နိုဝင်ဘာ ၁၄၊ ၂၀၂၆။ ဇေအောင်/People’s Spring
မန္တလေးတိုင်း၊ ကျောက်ဆည်ခရိုင်က မြစ်သားမြို့နယ်နဲ့ တံတားဦးမြို့နယ်တွေမှာ မိုးများလို့ ကြက်သွန်ခင်းတွေ ရေမြုပ်ပြီး ပျက်စီးဆုံးရှုံးမှုတွေရှိနေကြောင်း ဒေသခံတောင်သူတွေက ပြောပါတယ်။
ပြီးခဲ့တဲ့ နိုဝင်ဘာ ၈ ရက်ကနေ ၁၁ ရက်ဝန်းကျင်အထိ ဆက်တိုက်ရွာသွန်းခဲ့တဲ့မိုးကြောင့် ကြက်သွန်အဓိက စိုက်ပျိုးရာဒေသဖြစ်တဲ့ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်က ကြက်သွန်ခင်းတွေ ရေဝင်ပြီး ပျက်စီးမှုတွေ ရှိခဲ့ကြောင်း ဒေသခံတောင်သူတွေက ပြောပါတယ်။
“မိုးကများတော့ အကုန်ရေမြုပ်ကုန်တယ်။ အမြန်ဖော်ရတယ်။ ဒါတောင် ပုပ်ကုန်တာတွေ ဖြစ်ဦးမှာ”လို့ ဒေသခံတောင်သူတစ်ဦးက ပြောပါတယ်။

Public Service Announcement
အလားတူ ကျောက်ဆည်ခရိုင်၊ တံတားဦးမြို့နယ်က ကြက်သွန်ခင်းတွေလည်း ရေမြုပ်ပျက်စီးတာတွေရှိကြောင်း ဒေသခံတွေက ပြောပါတယ်။
ရေမြုပ်ခဲ့တဲ့ ကြက်သွန်တွေကို ရသလောက်ပြန်ဖော်နေပြပေမယ့် ရောင်းတန်းမရသေးတဲ့အရွယ်တွေသာရှိသေးတာ၊ ရေမြုပ်လို့ ပျက်စီးတာတွေပါ ရှိခဲ့တဲ့အတွက် ဆုံးရှုူံးမှုတှရှေိကွောငျး သိရပါတယ်။
ကြက်သွန်နီစိုက်ပျိုးစရိတ်မှာလည်း တစ်ဧက ကျပ်သိန်း ၅၀ ထက်မနည်း ရှိကြောင်း၊ တောင်သူတွေဟာ တစ်ပိဿာ ကျပ် သုံးထောင်ကနေ ငါးထောင်ခန့်သာ ရရှိပေမယ့် ပြင်ပပေါက်စျေးမှာတော့ ကျပ်တစ်သောင်းကျော်ကနေ နှစ်သောင်းဝန်းကျင်အထိ စံချိန်တင် စျေးမြင့်တက်နေကြောင်း စျေးကွက်အတွင်းက စုံစမ်း သိရရှိပါတယ်။
ပြီးခဲ့တဲ့ရက်ပိုင်းက ရွာသွန်းခဲ့တဲ့မိုးကြောင့် မန္တလေးတိုင်း၊ စစ်ကိုင်းတိုင်းနဲ့ မကွေးတိုင်းက စိုက်ပျိုးသီးနှံတွေ ဧကအများအပြား ပျက်စီးခဲ့ကြောင်း သိရပါတယ်။




















































