Connect with us

Hi, what are you looking for?

သတင်း

ပြည်ထောင်စုလူ့အခွင့်အရေးကော်မရှင် ဥပဒေ CRPH အတည်ပြု

ပြည်ထောင်စုလူ့အခွင့်အရေးကော်မရှင် ဥပဒေကို ဒီကနေ့ နိုဝင်ဘာ ၂၀ရက်မှာ ကျင်းပတဲ့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ(CRPH) ပုံမှန် လုပ်ငန်းညှိနှိုင်းအစည်းအဝေးမှာ အတည်ပြု ပြဋ္ဌာန်းလိုက်ကြောင်း CRPHက ထုတ်ပြန်ပါတယ်။

နိုဝင်ဘာ-၂၀၊ ၂၀၂၆။ ထားမြတ်/People’s Spring

ပြည်ထောင်စုလူ့အခွင့်အရေးကော်မရှင် ဥပဒေကို ဒီကနေ့ နိုဝင်ဘာ ၂၀ရက်မှာ ကျင်းပတဲ့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ(CRPH) ပုံမှန် လုပ်ငန်းညှိနှိုင်းအစည်းအဝေးမှာ အတည်ပြု ပြဋ္ဌာန်းလိုက်ကြောင်း CRPHက ထုတ်ပြန်ပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ(NUG) နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါ်ဇင်မာအောင်က ပြည်ထောင်စုလူ့အခွင့်အရေးကော်မရှင်ဥပဒေကြမ်း (UHRC Bill) အား အတည်ပြုပြဋ္ဌာန်းပေးဖို့ တင်သွင်းလာတဲ့အပေါ် အတည်ပြု ပြဋ္ဌာန်းခဲ့တာဖြစ်ပါတယ်။

အခုလို လူ့အခွင့်အရေးကော်မရှင်ဥပဒေ ပြဋ္ဌာန်းဖို့ လုပ်ဆောင်တာဟာ ကုလသမဂ္ဂရဲ့ ပါရီအခြေခံမူများ (Paris Principles)နဲ့အညီ အစိုးရရဲ့ တိုက်ရိုက်ထိန်းချုပ်မှုကင်းပြီး အမှီအခိုကင်းလွတ်လပ်တဲ့ ကော်မရှင်တရပ် ပေါ်ထွန်းလာစေဖို့ ရည်ရွယ်တာလို့ ဝန်ကြီး ဒေါ်ဇင်မာအောင်က ပြောပါတယ်။

Public Service Announcement

Public Service Announcement

အရင်က လူ့အခွင့်အရေးဆိုင်ရာလုပ်ငန်းတွေ ဆောင်ရွက်ဖို့ NUG အနေနဲ့ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနဖွဲ့စည်းလုပ်ဆောင်ခဲ့တာဖြစ်ပေမဲ့ ကော်မရှင် ဖွဲ့စည်းဖို့ ပြင်ဆင်တဲ့အနေနဲ့ ပြီးခဲ့တဲ့ လအနည်းငယ်မှာ ဝန်ကြီးဌာနကို ဖျက်သိမ်းခဲ့ပါတယ်။ ကော်မရှင် မဖွဲ့စည်းမီ ကြားကာလအတွင်း လူ့အခွင့်အရေးဆိုင်ရာလုပ်ငန်းတွေ ဆက်လုပ်နိုင်ဖို့ နိုင်ငံခြားရေးဝန်ကြီးဌာန လက်အောက်မှာ လူ့အခွင့်အရေးဆိုင်ရာဦးစီးဌာနအဖြစ် ထားရှိဆောင်ရွက်ခဲ့တာပါ။

အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) က မြန်မာနိုင်ငံမှာ ကျူးလွန်ခဲ့တဲ့ လူ့အခွင့်အရေးချိုးဖောက်မှုနဲ့ လူမျိုးသုဉ်းသတ်ဖြတ်မှု (Genocide) ရှိခဲ့ကြောင်း နိုဝင်ဘာ ၁၉ရက်မှာ အတည်ပြု ဆုံးဖြတ်ချက် ချမှတ်ပြီး နောက်နေ့ နိုဝင်ဘာ ၂၀ရက်မှာပဲ CRPHက ပြည်ထောင်စုလူ့အခွင့်အရေးကော်မရှင် ဥပဒေကို အတည်ပြု ပြဋ္ဌာန်းခဲ့တာလည်းဖြစ်ပါတယ်။

ပြည်ထောင်စုလူ့အခွင့်အရေးကော်မရှင် ဥပဒေ ပြဋ္ဌာန်းလိုက်တဲ့ ရည်ရွယ်ချက်တွေထဲမှာ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးအဖွဲအစည်းများ၊ ဒေသဆိုင်ရာ လူ့အခွင့်အရေး အဖွဲ့အစည်းများ၊ အစိုးရဌာန၊ အစိုးရအဖွဲ့အစည်းများ၊ အရပ်ဘက်အဖွဲ့အစည်းများနဲ့ ချိတ်ဆက်ညှိနှိုင်း ပူးပေါင်းဆောင်ရွက်နိုင်ဖို့ အချက်လည်း ပါရှိပါတယ်။

ဆက်စပ်သတင်းများ