Connect with us

Hi, what are you looking for?

သတင်း

ICJ အမိန့်ချပြီးနောက်တစ်ရက် ကျပ်ငွေတန်ဖိုး ထပ်မံကျဆင်း

ICJ တရားရုံးက မြန်မာအပေါ်အမိန့်ချမှတ်ပြီး နောက်တစ်ရက်မှာ ကျပ်ငွေတန်ဖိုး ထပ်မံကျဆင်းနေတယ်လို့ ငွေလဲလုပ်ကိုင်သူတွေက ပြောပါတယ်။

နို၀င်ဘာ-၂၀၊၂၀၂၆။ဇော်၀င်း/People’s Spring

ICJ တရားရုံးက မြန်မာအပေါ်အမိန့်ချမှတ်ပြီး နောက်တစ်ရက်မှာ ကျပ်ငွေတန်ဖိုး ထပ်မံကျဆင်းနေတယ်လို့ ငွေလဲလုပ်ကိုင်သူတွေက ပြောပါတယ်။

လူမျိုးတုန်းသတ်ဖြတ်မှုအတွက် အပြစ်ရှိတယ်လို့မြန်မာအပေါ် အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) က အမိန့်ချမှတ်မှု၊ ဝန်ထမ်းတွေ လစာတိုးမြှင့်မယ့် အလားအလာနဲ့ ပြည်ပလုပ်သား၊ သင်္ဘောသားတွေရဲ့ တရားဝင်ငွေလွှဲနှုန်း တိုးမြှင့်လိုက်တာကြောင့် ငွေကြေးဈေးကွက်မှာ ကျပ်ငွေတန်ဖိုး ထပ်မံကျဆင်းနေတာလို့ ဆိုပါတယ်။

ဒီကနေ့ (နိုဝင်ဘာ ၂၀ ရက်) မနက်ပိုင်းကတည်း က တစ်ဒေါ်လာ ငွေလဲနှုန်းအရ ၅,၀၉၀ ကျပ် ကနေ နေ့လယ်ပိုင်းမှာ ကျပ် ၅,၁၄၀ အထိ ရှိလာနေပါတယ်။

Public Service Announcement

Public Service Announcement

ထိုင်း ဘတ်ဈေးကလည်း အတက်ဆုံးဖြစ်နေပါတယ်။ ကျပ်ပေးပြီး ဘတ်ဝယ်ဆိုရင် ၁ ဘတ်ကို ၁၅၂ ကျပ်၀န်းကျင် (ကျပ်တစ်သိန်းမှာ ၆၅၇ ဘတ်) အထိ ဈေးတက်လာတယ်လို့ ဘတ်ငွေလဲနေသူတစ်ဦးက ပြောပါတယ်။

“ကျပ်ငွေတန်ဖိုးကျတာက စိုးရိမ်ရတဲ့ မျှော်မှန်းချက်တွေကြောင့်ပါသလို ဒေါ်လာလိုအပ်ချက်တခုတည်းကြောင့် လည်းမဟုတ်ဘူး။ ငွေလွှဲပေးစေချင်လို့ မက်လုံးပေးလိုက်တာက ဈေးကွက်မှာ မနေ့ကက တည်းက တစ်ဒေါ်လာ ငါးထောင်ကျော် သွားတာပဲ။ပြီးတော့ ၀န်ထမ်းလစာငွေတိုးမယ်ဆိုတဲ့ အစီအစဉ်က အစိုးရအသုံးစရိတ်တိုးလာပြီး ငွေကြေးဖောင်းပွမှုဆိုတာ စီးပွားရေးလာဘ်မြင်တဲ့သူတိုင်းရှိတယ်”လို့ ပို့ကုန်လုပ်ငန်းရှင်တစ်ဦးက ပြောပါတယ်။

” ICJ ကြောင့်ရော၊ ချေးငွေတွေကို ရိုက်ထုတ်တော့မယ့်သတင်း ထွက်နေတာ အဲဒါတွေကြောင့် ကျပ်ဈေးကျနေတာ”လို့ ငွေလဲလုပ်ကိုင်သူတစ်ဦးက ပြောပါတယ်။

ပြီးခဲ့တဲ့အောက်တိုဘာက ဘက်ဂျက်လိုငွေအတွက် စစ်တပ်လွှတ်တော်ကတဆင့် ဗဟိုဘဏ်ဆီကချေးယူခွင့်ပြုခဲ့တာကြောင့် နိုင်ငံခြားငွေလဲနှုန်းတွေမြင့်တက်ခဲ့တာနဲ့ နိုင်ငံတကာငွေကြေးခဝါချမှု စောင့်ကြည့်အရေးယူရေအဖွဲ့ (FATF) ရဲ့ မြန်မာအပေါ် ကန့်သတ်မှုတွေ ဆက်လုပ်မယ်ဆိုတဲ့ ဆုံးဖြတ်ချက်တွေကြောင့် ကျပ်ငွေ တန်ဖိုးကျဆင်းမှုတွေ ဆက်တိုက်ဖြစ်လာခဲ့တာပါ။

နိုင်ငံခြားငွေလဲနှုန်းတွေတက်တာက ကျပ်ငွေ တန်ဖိုးကျဆင်းမှု ဖြစ်ပြီး ပြည်ပကတင်သွင်းသုံးစွဲနေရတဲ့ ဆေးဝါး၊ စက်သုံးဆီ၊ စားသုံးဆီ၊ လျှပ်စစ်ပစ္စည်းနဲ့ ကုန်ကြမ်းပစ္စည်းတွေ ‌ဈေးပိုမြင့်တက်လာမှာဖြစ်ပါတယ်။

အဲဒီကတဆင့် ပြည်တွင်းထုတ်ကုန်တွေနဲ့ အစား အသောက်တွေပါ ကုန်ဈေးနှုန်း လိုက်လံမြင့်တက်လာပြီး ဝင်ငွေနဲ့ အသုံးစရိတ် မမျှတတော့တာတွေက လက်ရှိပြည်သူတွေ ရင်ဆိုင်နေရတဲ့ အခြေအနေဖြစ်ပါတယ်။

ဆက်စပ်သတင်းများ