Connect with us

Hi, what are you looking for?

သတင်း

ဝန်းသိုမြို့နယ်ကို တပ်မ(၃၃)က အင်အားထပ်ပို့ဖို့ ပြင်ဆင်နေ

စစ်ကိုင်းတိုင်း၊ ဝန်းသိုမြို့နယ်ကို စစ်တပ်ရဲ့ တပ်မ(၃၃)က ရက်ပိုင်းအတွင်း စစ်ကူထပ်ပို့ဖို့ ပြင်ဆင်နေတယ်လို့ စစ်ရေးသတင်းအရင်းမြစ်တချို့က ပြောပါတယ်။

(ဝက်လက်မြို့နယ်မှာ တပ်မ(၃၃)စစ်ကြောင်းကို တော်လှန်ရေးရဲဘော်တွေကတိုက်ခိုက်အပြီး သိမ်းရသော လက်နက်များ။ ဓာတ်ပုံ – ရွှေဘိုခရိုင် အမှတ် ၁၈-တပ်ရင်း)

နိုဝင်ဘာ-၂၀၊၂၀၂၆။နေ့သစ်/ People’s Spring

စစ်ကိုင်းတိုင်း၊ ဝန်းသိုမြို့နယ်ကို စစ်တပ်ရဲ့ တပ်မ(၃၃)က ရက်ပိုင်းအတွင်း စစ်ကူထပ်ပို့ဖို့ ပြင်ဆင်နေတယ်လို့ စစ်ရေးသတင်းအရင်းမြစ်တချို့က ပြောပါတယ်။

ဝန်းသိုမြို့က ခမရ(၁၁၁)နဲ့ခမရ(၁၂၀)တပ်ရင်းတွေထံ တပ်မ(၃၃)က အင်အားထပ်မံပို့မှာလို့ သိရပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာအတွင်း အင်းတော်၊ထီးချိုင့်နဲ့ဝန်းသိုမြို့နယ်တို့မှာ ဖြစ်ခဲ့တဲ့ တိုက်ပွဲတွေအတွင်း ဒဏ်ရာရပြီး ဆေးရုံဆင်းလာသူတွေအပါအဝင် အရာရှိ၊တခြားအဆင့်တွေပါ ပို့ဆောင်မှာလို့ သိရပါတယ်။

Public Service Announcement

Public Service Announcement

“သွားရမယ့်စာရင်း တွေကတင်ထားပြီးပြီ ‌။လေယာဉ် စောင့်ရင်းနဲ့ စစ်မှုထမ်းသင်တန်းဆင်းတွေကိုပါ တခါတည်း စောင့် နေရတာထင်တယ်။ရဟတ်ယာဉ်နဲ့ပဲပို့မှာ”လို့ စစ်ရေးသတင်းအရင်းမြစ်တစ်ဦးက ပြောပါတယ်။

စစ်မှုထမ်းအပတ်စဉ် (၂၈)ဟာ ယခုနိုဝင်ဘာနောက်ဆုံးပတ်မှာ သင်တန်းဆင်းမှာဖြစ်ပြီး အဲဒီအင်အား တွေကို ဝန်းသိုမြို့နယ်တပ်တွေအတွင်း အင်အားတိုးပို့နိုင်တယ်လို့ အဲဒီသတင်းအရင်း မြစ်က ပြောပါတယ်။

လက်ရှိမှာ ဝန်းသိုနဲ့ ကောလင်းမြို့နယ်က အင်အားတွေ ပူးပေါင်းပြီး ကန့်ဘလူမြို့နယ်အတွင်း စစ် ကြောင်းတွေထိုးနေတယ်လို့ စုံစမ်းသိရပါတယ်။

အဲဒီစစ်ကြောင်းတွေဟာ ရွှေဘို- မြစ်ကြီးနားလမ်းပိုင်းကို နယ်မြေ စိုးမိုးဖို့ဦးတည်ထားပြီး ခင်ဦးနယ်ဘက်အထိပါ ထိုးစစ်ဆင်လာနိုင်တာဖို့ စစ်ရေးသတိရှိကြဖို့ ခင်ဦးမြို့နယ်ပကဖ က ထုတ်ပြန်ထားပါတယ်။

ဆက်စပ်သတင်းများ