Connect with us

Hi, what are you looking for?

သတင်း

စစ်တပ်ရေတပ်စခန်းရှိတဲ့ ကိုကိုကျွန်းကို ဇာတ်မင်းသားစမ်းရေမိုး သွားရောက်ဖျော်ဖြေ

ဇာတ်မင်းသား စမ်းရေမိုးဟာ အာဏာသိမ်းစစ်တပ်ရဲ့ အစီအစဥ်နဲ့ ကိုကိုးကျွန်းကို လေယာဥ်နဲ့ သွားရောက်ဖျော်ဖြေခဲ့ပါတယ်။

(ဇာတ်မင်းသား စမ်းရေမိုး ကိုကိုးကျွန်းတွင် ဖျော်ဖြေနေစဥ် ဓါတ်ပုံံ-Screen Grab)

နိုဝင်ဘာ-၂၁၊ ၂၀၂၆။ ဟာနာဆန်/People’s Spring

ဇာတ်မင်းသား စမ်းရေမိုးဟာ အာဏာသိမ်းစစ်တပ်ရဲ့ အစီအစဥ်နဲ့ ကိုကိုးကျွန်းကို လေယာဥ်နဲ့ သွားရောက်ဖျော်ဖြေခဲ့ပါတယ်။

နိုဝင်ဘာ ၁၉ ရက် ညက ရန်ကုန်မြို့ရဲ့ အနောက်တောင်ဘက် ရေမိုင် ၂၆၀ ခန့် (ကီလိုမီတာ ၄၁၀ ခန့်) အကွာမှာ တည်ရှိတဲ့ ကိုကိုးကျွန်းမှာ အာဏာသိမ်းစစ်တပ်ရဲ့ အစီအစဥ်နဲ့ ဇာတ်မင်းသားစမ်းရေမိုးဟာ မင်္ဂလာဒုံစစ်တပ်ကနေ သီးသန့်လေယာဥ်နဲ့ သွားရောက်ဖျော်​ဖြေခဲ့တယ်လို့ သိရပါတယ်။

“လေယာဥ်နဲ့ဆိုတော့ ဇာတ်အဖွဲ့ တစ်ဖွဲ့လုံးတော့ မပါဘူး”လို့ နီးစပ်သူတစ်ဦးက ပြောပါတယ်။

Public Service Announcement

Public Service Announcement

ကိုကိုးကျွန်းဟာ ဘင်္ဂလားပင်လယ်အော်နဲ့ ကပ္ပလီပင်လယ်ကြားမှာ တည်ရှိပြီး သာမန်အရပ်သားတွေ သွားလာခွင့် ကန့်သတ်ထားတဲ့ ကိုကိုးကျွန်းပေါ်မှာ လက်ရှိ အာဏာသိမ်းစစ်တပ်ရဲ့ အမှတ်(၂၈)ရေတပ် အခြေစိုက်စခန်းနဲ့ ဌာနဆိုင်ရာ ဝန်ထမ်းအနည်းငယ်သာ နေထိုင်နေတာပါ။

သာမန်ဆိုရင် ဇာတ်မင်းသား စမ်းရေမိုးဟာ ၎င်းဖျော်ဖြေရမယ့် ဒေသကို ၎င်းကိုယ်တိုင်သော်လည်းကောင်း၊ ၎င်းရဲ့ဇာတ်ဆရာ ကိုအောင်ကျော်ထွန်းကသော်လည်းကောင်း လူမှုကွန်ရက်ကနေ အသိပေးလေ့ရှိပေမယ့် ယခု ကိုကိုးကျွန်းဖျော်ဖြေပွဲကိုတော့ ကြိုတင်အသိပေးထုတ်ပြန်တာမျိုး မရှိခဲ့ဘူးလို့ ပရိသတ်အချို့က ဆိုပါတယ်။ စစ်ကောင်စီရဲ့ အစီအစဉ်နဲ့ သွားရောက်ဖျော်ဖြေရတဲ့ ပွဲဖြစ်တာကြောင့် ဝေဖန်မှုကို ရှောင်ရှားလိုကာ လူသိမခံခြင်းဖြစ်နိုင်ကြောင်း သုံးသပ်ပြောဆိုနေကြပါတယ်။

အလားတူ ဇာတ်မင်းသား အောင်ဇမ္ဗူကလည်း ယခုနှစ်ဆန်းပိုင်းကပဲ စစ်တပ်ရဲ့ လွှတ်တော်မှာ သွားရောက်ဖျော်ဖြေခဲ့ပါသေးတယ်။

အာဏာသိမ်းစစ်တပ်ဟာ ၂၀၂၅ သီတင်းကျွတ်ကာလကစပြီး တစ်နိုင်ငံလုံး အေးချမ်းနေသယောင်ပုံရိပ်တည်ဆောက်ဖို့ ဇာတ်သဘင်ဖျော်ဖြေပွဲတွေကို ပြုလုပ်စေခဲ့ပါတယ်။ စစ်ကောင်စီဟာ ရန်ကုန်၊ မန္တလေးနဲ့ မြို့ကြီးတွေမှာ ပွဲလမ်းသဘင်တွေ ထပ်ခါထပ်ခါပြုလုပ်စေပြီး အောင်ဗမ္ဗူ၊ စမ်းရေမိုးနဲ့ ဖိုးချစ်အပါအဝင် ဇာတ်သဘင်အဖွဲ့တွေက ကပြဖျော်ဖြေလေ့ရှိပါတယ်။

ဒါ‌ကြောင့် အောင်ဗမ္ဗူ၊ စမ်းရေမိုးနဲ့ ဖိုးချစ် ဇာတ်သဘင်အဖွဲ့တွေကို ပြည်သူတွေက ဝေဖန်နေပါတယ်။

ဆက်စပ်သတင်းများ

Facebook