နို၀င်ဘာ-၂၀၊၂၀၂၆။ဇော်၀င်း/People’s Spring
အထည်ချုပ်စက်ရုံတစ်ခုအပါအ၀င် ပြည်တွင်း၊ပြည်ပ ကုမ္ပဏီလေးခု စာရင်းရှင်းလင်းရပ်ဆိုင်တော့မယ်လို့ ကြေညာပါတယ်။
၂၀၁၀ ခုနှစ်ကတည်းက လုပ်ငန်းစတင်တည်ထောင်ခဲ့တဲ့ TAILOR GARMENT MANUFACTURING ကုမ္ပဏီ နဲ့ မော်တော်ယာဉ်မော် တော်ဆိုင်ကယ်တွေမှအပ တခြားလက်ကားရောင်းဝယ်ရေးလုပ်ငန်းတွေလုပ်ကိုင်နေတဲ့UNIအင်တာနေရှင်နယ်ထရိတ်ဒင်း ကုမ္ပဏီလီမိတက်တို့က စာရင်းရှင်းလင်းဖျက်သိမ်းမယ်လို့ ဒီကနေ့(နို၀င်ဘာ ၂၀ ရက်)ထုတ်စစ်တပ်ထိန်းချုပ်ထားတဲ့သတင်းစာတွေမှာ ကြေညာခဲ့ပါတယ်။
အစုရှယ်ယာရှင်တွေရဲ့ စာရင်းရှင်းလင်းမှုကို ဒီဇင်ဘာ ၁၇ ရက်နဲ့ ၁၈ ရက်နောက်ဆုံးထားပြီး ကုမ္ပဏီကို အပြီးသတ်ဖျက်သိမ်းမယ်လို့လည်း အသိပေးထားပါတယ်။

Public Service Announcement
ဒါ့အပြင် ဆောက်လုပ်ရေးနဲ့ပတ်သက်တဲ့ တိုမိုမြန်မာ ဂရု(ပ်) ကုမ္ပဏီလီမိတက်နဲ့ မော်တော်ယာဉ်အစိတ် အပိုင်းရောင်း၀ယ်ရေး DR.D COMPANY LIMITED တို့လည်း ပိတ်သိမ်းတော့မယ်လို့ နိုဝင်ဘာ ၁၉ ရက်ထုတ်သတင်းစာမှာ တွေ့ရပါတယ်။
အဲဒီကုမ္ပဏီနှစ်ခုရဲ့သက်တမ်းကလည်း ၁၀ နှစ်ကျော်ရှိပြီ ဖြစ်ကာ ဒီဇင်ဘာလမကုန်မီ အပြီးတိုင်ပိတ်သိမ်းတော့မယ်လို့ ဆိုပါတယ်။
ပြည်တွင်း၊ပြည်ပ ကုမ္ပဏီလုပ်ငန်းတွေရပ်ဆိုင်းမှု ကြေညာချက်တွေဟာအခုလပိုင်းအတွင်း စစ်ကောင်စီထိန်းချုပ်ထားတဲ့သတင်းစာတွေထဲမှာ ဆက်တိုက်ကြေညာလာကြပါတယ်။
“လုပ်ငန်းတွေ ရပ်ဆိုင်ကြတယ်ဆိုတာ ဘယ်လိုမှ တောင့်မခံနိုင်ကြတော့လို့ပါ။ အခြေခိုင်ပြီးသား ပြည်တွင်း စီးပွားရေးလုပ်ငန်းစုကြီးတွေကတော့ ဟန်မပျက်ပေမယ့် ကြားရသလောက်သူတို့လည်း အခက်အခဲတွေရှိနေတယ်။သွင်းကုန်ပိတ်လိုက်တော့ အစစအရာရာ ဈေးတက်ကုန်တာ။ပစ္စည်းထပ်ထုတ်မမရတာမျိုးတွေရှိတယ်။ကုန်ထုတ်လုပ်ငန်းတချို့ဆို ဒီအတိုင်းရပ်ထားရတာတွေ ရှိနေတယ်”လို့ ပြည်တွင်းစီးပွားရေးလုပ်ငန်းရှင်တစ်ဦးက ပြောပါတယ်။
ဒေါ်လာငွေ ထိန်းချုပ်ထားတဲ့ စစ်ကောင်စီရဲ့ သွင်းကုန်ထုတ်ကုန် ကန့်သတ်ချက်တွေ၊ငွေကြေးဖောင်းပွမှု (ကုန်ဈေးနှုန်းမြင့်တက်မှု)နဲ့ စစ်မှုထမ်းဥပဒေကြောင့်လုပ်သားရှားပါးလာတာတွေကစီပွားရေးလုပ်ငန်းတွေပြိုလဲရမှုအတွက်အဓိကအကြောင်းအရာဖြစ်နေတယ်လို့လုပ်ငန်းရှင်တွေက အသိပေးထားပါတယ်

























































