နိုဝင်ဘာ-၁၄၊၂၀၂၆။ကတ်သရင်း/People’s Spring
စစ်ကိုင်းတိုင်း၊ မော်လူးမြို့အနီးမှာ ၁၀ရက်မြောက်အထိတိုက်ပွဲ ဆက်ဖြစ်နေပြီး စစ်တပ်ရဲ့ လေကြောင်းက နေဗုံးကြဲမှုကြောင့် တောရကျောင်းထိုင်ဆရာတော် ၁ပါး နဲ့သံဃာတွေ အပြင်းအထန်ဒဏ်ရာရထားတယ်လို့ တော်လှန်ရေးသတင်းအရင်းမြစ်တွေက ပြောပါတယ်။
နိုဝင်ဘာ ၁၄ ရက် ဒီနေ့မှာ မော်လူးမြို့အနီးဝန်းကျင်နဲ့ မာန်ဟဲဘက်မှာ လက်နက်ကြီးပစ်ခတ်သံနဲ့ တိုက်ပွဲဖြစ်ပွားမှုတွေ ဆက်ဖြစ် နေဆဲဖြစ်တယ်လို့ သိရပါတယ်။
နိုဝင်ဘာ ၁၂ရက် ညပိုင်းမှာ Y-12နဲ့ ဗုံးအလုံး ၅၀ ကျော်ကြဲချခဲ့တာလို့ သိရပါတယ်။

Public Service Announcement
လေကြောင်းတိုက်ခိုက်မှုမှာ မော်လူးမြို့နဲ့ (၁)မိုင်ခန့်အရွာက တောရဘုန်းကြီးကျောင်းပေါ် ကျပြီး ကျောင်းထိုင်ဆရာတော်နဲ့ ဆရာတော်ရဲ့ မယ်တော်ကြီး၊ကိုရင်၂ပါးတို့ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။
“ဆရာ တော်ကစစ်ကိုင်းမှာ စာလာ ဖြေထားတဲ့ စာသင်သံဃာ တော်ဗျ။အသက်ကငယ်သေးတယ်။ခေါင်းထိတာ။မြစ်ကြီးနားဆေးရုံကနေ မရတော့လို့ မိုးကောင်းပြန် ခေါ်လာရတယ်။အခြေအနေ မကောင်းဘူး”လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
မနေ့ကလည်း နေ့ခင်းပိုင်းကစတင်ကာ စစ်တပ်က လေယာဉ်ကြဲမှု တွေဆက်တိုက်လုပ် ခဲ့တယ်လို့ သိရပါတယ်။
နိုဝင်ဘာ ၃ရက်ကတည်းက မန္တလေးမြို့ကနေ မြစ်ကြီးနားမြို့ကိုထွက်လာတဲ့ စစ်တပ်ယာဉ်တန်း အစီး ၁၂၀ ကိုမော်လူးမြို့အနီးမှာ KIAနဲ့တော်လှန် ရေးပူး ပေါင်းတပ်တွေက စုပေါင်းတိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။
အဲဒီယာဉ်တန်းတိုက်ခိုက်ခံရပြီး ကား ၁၀စီးနဲ့အထက် မော်လူးမြို့တွင်းမှာ ဒရုန်းချခံခဲ့ရတယ်လို့ သိရပါတယ်။
“စစ်ယာဉ်တန်းကို ချတဲ့အချိန်မှာ ပြည်သူကားအနည်းငယ်ထိခိုက်မိတာ တွေလည်းရှိပါတယ်။ဒါပေမယ့်နည်းပါတယ်စစ်ယာဉ်တန်းနဲ့ လိုက်ပြီးကုန်ပို့တဲ့ကား တွေကတော့ တိုက်ခံရမှာပဲ လေ။တချို့ကုန်သည်ကားတွေက ယာဉ်တန်းနဲ့ကျအရစ်မခံရလို့ ချိတ်ပြီး ကုန်ကား ရောလိုက်ပို့တာရှိတယ်။စစ်တပ်က လည်းပြည်သူ့ကုန်ကားပါတော့ သူတို့အတိုက်မခံရ အောင်ဆိုပြီးနှစ်ဖက်ညှိုသယ်ကြတာ။ဒီလိုကားတချို့တော့အတိုက်ခံရတာ ပေါ့”လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
စစ်ယာဉ်တန်းက ကားအစီး၈၀ ကတော့ မြစ်ကြီးနားဘက်ကိုဆက်ထွက်သွားနိုင်ပြီး လက်ရှိမှာ မော်လူးနဲ့မာန်ဟဲအနီးက စစ်တပ်အထိုင်စခန်းတွေ တိုက်ခိုက်ခံနေရတာလို့ သိရပါတယ်။




















































