Connect with us

Hi, what are you looking for?

News

သေနတ်နဲ့ပစ်ခတ်ဖမ်းဆီးခဲ့တဲ့ ထားဝယ်က လူငယ် ၂ ဦးကိုထောင် ၁၁ နှစ်စီချ

ပစ်ခတ်ဖမ်းဆီးခံရချိန်က အသက် ၂၂ နှစ်အရွယ် ကိုဝေယံဖြိုးဟာ လက်မောင်းကို ကျည်မှန်ကာ လက်မောင်းရိုးကျိုးခဲ့ပေမယ့် အခုချိန်ထိ ထိရောက်တဲ့ကုသမှုမရသေးဘူးလို့ သိရပါတယ်။

ပစ်ခတ်ဖမ်းဆီးခံရချိန် လက်မောင်းရိုးကျိုးသွားတဲ့ လူငယ်ကို ထိရောက်တဲ့ဆေးကုသမှု မပေးသေး

ထားဝယ်မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ သေနတ်နဲ့ပစ်ခတ်ဖမ်းဆီးခဲ့တဲ့ လူငယ်အမျိုးသား ၂ ဦး ကို ထောင်ဒဏ် ၁၁ နှစ်စီချလိုက်တယ်လို့သိရပါတယ်။

ထားဝယ် ၊ကြက်စာပြင်ရပ်ကွက် မှာ မေလကုန်ပိုင်းက ကိုဝေယံဖြိုးနဲ့ ကိုဉာဏ်ဝင်းတို့ဟာ သေနတ်နဲ့ပစ်ခတ်ဖမ်းဆီးခံရပြီး ဒီဇင်ဘာလကုန်ပိုင်းမှာတော့ ထားဝယ်အကျဉ်းထောင် ထောင်တွင်းတရားရုံးက ထောင်ဒဏ် ၁၁ နှစ်စီချလိုက်တာလို့ ထားဝယ်နိုင်ငံရေးအကျဉ်းသားဟောင်းများကွန်ရက်က သတင်းထုတ်ပြန်ထားပါတယ်။

ပစ်ခတ်ဖမ်းဆီးခံရချိန်က အသက် ၂၂ နှစ်အရွယ် ကိုဝေယံဖြိုးဟာ လက်မောင်းကို ကျည်မှန်ကာ လက်မောင်းရိုးကျိုးခဲ့ပေမယ့် အခုချိန်ထိ ထိရောက်တဲ့ကုသမှုမရသေးဘူးလို့ သိရပါတယ်။

Public Service Announcement

Public Service Announcement

အသက် ၂၄ နှစ်အရွယ် ကိုဉာဏ်ဝင်းကတော့ ပေါင်ကို ကျည်မှန်ခဲ့ပြီး ဒဏ်ရာသက်သာလို့ လမ်းလျှောက်နိုင်နေပြီလို့ ထားဝယ်နိုင်ငံရေးအကျဉ်းသားဟောင်းများကွန်ရက်က ဖော်ပြထားပါတယ်။

သူတို့ ၂ ဦးကို ရာဇသတ်ကြီးပုဒ်မ ၅၀၅ (က) ၊ လက်နက်ကိုင်ဆောင်မှု ၁၉ (စ) ၊ အကြမ်းဖက်မှုတိုက်ဖျက်ဗရးဥပဒေပုဒ်မ ၅၂ (က) တို့နဲ့ တရားစွဲထားတာဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

အတွေးအမြင်

ကလေးတွေကို ကြီးလာရင် ဘာဖြစ်ချင်လဲ၊ လူငယ်တွေကို အနာဂတ်မှာ ဘာဖြစ်ချင်လဲ။ ဘာလုပ်ဖို့ရည်ရွယ်ထားလဲ ဆိုတာမျိုး မေးတတ်ကြပါတယ်။ ဆရာဝန်ဖြစ်ချင်သလား။ အင်ဂျင်နီယာဖြစ်ချင်သလား။ စီးပွားရေးလုပ်ငန်းရှင်ဖြစ်ချင်သလား။ နိုင်ငံခြားမှာ ပညာသင်ချင် သလား။ တစ်ခါတလေမှာတော့ လူငယ်တစ်ယောက်ကို အနာဂတ်မှာ ဘာဖြစ်ချင်လဲ လို့ မေးလိုက်တာဟာ လွယ်ပါတယ်။

သတင်း

မကွေးမြို့မှာလည်း အသက်(၁၉)နှစ်အရွယ် လူငယ် ၁ဦး ပျောက်ဆုံးသွားလို့ လူမှုကွန်ရက်ကနေ အကူအညီတောင်းခံကာ ရှာဖွေနေရပါတယ်။

သတင်း

ရန်ကုန်မြို့၊ ရွှေပြည်သာနဲ့ လှိုင်သာယာမြို့နယ်တွေမှာ လူငယ်တွေကို လိုက်လံဖမ်းဆီးနေတဲ့အဖွဲ့တွေ သောင်းကျန်းနေပြီး လာဖမ်းရင် အဖမ်းမခံဘဲ ခုခံကြဖို့ ရွှေပြည်သာမြို့နယ်၊ ဘိုရှည်ကုန်းကျေးရွာက စစ်တပ်ခန့်အုပ်ချုပ်ရေးမှူး ဝင်းဇော်က ပြောပါတယ်။

သတင်း

ရန်ကုန်မှာအခုရက်ပိုင်းအတွင်းပေါ်တာဆွဲတာတွေပိုဆိုးလာတာကြောင့် လူငယ်တွေဟာ အလုပ်သွား၊အလုပ်ပြန်ဖို့ကို​တောင် စိုးရိမ်​နေကြရပါတယ် ။