Connect with us

Hi, what are you looking for?

သတင်း

မော်လူးမြို့မှာ စစ်တပ် ဒရုန်း‌ဗုံးကျပြီး အမျိုးသမီး ၁ဦး ထပ်မံ သေဆုံး

စစ်ကိုင်းတိုင်း၊‌မော်လူးမြို့အနီးမှာ စစ်တပ်က ဒရုန်းနဲ့လက်နက်ကြီးပစ်ခတ်မှုတွေဆက်တိုက်ရှိ နေဆဲဖြစ်ပြီး ‌‌‌‌‌‌‌‌‌‌နိုဝင်ဘာ၂၃ရက်က မော်လူးမြို့အတွင်း ဒရုန်းဗုံးကျမှုအတွင်း အမျိုးသမီး ၁ဦးထပ်မံ သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

နိုဝင်ဘာ-၂၄၊၂၀၂၆။ကတ်သရင်း/People’s Spring

စစ်ကိုင်းတိုင်း၊‌မော်လူးမြို့အနီးမှာ စစ်တပ်က ဒရုန်းနဲ့လက်နက်ကြီးပစ်ခတ်မှုတွေဆက်တိုက်ရှိ နေဆဲဖြစ်ပြီး ‌‌‌‌‌‌‌‌‌‌နိုဝင်ဘာ၂၃ရက်က မော်လူးမြို့အတွင်း ဒရုန်းဗုံးကျမှုအတွင်း အမျိုးသမီး ၁ဦးထပ်မံ သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

နိုဝင်ဘာ ၃ရက်ကတည်းက မော်လူးမြို့အနီးဝန်းကျင်မှာ တိုက်ပွဲဖြစ်နေပြီး နိုဝင်ဘာ၂၂ ရက် ညပိုင်းမှာ မော်လူးမြို့နဲ့ ပေကုန်းရွာတွေအနီး ဒရုန်း၊လက်နက်ကြီးပစ်ခတ်သံတွေဆူညံနေပြီး ညပိုင်းမှာလည်း စစ်တပ်က ထပ်မံ လေကြောင်းတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

နိုဝင်ဘာ၂၃ ရက်မှာ မော်လူးမြို့အတွင်း ဒရုန်းဗုံးတွေဆက်တိုက်ကျခဲ့ပြီး အမျိုးသမီး ၁ဦးထိမှန် သေဆုံးခဲ့တယ်လို့ သိရပါတယ်။

Public Service Announcement

Public Service Announcement

စစ်တပ်ဟာ မြို့တွင်းကနေဒရုန်းနဲ့လက်နက်ကြီးပစ်ခတ်မှုတွေရှိနေသလို တော်လှန်ရေးပူးပေါင်းတပ် တွေကလည်း စစ်တပ်အထိုင်စခန်းတွေကို ဒရုန်းနဲ့ဗုံးကြဲ တိုက်ခိုက်မှုတွေရှိ နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

နိုဝင်ဘာ ၁၈ ရက်ကလည်း ပေကုန်းရွာဆီခြံမှာ ဒရုန်းကျပြီး ဆီဝယ်နေတဲ့ အမျိုးသား ၁ဦးနဲ့ အမျိုးသမီး ၁ဦး ထိမှန်ဒဏ်ရာရခဲ့ပြီး အမျိုးသမီးငယ်ဟာ ဦးခေါင်းပြင်းထန် ဒဏ်ရာနဲ့ စိုးရိမ်ရတယ်လို့ သိရပါတယ်။

နိုဝင်ဘာ ၁၂ ရက်ကလည်း စစ်တပ်က Y-12နဲ့ဗုံးကြဲခဲ့ပြီးမော်လူးမြို့နဲ့ မိုင်၁ခန့်အကွာက တောရဘုန်းကြီးကျောင်းအတွင်းကျကာ ကျောင်းထိုင်ဆရာတော်နဲ့ ဆရာတော်ရဲ့ မယ်တော်ကြီး၊ ကိုရင်၂ပါးတို့ ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။

တိုက်ပွဲဟာ မော်လူးမြို့ကနေ နန့်စီးအောင်ဂိတ်အထိ ဖြစ်နေဆဲဖြစ်ပြီး မန္တလေး- မြစ်ကြီးနားလမ်းလည်း ပိတ်နေဆဲဖြစ်တယ်လို့ သိရပါတယ်။

ဆက်စပ်သတင်းများ