Connect with us

Hi, what are you looking for?

News

လေးကေ့ကော်တိုက်ပွဲကျဆုံးဟုသတင်းထွက်ခဲ့သောလက်ဖြောင့်သေနတ်သမား ကိုအာကာ အသက်​ဘေးမှလွတ်​မြောက်လာ

“တွတ်ပီကို R.I.P လုပ်ကြတဲ့သူတွေ Sorry ပါ ကျွန်တော်တို့ သူဆေးကုနေတုန်း သတင်းဖုံးပေးထားတာပါ ။အခုတော့ အသက်အန္တရာယ် စိတ်ချရပါပြီ ဆေးကုတာလဲသက်သာလာပါပြီ”ဟု ၎င်းက ရေးသားဖော်ပြထား သည်။

လေးကေ့ကော်မြို့သစ်အနီးဝန်းကျင်တိုက်ပွဲများအတွင်း ကျဆုံးပြီဟုသတင်းများထွက်ပေါ်ခဲ့သော ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF) တပ်ဖွဲ့ဝင်လူငယ်တစ်ဦး အသက်ဘေးမှ ပြန်လည်လွတ် မြောက်လာပြီ ဖြစ်ကြောင်း မြေပြင်ရောက်ထောက်ပို့ရဲဘော်တစ်ဦးက အသိပေးထားသည်။

တိုက်ပွဲအတွင်းရရှိသည့်ဒဏ်ရာကြောင့် ထိုင်းနိုင်ငံဘက်ခြမ်း၌ ဆေးကုသမှုခံယူနေသော ကိုအာကာ(ခ)ကိုတွတ်ပီ မှာ အသက်ဘေးမှလွတ်ပြီး ပြန်လည်ကျန်းမာလာပြီဟု ယင်းထောက်ပို့တပ်သားက ၎င်း၏ဖေ့စ်ဘွတ်ခ် လူမှုကွန်ရက်တွင် ယနေ့(ဒီဇင်ဘာ ၃၁)ရေးသားဖော်ပြခဲ့သည်။

“တွတ်ပီကို R.I.P လုပ်ကြတဲ့သူတွေ Sorry ပါ ကျွန်တော်တို့ သူဆေးကုနေတုန်း သတင်းဖုံးပေးထားတာပါ ။အခုတော့ အသက်အန္တရာယ် စိတ်ချရပါပြီ ဆေးကုတာလဲသက်သာလာပါပြီ”ဟု ၎င်းက ရေးသားဖော်ပြထား သည်။

ကနဦးတွင် ကျဆုံးခဲ့ပြီဟု အသိပေးထားမှုအပေါ်တွင်လည်း ပြန်လည်ပြင်ဆင်တောင်းပန်ထားသည်။

Public Service Announcement

Public Service Announcement

ကိုအာကာ(ခ)ကိုတွတ်ပီသည် အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ ကာကွယ်ရေးဝန်ကြီးဌာန၊ တောင်ပိုင်းတိုင်း စစ်ဌာနချုပ်အောက်ရှိ အစုအဖွဲ့တစ်ခုမှ PDF တပ်ဖွဲ့ဝင်တစ်ဦးဖြစ်ကာ စနိုက်ဘာသမားတစ်ဦးသည်။

ဆက်စပ်သတင်းများ

သတင်း

AA ကစစ်​တွေရှိ စစ်တပ်ကာကင်းအနည်းဆုံး၃ခုနဲ့ ခြေကုတ်​နေရာ၄ခုကိုသိမ်းပိုက်ပြီး

သတင်း

စစ်တွေနဲ့ ပုဏ္ဏားကျွန်းမြို့နယ်အစပ်တိုက်ပွဲတွေအတွင်းအာဏာသိမ်းစစ်တပ်ရဲ့ကာကင်းအပါအဝင် ခြေကုတ်နေရာအချို့ကို အာရက္ခတပ်တော်(AA)က သိမ်းပိုက်ရရှိထားပြီး တိုက်ပွဲတပါတ်ကျော်အတွင်း ​နေရာ​လေးခုထက်မနည်းရှိပြီဖြစ်တယ်လို့ မြေပြင်သတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

စစ်သုံ့ပန်း ၈၀ ခန့် ထွက်ပြေးသွားရာ လက်နက်အချို့ပါသွားတာဖြစ်လို့ တီးတိန်၊ ကပ်တဲလ်၊ လိုင်လုဲ(Laailui)နဲ့ မဏိပူရ်မြစ် ပတ်ဝန်းကျင်ဒေသတွေကို ခရီးသွားလာတာ၊ အပြင်ထွက်တာ ခဏတာ ရှောင်ကြဉ်ကြဖို့ အသိပေးကြောင်း PDF ဇိုလဲန်းက သတင်း ထုတ်ပြန်ပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ဗန်းမော်မြို့နယ်နဲ့ မံစီမြို့နယ်ကြား ကောင်ဂျာယန်ဒေသမှာ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအတွင်း စစ်တပ်က သေဆုံးထိခိုက်များခဲ့ပြီး စစ်သုံ့ပန်းတွေ ဖမ်းမိသလို ထွက်ပြေးစစ်သားတွေ ပုန်းအောင်းရာ နေရာတွေကို လိုက်လံရှင်းလင်းနေကြောင်း KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။