နိုဝင်ဘာ ၂၀၊ ၂၀၂၆။ မေရီ/People’s Spring
မန္တလေးမြို့မှာ အထွေထွေ အကျပ်အတည်းတွေကြောင့် လုပ်ငန်းမလည်ပတ်နိုင်တော့လို့ ပိတ်လိုက်ရတဲ့ အရောင်းဆိုင်တွေ များပြားလာကြောင်း ဆိုင်ရှင်အချို့က ပြောပါတယ်။
စစ်တပ်အာဏာသိမ်းပြီးနောက် ၆ နှစ် ပြည့်ကာနီးအချိန်မှာပဲမန္တလေးမြို့ပေါ်ကစားသောက်ဆိုင်၊ ကော်ဖီဆိုင်၊ အလှကုန်နဲ့ အဝတ်
အထည်ဆိုင်တွေဟာ လက်ရှိဖြစ်ပေါ်နေတဲ့ စီးပွားရေးအကျပ်အတည်းနဲ့ ဆိုင်ခန်းငှားရမ်းခ မြင့်တက်မှုဒဏ်ကို မခံနိုင်တော့တာကြောင့် လုပ်ငန်းရပ်နားကာ ဆိုင်ဖြုတ်သိမ်းမှုတွေ သိသိသာသာ များပြားလာကြောင်း မြို့ခံလုပ်ငန်းရှင်အချို့က ပြောပါတယ်။

Public Service Announcement
ဒါ့အပြင် တစ်ဖက်မှာလည်း အများပြည်သူတွေရဲ့ ဝယ်လိုအားမှာ မရှိမဖြစ်အခြေခံစားသောက်ကုန်တွေကိုသာ ဦးစားပေးနေရတာကြောင့် အဝတ်အထည်နဲ့ အလှကုန်ကဲ့သို့သော လူသုံးကုန်ပစ္စည်းတွေ ရောင်းအား သိသိသာသာ ကျဆင်းနေကြောင်း မြို့ခံလုပ်ငန်းရှင်အချို့က ပြောပါတယ်။
“အဓိကက ကုန်စျေးနှုန်းကြောင့်ပါပဲ။ ပြည်သူတွေလည်းအရမ်းကိုခက်ခဲကြသလို စျေးရောင်းတဲ့ စီးပွါးရေးသမားတွေကလည်း စျေးတက်ရောင်းတဲ့အခါ ဖောက်သည်တွေဝယ်စားဖို့ တော်ရုံမတက်နိုင်ကြဘူး”လို့ မြို့ခံလုပ်ငန်းရှင်တစ်ဦးက ပြောပါတယ်။
လက်ရှိ စစ်တပ်အာဏာသိမ်းကာလအတွင်းမှာ ကုန်စည်သယ်ယူပို့ဆောင်ရေး လမ်းကြောင်းတွေ ခက်ခဲတာ၊ လမ်းခရီးမှာ ကုန်ပစ္စည်းတွေ အာမခံချက်မရှိဘဲ ပျက်စီးဆုံးရှုံးတာနဲ့ လမ်းကြေး၊ ဂိတ်ကြေး ကုန်ကျစရိတ်တွေ မြင့်တက်နေတာတွေကလည်း ကုန်ပစ္စည်းရရှိဖို့ ခက်ခဲလာတဲ့အပြင် အမြတ်အစွန်းနည်းပါးလာကြောင်း သိရပါတယ်။
ကုန်ဈေးနှုန်းကြီးမြင့်မှု၊ သယ်ယူပို့ဆောင်ရေး အခက်အခဲနဲ့ ငှားရမ်းခ ဝန်ထုပ်ဝန်ပိုးတွေကြောင့်မန္တလေးမြို့ရှိ အသေးစားနဲ့ အလတ်စား လက်လီအရောင်းဆိုင် အများစုမှာ လုပ်ငန်းလည်ပတ်ဖို့ ခက်ခဲလာပြီး ဆိုင်ခန်းပြန်အပ်တာ၊ အွန်လိုင်းကနေတစ်ဆင့်သာပြောင်းလဲရောင်းချတာတွေ ပြုလုပ်လာကြကြောင်း သိရပါတယ်။

























































