း ဘေးတ ကြောကရွာတွေ အဆိုးဆုံးပဲ။တအားဆွဲတာ။လယ်အပြန် တွေဘာတွေများ နောက်မကျနဲ့ ပါသွားတာပဲ။ဘယ်မှလိုက်ထုတ်မရဘူး “လို့ ဒေသခံ အမျိုးသမီးတစ်ဦးက ပြောပါတယ်။

Public Service Announcement
ကျေးရွာတွေ ဘက်ကဆွဲလာတဲ့ လူငယ်တွေက ပထမဆုံး မတ္တရာမြို့အတွင်းက အထွေအထွေအုပ်ချုပ်ရေးမှူးမြို့နယ်ရုံးအတွင်းမှာ ချုပ်ထားပြီး ဆေးစစ်တာ တွေလုပ်တယ်လို့သိရပါတယ်။
အဲဒီက နေ လူရွေးပြီး နေရာခွဲကာ စစ်မှုထမ်းသင်တန်း ကျောင်း တွေကို ပို့ ဆောင်တယ်လို့ စစ်ရေး သတင်းအရင်းမြစ်တချို့က ပြောပါတယ်။
“တချို့ တော်တော်ကလန်ကဆန်လုပ်ရင် ရိုက်နှက်ပြီး နန်းတွင်းထဲပို့တာလည်းရှိတယ်။၁၀ တန်းအောင်တဲ့ သူဆို ဗထူးပို့တာလည်းရှိတယ်။သူတို့ကျ တခြားအဆင့်တရစ် လောက် တော့ရတာ ပေါ့။နေရာ ကတော့အစုံခွဲပို့တာ”လို့ စစ် ရေး သတင်းအရင်းမြစ်တဦးက ပြောပါတယ်။
စစ်မှုထမ်းအတွက် ပေါ်တာဆွဲတာတွေကို စစ်အုပ်စုက လကုန်ခါနီးတပတ်အလိုနဲ့လကုန်ပြီးတပတ်တို့မှာ ပိုမိုလုပ် လေ့ရှိတယ်လို့ သိရပါတယ်။
လကုန်ခါနီး တပတ်အလိုမှာဆိုရင် နေ့ခင်း စစ်တပ်ဂိတ်ဖြတ်ချိန်မှာ ဂိတ်က နေဆွဲလိုက်တာ တွေလည်းရှိတယ်လို့ သိရပါတယ်။





















































