Connect with us

Hi, what are you looking for?

သတင်း

ICJ စီရင်ချက်က မြန်မာနဲ့ ဆက်ဆံရေးကို ရှုပ်ထွေးစေမှာ မဟုတ်ဘူးလို့ ထိုင်းနိုင်ငံခြားရေးဝန်ကြီးပြော

မြန်မာအပေါ် အပြည်ပြည်ဆိုင်ရာ တရားရုံး (ICJ) ချမှတ်ခဲ့တဲ့ စီရင်ချက်ကြောင့် ထိုင်း-မြန်မာ ပြန်လည် ထိတွေ့ ဆက်ဆံမှု မူဝါဒအပေါ် ရှုပ်ထွေး သက်ရောက်လာစေမှာ မဟုတ်ကြောင်း ထိုင်းနိုင်ငံခြားရေး ဝန်ကြီးက ပြောပါတယ်။

နိုဝင်ဘာ-၂၁၊၂၀၂၆။People’s Spring

မြန်မာအပေါ် အပြည်ပြည်ဆိုင်ရာ တရားရုံး (ICJ) ချမှတ်ခဲ့တဲ့ စီရင်ချက်ကြောင့် ထိုင်း-မြန်မာ ပြန်လည် ထိတွေ့ ဆက်ဆံမှု မူဝါဒအပေါ် ရှုပ်ထွေး သက်ရောက်လာစေမှာ မဟုတ်ကြောင်း ထိုင်းနိုင်ငံခြားရေး ဝန်ကြီးက ပြောပါတယ်။

ရိုဟင်ဂျာ မျိုးနွယ်စုတွေအပေါ် မြန်မာက လူမျိုးသုဉ်း သတ်ဖြတ်ခဲ့တယ်လို့ ICJက သမိုင်းဝင် စီရင်ချက် ချမှတ်ခဲ့ပြီး နောက်တစ်နေ့ဖြစ်တဲ့ နိုဝင်ဘာ ၂၀ မှာ ဆီဟာဆက် ဖုန်ကက်ကောင်က အခုလို ပြောဆိုလာခဲ့တာ ဖြစ်ပါတယ်။

ပြည်ပခရီးစဉ်ကနေ ပြန်ရောက်လာချိန် ဘန်ကောက်မြို့၊ ဒွန်မောင်းလေဆိပ်မှာ စောင့်ကြိုနေတဲ့ သတင်းထောက်တွေနဲ့ တွေ့ဆုံရာမှာ ဆီဟာဆက်က အခုစီရင်ချက်ဟာ မြန်မာနဲ့ ICJ ကြားက ကိစ္စသာ ဖြစ်တယ်လို့ ဆိုခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

နေပြည်တော်မှာရှိတဲ့ အာဏာသိမ်း စစ်တပ်နဲ့ ဆက်ဆံရေးကို ပြန်လည် စတင်နေတဲ့ ထိုင်းရဲ့ ဆုံးဖြတ်ချက်ဟာ အရှေ့တောင်အာရှ နိုင်ငံများ အစည်းအရုံး (အာဆီယံ)ရဲ့ ဘုံသဘောတူညီချက် ၅ ရပ်နဲ့လည်း ကိုက်ညီပြီး မြန်မာ

နိုင်ငံမှာ ဖြစ်ပေါ်နေတဲ့ ရန်လို အကြမ်းဖက်မှုတွေကို တိုက်ဖျက်ဖို့၊ ညှိနှိုင်းဆွေးနွေးမှုနဲ့ ရင်ကြားစေ့ရေးတွေကို အားပေးဖို့၊ လူသားချင်း စာနာမှု အကူအညီတွေကို မြှင့်တင်ဖို့ ရည်ရွယ်ထားတဲ့ ချဉ်းကပ်မှုဖြစ်ကြေင်း ဆီဟာဆက်က ပြောပါတယ်။

မြန်မာနဲ့ ပြန်လည်ထိတွေ့ ဆက်ဆံမှုဟာ အပြုသဘောဆောင်တဲ့ခြေလှမ်းဖြစ်ကြောင်း၊ အဲဒီကနေတဆင့် မြန်မာနိုင်ငံမှာ ပဋိပက္ခတွေ လျှော့ချဖို့နဲ့ လုံးဝဥဿုံ ရပ်စဲသွားဖို့၊ အမျိုးသား ရင်ကြားစေ့ရေးကို ပြန်လည် အကောင်အထည်ဖို့၊ လူသားချင်း စာနာမှု အကူအညီတွေအတွက် လမ်းဖွင့်ပေးနိုင်ဖို့ ထိုင်းက တောင်းဆိုလို့ ရလာနိုင်ကြောင်းသူက ဆိုပါတယ်။

နှစ်စဉ်နှစ်တိုင်း ရိုဟင်ဂျာ ဒုက္ခသည်တွေအတွက် ဒေါ်လာ ၁ သန်းစီ ထောက်ပံ့ကူညီပေးနေခဲ့တာကြောင့် ထိုင်းအစိုးရရဲ့ မူဝါဒတွေဟာ ICJက ချမှတ်ခဲ့တဲ့ စီရင်ချက်နဲ့ ကိုက်ညီမှု ရှိနေပြီးသား ဖြစ်တယ်လို့လည်း ဆီဟာဆက်က ဆိုသွားပါတယ်။

ကိုးကား-Thai PBS

ဆက်စပ်သတင်းများ

Facebook