Connect with us

Hi, what are you looking for?

သတင်း

ဓနုတော်လှန်ရေးတပ်-DSNDA ၃နှစ်ပြည့် အညာမှာ ပြုလုပ်

ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် -DSNDA ရဲ့၃ နှစ်ပြည့် အခမ်းအနားကို အညာဒေသတစ်နေရာမှာ ကျင်းပခဲ့ပါတယ်။

ဓါတ်ပုံ-DSNDA

နိုဝင်ဘာ-၃၊၂၀၂၆။အိမ်သွင်/People’s Spring

ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် -DSNDA ရဲ့၃ နှစ်ပြည့် အခမ်းအနားကို အညာဒေသတစ်နေရာမှာ ကျင်းပခဲ့ပါတယ်။

အာဏာသိမ်းစစ်တပ်ကိုတော်လှန်တိုက်ခိုက်နေတဲ့ DSNDA တပ်ဖွဲ့ဟာ ရှမ်းပြည်နယ်တောင်ပိုင်း ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရန်ဒေသမှာ ဖွဲ့စည်းခဲ့တာဖြစ်ပြီး နိုဝင်ဘာလ၂ရက်နေ့မှာ ၃နှစ်ပြည့်မြောက်ခဲ့တာဖြစ်ပါတယ်။

DSNDAရဲဘော်တွေဟာ နေရာဒေသအသီးသီးမှာ တာဝန်ထမ်းဆောင်နေတဲ့အတွက် ၃ နှစ်ပြည့် အခမ်းအနားကို ခမ်းခမ်းနားနားမလုပ်နိုင်ခဲ့ကြောင်း နိုဝင်ဘာလ၃ရက်နေ့မှာ အသိပေးထားပါတယ်။

Public Service Announcement

Public Service Announcement

DSNDA တပ်ဖွဲ့ဟာ ရှမ်းပြည်နယ်တောင်ပိုင်းနဲ့ မန္တလေးတိုင်းနယ်စပ်မှာပြီးခဲ့တဲ့ အောက်တိုဘာလလယ်က စစ်တပ်စစ်ကြောင်းကိုတိုက်ခိုက်ခဲ့ပါတယ်။ ရွာငံမြို့နယ်နဲ့ သာစည်မြို့နယ်အစပ်မှာ တိုက်ပွဲအပြင်းအထန်ဖြစ်ပွားခဲ့တာပါ။ အဲဒီတိုက်ပွဲမှာ စစ်တပ်ကအရာရှိနှစ်ဦးအပါအဝင်၁၀ဦးသေဆုံးပြီး လက်နက်ခဲယမ်းတွေလည်းသိမ်းဆည်းနိုင်ခဲ့တယ်လို့DSNDAက ထုတ်ပြန်ခဲ့ပါတယ်။

ဒေသခံတွေအနေနဲ့စစ်ရေးသတိရှိကြဖို့လည်း တိုက်တွန်းထားပါတယ်။

ဆက်စပ်သတင်းများ

Facebook