Connect with us

Hi, what are you looking for?

သတင်း

စစ်တပ် လေကြောင်းတိုက်ခိုက်မှုကြောင့်ဒဏ်ရာရတဲ့ အဘွားအိုကို တော်လှန်ရေးရဲဘော်တွေ ကယ်ထုတ်စဉ် သေဆုံး

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်အနောက်ခြမ်းက ကျေးရွာတွေကို စစ်တပ်က လေကြောင်းတိုက်ခိုက်ခဲ့ရာ လေယာဉ်ပစ်လက်နက်ကြီးထိမှန်ခဲ့တဲ့ (၇၈)နှစ်အရွယ် အဘွားအိုကို တော်လှန်ရေးတပ်တွေ ကယ်ထုတ် နေကြတဲ့ ရုပ်သံဖိုင်ကို မတ္တရာမြို့နယ်၊ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)က ထုတ်ပြန်လာပါတယ်။

(သေဆုံးခဲ့ရတဲ့ အဘွားအိုနဲ့ အမျိုးသမီးတစ်ဦးကို တွေ့ရစဉ်။ ဓာတ်ပုံ - CJ)

နိုဝင်ဘာ-၁၄၊၂၀၂၆။ကတ်သရင်း/People’s Spring

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်အနောက်ခြမ်းက ကျေးရွာတွေကို စစ်တပ်က လေကြောင်းတိုက်ခိုက်ခဲ့ရာ လေယာဉ်ပစ်လက်နက်ကြီးထိမှန်ခဲ့တဲ့ (၇၈)နှစ်အရွယ် အဘွားအိုကို တော်လှန်ရေးတပ်တွေ ကယ်ထုတ် နေကြတဲ့ ရုပ်သံဖိုင်ကို မတ္တရာမြို့နယ်၊ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)က ထုတ်ပြန်လာပါတယ်။

အဲဒီရုပ်သံဖိုင်ဟာ အောက်တိုဘာ ၁၆ရက် ည‌နေ၄နာရီမှာ တံတားဦးလေတပ်က တက်လာတဲ့ဂျက်ဖိုက်တာနဲ့ စစ်တပ်က မတ္တရာမြို့နယ်အနောက်ခြမ်း၊မြစ်ကမ်းဘေး ကျေးရွာတွေဖြစ်တဲ့ ရေလည်ကျွန်း၊မိုးကြိုးနဲ့ အိုက်ဒိုင်ရွာတို့ကို ဗုံးကြဲတာ၊ စက်လက်တွေနဲ့ ပစ်ခတ်သွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒီရုပ်သံဖိုင်ထဲက အဘွားအိုဟာ မိုးကြိုးရွာက ဒေါ်ညွှန့်ဖြစ်ပြီး လေယာဉ်ပစ်လက်နက်ကြီးထိမှန်ပြီး ပြင်းပြင်းထန်ထန်ဒဏ်ရာရခဲ့တာလို့ သိရပါတယ်။

Public Service Announcement

Public Service Announcement

မတ္တရာမြို့နယ်ပကဖရဲဘော်တွေက ကယ်ထုတ်ကာ ဆေးကုသပေးပေမယ့် ဆေးကုသစဉ်မှာပဲ သေဆုံးသွားတယ်လို့ ရဲဘော်တစ်ဦးက ပြောပါတယ်။

“တိုက်ပွဲလည်းမရှိဘဲနဲ့ ရေလည်ကျွန်းကို ၄ကြိမ်လာကြဲတယ်။ပြီးတော့ စက်လက် တွေနဲ့ပါပစ်သွားတာ။ရအောင် တော့ကယ်ထုတ်ခဲ့ကြပေမယ့် အမျိုးသမီး၃ဦး အသက် ပေးလိုက်ရတယ်”လို့ ‌‌‌‌‌‌‌‌‌‌‌‌‌‌ဒေသခံတစ်ဦးက ပြောပါတယ်။သေဆုံးသူတွေဟာ အသက်၇၈အရွယ်နဲ့ အသက်၆၀၊၄၀ အရွယ်အမျိုးသမီး တွေဖြစ်တယ်လို့ သိရပါတယ်။

လေကြောင်းတိုက်ခိုက်မှုကြောင့် မိုးကြိုးကျေးရွာက အမျိုးသား ၁ဦး၊အမျိုးသမီး ၄ဦး ထိမှန်ပြီး ၁ဦး သေဆုံးခဲ့သလို ၊အိုက်ဒိုင်ရွာက အမျိုးသမီး၂ဦးလည်း ထိမှန် သေဆုံးခဲ့ပါတယ်။ဒါ့အပြင်ရေလည်ကျွန်းရွာမှာလည်း အမျိုးသား၂ ဦးလည်း ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။

စစ်တပ်က မတ္တရာနဲ့ စဉ့်ကူးမြို့နယ်တို့ကမြစ်ကမ်းအနီး ကျေးရွာတွေကို လေကြောင်း၊ဒရုန်း၊လက်နက်ကြီး ပစ်ခတ်မှု တွေမကြာခဏလုပ်နေပြီး အမျိုးသမီးထိခိုက်သေဆုံးမှုတွေအများအပြားရှိတယ်လို့ သိရပါတယ်။

ဆက်စပ်သတင်းများ