Connect with us

Hi, what are you looking for?

သတင်း

မြိုင်မှာ စစ်တပ်စစ်ကြောင်းတွေနဲ့ စစ်ဆိုင်ထားတယ်လို့ PDF မကွေးတိုင်းစစ်ဌာန ပြော

မကွေးတိုင်း၊မြိုင်မြို့နယ်မှာ အာဏာသိမ်းစစ်တပ်ရဲ့ ဗျူဟာ ၂ခုစာ စစ်ကြောင်းတွေနဲ့ စစ်ဆိုင်ထားတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ မကွေးတိုင်းစစ်ဌာန တာ၀န်ရှိသူက လူထုနွေဦးကို ပြောပါတယ်။

(ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ မကွေးတိုင်းစစ်ဌာနက ရဲဘော်တွေကို တွေ့ရစဉ်။ ဓာတ်ပုံ - PDF)

နို၀င်ဘာ-၂၄ ၊၂၀၂၆။ဖိုးသား/People’s Spring

မကွေးတိုင်း၊မြိုင်မြို့နယ်မှာ အာဏာသိမ်းစစ်တပ်ရဲ့ ဗျူဟာ ၂ခုစာ စစ်ကြောင်းတွေနဲ့ စစ်ဆိုင်ထားတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ မကွေးတိုင်းစစ်ဌာန တာ၀န်ရှိသူက လူထုနွေဦးကို ပြောပါတယ်။

မြိုင်မြို့နယ်တောင်ဘက်ခြမ်းက တွင်းမ ပြည်သူ့စစ် ကျေးရွာမှာ တစ်ဗျူဟာစာ စစ်တပ်စစ်ကြောင်းနဲ့ ပေါက်နဲ့ မြိုင်ဒေသအစပ် တဲကြီးရွာမှာ တစ်ဗျူဟာ ရှိတယ်လို့ ဆိုပါတယ်။

“တွင်းမစစ်ကြောင်းက တဲကြီးကိုကူဖို့ ရည်မှန်းချက်နဲ့လာတာ။ ဒါပေမယ့် အဲဒီမှာ မကွေးတိုင်းစစ်ဌာနက ခရိုင်စုဖွဲ့စစ်ကြောင်းနဲ့ အညာတမာတပ်ပေါင်းစုက ပိတ်ဆို့ထားတော့ ဆက်မတက်နိုင်သေးတာ”လို့ အထက်ပါတာ၀န်ရှိသူက လတ်တလောစစ်ရေးအခြေအနေကို ရှင်းပြပါတယ်။

Public Service Announcement

Public Service Announcement

တဲကြီးကျေးရွာကစစ်ကြောင်းကို မကွေးတိုင်းစစ်ဌာနရဲ့ ခရိုင်စုဖွဲ့စစ်ကြောင်းတွေက ပိတ်ဆိုစစ်ဆိုင်ထားပြီး ရန်သူကိုမြေပြင်ထောက်ပံ့လမ်းကြောင်း ဖြတ်တောက်ထားတယ်လို့ အသိပေးပါတယ်။

လက်ရှိမှာ စစ်တပ်က မြိုင်နဲ့ပေါက် မြို့နယ်တွေမှာ လေကြောင်းကင်းထောက်မှုတွေကြောင့် လေကြောင်း အန္တရာယ်အထူးသတိထားဖို့ အညာမြေအရပ်ဖက်လူမှုအဖွဲ့အစည်း မြိုင် တာ၀န်ရှိသူက ပြောပါတယ်။

စစ်တပ်စစ်ကြောင်းတွေက မြိုင်မြို့နယ်ကို ဇူလိုင် ဒုတိယပတ်ကစပြီး ဝင်ရောက်ခဲ့ကာ အဲဒီ စစ်ကြောင်းက တဲကြီးရွာထဲမှာ အထိုင်ချတပ်စွဲထားတာ လေးလ၀န်းကျင်ရှိပြီဖြစ်ကာ တော်လှန်ရေးတပ်တွေနဲ့မကြာခဏ ‌ထိတွေ့မှုရှိနေပါတယ်။

အဲဒီစစ်ကြောင်းကို ကူဖို့အတွက် ပခုက္ကူတပ်မ (၁၀၁)ကနေ အောက်တိုဘာမှာ နောက်ထပ် စစ်ကြောင်းတစ်ခု ထွက်လာပြီး အခု တွင်းမရွာမှာ တပ်စွဲထားတာဖြစ်ပါတယ်။

စစ်တပ်စစ်ကြောင်းထိုးမှုတွေနဲ့ အရင်အထိုင်ချထားတဲ့ နေရာကို အင်အားဖြည့်ထားတာတွေကြောင့် ကျေးရွာ ၁၀ ရွာကျော်က ဒေသခံထောင်နဲ့ချီစစ်ရှောင်နေရပြီး အကူအညီတွေလိုအပ်နေတယ်လို့သိရပါတယ်။

မကွေးတိုင်း၊မြိုင်မြို့နယ်အနောက်ခြမ်းက တော် လှန်ရေးတပ်တွေထိန်းချုပ်ထားတဲ့ ရေနံမြေကို ပြန်ထိန်းချုပ်ဖို့ အာဏာသိမ်းစစ်တပ်က ကြိုးပမ်းနေတာဖြစ်ပါတယ်။

လက်ရှိ မြိုင်မြို့နယ်တွင်းရောက်နေတဲ့ စစ်တပ်စစ်ကြောင်းတွေနဲ့ မြိုင်မြို့အနောက်တောင်ဘက် က တပ်မတော်အကြီးစားစက်ရုံ (တစက-၃) ဒေသအခေါ် စက်မှု (၂)ကို ဖြည့်တင်းထားတဲ့ အင်အားတွေအရ တစ်ထောင်ထက်မနည်းရှိနိုင်တယ်လို့ ဒေသတွင်းစစ်ရေး သတင်းရင်းမြစ်တချို့က ခန့်မှန်းထားပါတယ်။

စစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုတွေကြောင့် လည်း တစ်လအတွင်း ကလေး ၂ဦးအပါအ၀င် အရပ်သား ၆ဦး သေဆုံးပြီး ၁၀ ဦးကျော် ဒဏ်ရာရခဲ့တယ်လို့ မြိုင်မြို့နယ်စစ်ရှောင်ကူညီနေတဲ့ အဖွဲ့တချို့က ထုတ်ပြန်ထားပါတယ်။

ဆက်စပ်သတင်းများ