Connect with us

Hi, what are you looking for?

သတင်း

ICJရဲ့ စီရင်ချက် ကြိုဆိုထောက်ခံကြောင်း သပိတ်အင်အားစုတွေ ထုတ်ပြန်

ရိုဟင်ဂျာလူမျိုးစုတွေအပေါ် ကျူးလွန်ခဲ့တဲ့ လူမျိုးတုံးသတ်ဖြတ်မှုနဲ့ပတ်သက်ပြီး ချမှတ်တဲ့စီရင်ချက်ကို တော်လှန်ရေးသပိတ်အင်အားစုတွေအနေနဲ့ ကြိုဆိုထောက်ခံကြောင်း နိုဝင်ဘာ ၂၀ ရက်မှာ ထုတ်ပြန်ခဲ့ပါတယ်။

နိုဝင်ဘာ ၂၁၊၂၀၂၆။သုည/Peoples Spring

ရိုဟင်ဂျာလူမျိုးစုတွေအပေါ် ကျူးလွန်ခဲ့တဲ့ လူမျိုးတုံးသတ်ဖြတ်မှုနဲ့ပတ်သက်ပြီး ချမှတ်တဲ့စီရင်ချက်ကို တော်လှန်ရေးသပိတ်အင်အားစုတွေအနေနဲ့ ကြိုဆိုထောက်ခံကြောင်း နိုဝင်ဘာ ၂၀ ရက်မှာ ထုတ်ပြန်ခဲ့ပါတယ်။

“စီရင်ချက်သည် ရိုဟင်ဂျာလူမျိုးစုအပေါ်အကြမ်းဖက်စစ်တပ်က ကျူးလွန်ခဲ့သည့် ရက်စက်ကြမ်းကြုတ်သောနှစ်ပေါင်းများစွာ ဖိနှိပ်မှု၊ အကြမ်းဖက်မှုနဲ့ နေရပ်စွန့်ခွာထွက်ပြေးရမှုတွေကို ခံစားခဲ့ရသော ရိုဟင်ဂျာလူမျိုးစုအတွက် တရားမျှတမှုဖော်ဆောင်ရေး ခရီးလမ်းရဲ့ အရေးပါသော သမိုင်းမှတ်တိုင်တစ်ခုဖြစ်သည်။ ရိုဟင်ဂျာလူမျိုးစုအပေါ် ကျူးလွန်ခဲ့သည့် လူမျိုးတုံးသတ်ဖြတ်မှုအပါအဝင် မြန်မာနိုင်ငံတစ်ဝန်းရှိ ပြည်သူလူထုအပေါ် စစ်အုပ်စုက ကျူးလွန်နေသော ရာဇဝတ်မှုများအတွက် တာဝန်ရှိသူများကို ထိရောက်စွာ အရေးယူနိုင်ရေးနှင့် ပြစ်ဒဏ်ကင်းလွတ်ခွင့် အဆုံးသတ်ရေးတို့သည် မဖြစ်မနေ ဖော်ဆောင်ရမည့် တရားမျှတမှုဆိုင်ရာ တာဝန်များဖြစ်သည်” လို့ ရန်ကုန်လူထုသပိတ်က ထုတ်ပြန်ခဲ့ပါတယ်။

ရန်ကုန်လူထုသပိတ်အနေနဲ့ ရိုဟင်ဂျာလူမျိုးစုနဲ့အတူ တရားမျှတမှုဘက်မှ အခိုင်အမာရပ်တည်ပြီး စစ်အာဏာရှင်စနစ်နဲ့ ပြစ်ဒဏ်ကင်းလွတ်ခွင့် အဆုံးသတ်နိုင်ရေးအတွက် ဆက်လက်အသံထုတ်သွားမည် ဖြစ်ကြောင်းလည်း ဖော်ပြထားပါတယ်။

Public Service Announcement

Public Service Announcement

မြန်မာစစ်တပ်က ၂၀၁၆ နဲ့ ၂၀၁၇ မှာ ရိုဟင်ဂျာတွေအပေါ် နယ်မြေရှင်းလင်းရေး စစ်ဆင်ရေးခေါင်းစဥ် နဲ့ ရိုဟင်ဂျာတွေအပေါ်လူမျိုးသုဥ်းသတ်ဖြတ်မှု ဆိုင်ရာ သဘောတူညီမှုစာချုပ်ကို ချိုးဖောက်ကာ လူမျိုးသုဥ်းသတ်ဖြတ်မှု ကျူးလွန်ခဲ့တာကိုတွေ့ရှိခဲ့တယ်လို့ အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) က နိုဝင်ဘာ ၁၉ ရက်က အမိန့်ချမှတ်ခဲ့တာပါ။

လူမျိုးတစ်စုရဲ့ အခွင့်အရေး၊ အသက်ရှင်သန်မှု၊ ဂုဏ်သိက္ခာတို့ကို ကာကွယ်စောင့်ရှောက်ခြင်းဟာ အားလုံးပါဝင်နိုင်သော ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေးအတွက် မရှိမဖြစ် လိုအပ်သော အခြေခံတန်ဖိုး ဖြစ်သည်ဟုလည်း ယုံကြည်ကြောင်း လူမျိုးပေါင်းစုံမျိုးဆက်များ သွေးစည်းညီညွတ်သော မဟာမိတ်အင်အားစု (GSCN) က ထုတ်ပြန်ခဲ့ပါတယ်။

ICJ ရဲ့ အပြီးသတ်စီရင်ချက်ဟာ တရားမျှတမှုရှိစေရေးအတွက် အရေးပါသော ခြေလှမ်းတစ်ရပ်ဖြစ်ပြီး စီရင်ချက်အတိုင်း မတရားဖိနှိပ်သတ်ဖြတ်ခံနေရသော လူမျိုးပေါင်းစုံပြည်သူတွေအတွက် တရားမျှတမှုရရှိစေဖို့ တာဝန်ယူမှု တာဝန်ခံမှုရှိစေဖို့ အစွမ်းကုန် ဆောင်ရွက်ပေးဖို့လည်း GSCN က တောင်းဆိုထားပါတယ်။

ဆက်စပ်သတင်းများ

Facebook