Connect with us

Hi, what are you looking for?

သတင်း

မိုးမိတ်-သပိတ်ကျင်းကြားရှိ စစ်တပ်အဓိကစခန်းတစ်ခုကိုKIAနဲ့ပူးပေါင်းတပ်သိမ်းယူ

မိုးမိတ်မြို့နယ်နဲ့ သပိတ်ကျင်းမြို့နယ်ကြား၊ တွင်းငယ်ရွာအနီးက စစ်တပ်ရဲ့အဓိကစခန်းတစ်ခုကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA)နဲ့ပူးပေါင်းတပ်တွေကသိမ်းယူလိုက်တယ်လို့ သတင်းရရှိပါတယ်။

(KIA နဲ့ပူးပေါင်းတပ်​တွေက၂၀၂၄မတ်လ၂၀ ရက်မှာကချင်ပြည်နယ်မှာရှိတဲ့ဘွမ်ရေဘွမ့်စခန်းကိုသိမ်းပိုက်ပြီး​​နောက်တွေ့ရစဉ်။ ။ဓာတ်ပုံ − NUG)

နိုဝင်ဘာ-၂၀၊၂၀၂၆။အိမ်သွင်/People’s Spring

မိုးမိတ်မြို့နယ်နဲ့ သပိတ်ကျင်းမြို့နယ်ကြား၊ တွင်းငယ်ရွာအနီးက စစ်တပ်ရဲ့အဓိကစခန်းတစ်ခုကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA)နဲ့ပူးပေါင်းတပ်တွေကသိမ်းယူလိုက်တယ်လို့ သတင်းရရှိပါတယ်။

မိုးမိတ်မြို့နယ်နဲ့ သပိတ်ကျင်းမြို့နယ်ကြားက စစ်တပ်စခန်းတွေကို( KIA)နဲ့ပူးပေါင်းတပ်တွေက ပြောက်ကျားစစ်ရော၊ ‌စခန်းသိမ်းတိုက်ပွဲပုံစံနဲ့ပါတိုက်ခိုက်နေပြီး တွင်းငယ်ရွာအနီးက ကင်းချောင်းစခန်းကို နိုဝင်ဘာလ ၁၉ ရက်နေ့မှာသိမ်းယူခဲ့တာလို့မြေပြင်သတင်းရင်းမြစ်ကပြောပါတယ်။

“ကင်းချောင်းကမိုးမိတ်မြို့နဲ့ပိုနီးတယ်။ စစ်တပ်ကမိုးမိတ်မြို့ထဲအထိဆုတ်နေတယ်။ အဲဒီစခန်းက ကောင်တွေသေဆုံးတာများသလိုကျန်တဲ့ကောင်တွေကလက်နက်တွေထားပြီးထွက်ပြေးတာ”လို့ အထက်ပါသတင်းရင်းမြစ်ကပြောပါတယ်။

Public Service Announcement

Public Service Announcement

မိုးမိတ်မြို့ကနေထွက်လာပြီး စစ်ကြောင်းထိုးဖို့ကြိုးပမ်းနေတဲ့ စစ်တပ်ကို မိုးမိတ်-မဘိမ်းလမ်း၊ မိုးမိတ် – မိုးကုတ်၊မိုးမိတ်-တွင်းငယ်-သပိတ်ကျင်းလမ်းပိုင်းတွေမှာ KIAပူးပေါင်းတပ်တွေကတိုက်ခိုက်နေတာဖြစ်ပါတယ်။

နိုဝင်ဘာ ၁၇ရက်က တိုက်ပွဲမှာလည်းမိုးမိတ်-မြစ်ဆုံ-မဘိမ်းလမ်းပိုင်း ၄မိုင်၊ ၅မိုင်နဲ့ ၆မိုင်ကြားက စခန်းတစ်ခုကို သိမ်းယူနိုင်ခဲ့တယ်လို့ သတင်းရရှိပါတယ်။အဲဒီလမ်းပိုင်းတွေမှာ ဒေသခံပြည်သူတွေလုံခြုံရေးသတိပြုကြဖို့တော်လှန်ရေးတပ်တွေကသတိပေးထားပါတယ်။

စစ်တပ်က၂၀၂၆ နှစ်ဆန်းပိုင်းကစပြီးမိုးမိတ်-မဘိမ်းလမ်းအတိုင်း ကချင်ပြည်နယ်နဲ့စစ်ကိုင်းတိုင်းကို စစ်ကြောင်းထိုးဖို့ကြိုးပမ်းခဲ့တာဖြစ်ပါတယ်။ ဒါ​ပေမယ့်ပြီးခဲ့တဲ့စက်တင်ဘာလတိုက်ပွဲတွေမှာKIAပူးပေါင်းတပ်တွေက စစ်ရေးအသာစီးရလာပြီး စစ်ကောင်စီစစ်ကြောင်းတွေက မိုးမိတ်မြို့နားအထိပြန်ဆုတ်ခွာလာရတာလို့ဒေသခံအချို့က​ပြောပါတယ်။

ဆက်စပ်သတင်းများ