နိုဝင်ဘာ-၂၊၂၀၂၆။ကတ်သရင်း/People’s Spring
စစ်ကိုင်းတိုင်း၊ အင်းတော်မြို့နယ်၊ကျောင်းကုန်းကျေးရွာကို စစ်တပ်က ဝင်ရောက်ပစ္စည်းတွေယူပြီး မီးရှို့သွားတယ်လို့ ဒေသခံ တွေက ပြောပါတယ်။
ယခင်က လယ်ပြင်မှာတိုက်ပွဲတွေဖြစ်နေတဲ့စစ်တပ်ဟာ အိုက်မကျေးရွာကို အောက်တိုဘာ ၃၁ ရက်က ဝင်ရောက်ခဲ့ပြီး နိုဝင်ဘာ ၁ရက်က ကျောင်းကုန်းကျေးရွာကို ဝင်ရောက်မီးရှို့ခဲ့တာလို့ သိရပါတယ်။
“ရိက္ခာဝင်ရှာတာဖြစ်မယ်။အိုက်မနဲ့ ကျောင်းကုန်းရွာကနီးတယ်။အဲဒီရွာက ပြည်သူပိုင် ကားတချို့ကိုလည်း ယူသွားတယ်လို့ သိရတယ်”လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

Public Service Announcement
ဝန်းသိုမြို့နယ်ဘက်ကစစ်ကြောင်းပါ အင်းတော်မြို့နယ်ရောက်လာပြီးနောက် ထိတွေ့တိုက်ပွဲအနည်းငယ် ဖြစ်တာ မျိုးရှိပေမယ့် တိုက်ပွဲကြီး မဖြစ်သေးဘူးလို့ သိရပါတယ်။
လက်ရှိမှာ ဝန်းသိုမြို့နယ်ကထွက်လာတဲ့ စစ်တပ်စစ်ကြောင်းဟာ ပိန်းနှဲကုန်းကျေးရွာဘက်မှာ ရှိနေသ သေးပြီး ယခင်လယ်ပြင်မှာပိတ်မိပြီး တိုက်ခိုက်ခံနေရတဲ့စစ်ကြောင်းဟာ ဗုဓ္ဓလက်နဲ့အိုက်မ ကျေးရွာတို့ကိုခွဲထိုင်ထားတယ်လို့ သိရပါတယ်။
နိုဝင်ဘာ ၁ရက်ကလည်း စစ်တပ်က မန္တလေးမြို့ကနေ ကားအစီး ၆၀ ကျော်ကို သပိတ်ကျင်းနဲ့ ထီးချိုင်း၊အင်းတော်မြို့နယ်တို့ကို ပို့ထားတယ်လို့ သိရပါတယ်။





















































