Connect with us

Hi, what are you looking for?

သတင်း

မုံရွာ ဘုရားကြီးပွဲလာတဲ့ ချင်းတွင်းမြစ်အနောက်ဘက်ကမ်းက လူငယ်တွေ အုပ်စုလိုက်ပျောက်ဆုံး

စစ်ကိုင်းတိုင်း၊ မုံရွာမြို့က ဘုရားကြီးပွဲကိုလာတဲ့ ချင်းတွင်းမြစ်အနောက်ဘက်ကမ်းက လူငယ်တွေ အုပ်စုလိုက်ပျောက်ဆုံးမှုဖြစ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

(မုံရွာဘုရားကြီးပွဲ လာရောက်လည်ပတ်သူများအား တွေ့ရစဥ် ဓါတ်ပုံံ-Screen Grab)

နိုဝင်ဘာ ၃၊ ၂၀၂၆။ ဇေအောင်/People’s Spring

စစ်ကိုင်းတိုင်း၊ မုံရွာမြို့က ဘုရားကြီးပွဲကိုလာတဲ့ ချင်းတွင်းမြစ်အနောက်ဘက်ကမ်းက လူငယ်တွေ အုပ်စုလိုက်ပျောက်ဆုံးမှုဖြစ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

မနေ့က နိုဝင်ဘာ ၂ ရက် ညက မုံရွာမြို့ပေါ်မှာ ပြုလုပ်နေတဲ့ ဘုရားကြီးပွဲကို သွားကြတဲ့ ချင်းတွင်းမြစ်အနောက်ဘက်ကမ်း ဆားလင်းကြီးမြို့နယ်၊ ညောင်ပင်ကြီးရွာက လူငယ်အများအပြား ပြန်မလာဘဲ ပျောက်ဆုံးနေကြောင်း ဒေသခံတွေက ပြောပါတယ်။

“ညမိုးချုပ်တာ။ စက်လှေတွေနဲ့လာကြတာ အုပ်လိုက်ကြီး။ စက်လှေဆိပ်မှာကို ဘန်ကာတွေချထားတာကို လာကြတာ။ ပါသွားတာလား ဘယ်ရောက်နေမှန်းကို မသိရတာ။ အစအနကို မရဘူး”လို့ မုံရွာမြို့ခံ အမျိုးသားတစ်ဦးက ပြောပါတယ်။

Public Service Announcement

Public Service Announcement

ဘုရားပွဲလာပြီး ပျောက်ဆုံးသွားတဲ့ လူငယ်အရေအတွက်ကိုတော့ မသိရသေးပါဘူး။

အခြားသတင်းရင်းမြစ်တွေအရ မနေ့ညက တညတည်းတင် မုံရွာမြို့မှာ ပွဲတော်အပြန် လူငယ် ၃၀ ကျော် ပေါ်တာဆွဲခံရကြောင်း သတင်းတွေထွက်ပေါ်နေပြီး အတည်ပြုလို့ မရသေးပါဘူး။

အလားတူ ဘုရားကြီးပွဲလာတဲ့ လူငယ်တချို့ ပေါ်တာဆွဲခံရပြီးနောက် ကျပ်သိန်းဆယ်ချီနဲ့ ပြန်ရွေးရတဲ့အခြေအနေတွေလည်း ရှိနေကြောင်း မြို့ခံအချို့က ပြောပါတယ်။

စစ်တပ်ဟာ မုံရွာမြို့ ဘုရားကြီးပွဲတော်ရက် စတင်တဲ့ရက်ကနေ မုံရွာ နန်ချွန်စက်လှေဆိပ်နဲ့ အောက်ဇတ်ဆိပ်မှာ လုံခြုံရေးကင်းတွေ ချထားတယ်လို့ သိရပါတယ်။ ပွဲတော်ကို လာမယ့် နိုဝင်ဘာ ၉ ရက်အထိ ကျင်းပသွားမယ်လို့ ဆိုပါတယ်။

အာဏာသိမ်းစစ်တပ်ဟာ မုံရွာမြို့ပေါ်မှာ လူငယ်တွေကို စစ်မှုထမ်းဖို့ ပေါ်တာဆွဲနေတာကြောင့် သီတင်းကျွတ်လပြည့်နေ့မတိုင်မီအဖိတ်နေ့က ဘုရားပွဲလာလည်သူ မရှိသလောက် နည်းပါးခဲ့ပေမဲ့ စစ်တပ်က ဘုရားပွဲကာလ ပေါ်တာမဆွဲဘူးဆိုလို့ လပြည့်နေ့ညမှာ ဘုရားပွဲလာသူတွေ များပြားခဲ့ကြောင်း မြို့ခံအချို့က ပြောပါတယ်။

အာဏာသိမ်းစစ်တပ်ဟာ တိုင်းပြည်အေးချမ်းနေသယောင် ပုံရိပ်ကို တည်ဆောက်ဖို့အတွက် ရန်ကုန်၊ မန္တလေးအပါအဝင် တော်လှန်ဒေသတွေဖြစ်တဲ့ စစ်ကိုင်းနဲ့ မကွေးတိုင်းက မြို့ကြီးတွေမှာပါ ပွဲလမ်းသဘင်ဖျော်ဖြေပွဲတွေ ဆက်တိုက်ပြုလုပ်စေဖို့ အားပေးနေပါတယ်။

ဆက်စပ်သတင်းများ

Facebook