Connect with us

Hi, what are you looking for?

သတင်း

ICJ စီရင်ချက်ကို EU အသိအမှတ်ပြု၊ ပြစ်မှုကျူးလွန်သူတွေ လွတ်မြောက်နေတာကို တိုက်ဖျက်မယ်လို့ပြော

မြန်မာအပေါ် အပြည်ပြည်ဆိုင်ရာ တရားရုံး (ICJ)ကချမှတ်တဲ့စီရင်ချက်ကိုအသိအမှတ်ပြုပြီး ကမ္ဘာတဝန်းမှာ ပြစ်မှုကျူးလွန်သူတွေ ပြစ်ဒဏ်ပေး မခံရဘဲ လွတ်မြောက်နေတဲ့ အခြေအနေကို တိုက်ဖျက်ဖို့ ဆက်လက် ကြိုးစားမယ်လို့ ဥရောပ သမဂ္ဂ (EU)က ထုတ်ပြန်ခဲ့ပါတယ်။

ဓါတ်ပုံ - ICJ

နိုဝင်ဘာ-၂၁၊၂၀၂၆။People’s Spring

မြန်မာအပေါ် အပြည်ပြည်ဆိုင်ရာ တရားရုံး (ICJ)ကချမှတ်တဲ့စီရင်ချက်ကိုအသိအမှတ်ပြုပြီး ကမ္ဘာတဝန်းမှာ ပြစ်မှုကျူးလွန်သူတွေ ပြစ်ဒဏ်ပေး မခံရဘဲ လွတ်မြောက်နေတဲ့ အခြေအနေကို တိုက်ဖျက်ဖို့ ဆက်လက် ကြိုးစားမယ်လို့ ဥရောပ သမဂ္ဂ (EU)က ထုတ်ပြန်ခဲ့ပါတယ်။

နိုဝင်ဘာ ၁၉ ရက်နေ့တုန်းက နယ်သာလန်နိုင်ငံ၊ဟိဂ်မြို့အခြေစိုက်ကုသလမဂ္ဂ (UN)လက်အောက်ခံ တရားရုံးဟာ သမိုင်းဝင် စီရင်ချက်တစ်ခုကို ချမှတ်ခဲ့ပါတယ်။ ICJရဲ့ ဆုံးဖြတ်ချက်အရ မြန်မာဟာ လူမျိုးသုဉ်း သတ်ဖြတ်မှုအတွက် အပြစ်ရှိကြောင်း အတည်ပြုခံရတဲ့ ပထမဆုံး နိုင်ငံအဖြစ် မှတ်တမ်းဝင်လာပါတယ်။ ရိုဟင်ဂျာ မျိုးနွယ်စုတွေအပေါ် လူမျိုးသုဉ်း သတ်ဖြတ်မှုမြောက်တဲ့ လုပ်ရပ်တွေကို မြန်မာအာဏာပိုင်တွေက ကျူးလွန်ခဲ့တယ်လို့ ICJက ဆုံးဖြတ်ခဲ့ပါတယ်။

ICJရဲ့ စီရင်ချက်ကို အသိအမှတ်ပြု မှတ်သားထားမှာဖြစ်ကြောင်း၊ ကမ္ဘာအနှံ့မှာပြစ်မှုကျူးလွန်ပြီး ပြစ်ဒဏ်မခံရဘဲ လွတ်မြောက်နေမှုတွေကို တိုက်ဖျက်ဖို့အတွက် EUမှာ ခိုင်မာပြတ်သားတဲ့ ရပ်တည်ချက်မျိုး ဆုပ်ကိုင်ထားတာကို ထပ်လောင်း အတည်ပြုလိုကြောင်း EUက ကြေညာခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

နေရပ်စွန့်ခွာ ထွက်ပြေးရမှု၊ ဖိနှိပ်အကြမ်းဖက်မှုတွေ အပါအဝင် ဆိုးရွားပြင်းထန်တဲ့ ဒုက္ခဆင်းရဲတွေကို ခံစားခဲ့ရတဲ့ ရိုဟင်ဂျာ ပြည်သူတွေရဲ့ အခြေအနေကို မေ့ဖျောက်ထားလို့ မရဘူးလို့လည်း EUက ပြောပါတယ်။ ICJရဲ့ စီရင်ချက်ဟာ နစ်နာသူတွေအတွက် တရားမျှတမှု ရရှိစေဖို့ အရမ်းအရေးကြီးသလို နိုင်ငံတကာ ဥပဒေကို လိုက်နာစောင့်ထိန်းဖို့ ဆိုတာဟာ ဘယ်လောက် အရေးကြီးသလဲဆိုတာ မီးမောင်းထိုးပြနေကြောင်းလည်း EUက ဆိုပါတယ်။

ရိုဟင်ဂျာတွေအပေါ် ရာဇဝတ်မှုတွေ ကျူးလွန်ခဲ့သူတွေကို အရေးယူ အပြစ်ပေးဖို့ ဆိုတာဟာ ဒီအကျပ်အတည်းကို ဖြေရှင်းဖို့ အတွက်ရော၊ဒေသတွင်းတည်ငြိမ်ရေး အတွက်ပါ မဖြစ်မနေ လိုအပ်ကြောင်းလည်း EUက ထောက်ပြထားခဲ့ပါတယ်။

ICJရဲ့ စီရင်ချက်နဲ့ လမ်းညွှန်ချက်တွေကို မြန်မာအနေနဲ့ အချိန်မဆိုင်းဘဲ အပြည့်အဝ အကောင်အထည် ဖော်ရမှာ ဖြစ်သလို ရိုဟင်ဂျာတွေ ကြုံခဲ့တဲ့ နစ်နာဆုံးရှုံးမှုတွေအတွက် ပြန်လည် ကုစားတာ၊ ပျက်စီးဆုံးရှုံးခဲ့တာတွေအတွက် လျော်ကြေးပေးတာတွေမှာ တာဝန်ရှိတယ်လို့လည်း EUက ပြောပါတယ်။ ICJရဲ့ ဆုံးဖြတ်ချက်တွေကို လိုက်နာဖို့ ဆိုတာဟာ ရွေးချယ်ခွင့်ရှိတဲ့ ကိစ္စမဟုတ်ဘဲ မဖြစ်မနေ အကောင်အထည် ဖော်ရမယ့် တာဝန်တွေ ဖြစ်တယ်လို့လည်း EUရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

EUဟာ ICJရဲ့ ရပ်တည်မှုနဲ့ လုပ်ပိုင်ခွင့်တွေကို လေးစားတန်ဖိုးထားပြီး နိုင်ငံတကာ တရားဥပဒေ စိုးမိုးရေးနဲ့ ငြိမ်းချမ်းစွာ ဖြေရှင်းရေး ကဏ္ဍတွေမှာ ICJရဲ့ အရေးပါမှုကို ဆက်လက် ထောက်ခံရပ်တည်သွားမယ်လို့လည်း ဆိုပါတယ်။

ဒါ့အပြင် ကမ္ဘာ့နိုင်ငံ အသီးသီးအနေနဲ့လည်း ICJရဲ့ ဆုံးဖြတ်ချက်တွေကို လေးစားလိုက်နာကြဖို့ EUက တိုက်တွန်းခဲ့ပါတယ်။

ကိုးကား: EU

ဆက်စပ်သတင်းများ

Facebook