Connect with us

Hi, what are you looking for?

News

စစ်ကောင်စီထုတ်ကုန်များ ရောင်းဝယ်ခွင့်ပိတ်ပင်ကြောင်း ဆောမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ ကြေညာ

ရောင်းဝယ်သုံးစွဲခြင်းမပြုရမည့် ကုန်ပစ္စည်းများစာရင်းကိုလည်း ပူးတွဲဖော်ပြခဲ့ရာ စစ်ကောင်စီနှင့် ဆက်စပ်သည့် လုပ်ငန်းများမှ ထုတ်လုပ်သည့် အရက်၊ ဘီယာ၊ အချိုရည်များ၊ ဆေးလိပ်များ၊ စားသောက်ကုန်နှင့် လူသုံးကုန်များ ပါရှိသည်။

အကြမ်းဖက်စစ်ကောင်စီ၏ ထုတ်ကုန်ပစ္စည်းများအား တင်သွင်း ရောင်းဝယ်ခွင့် ပိတ်ပင်ကြောင်း ဆောမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ယနေ့(ဇန်နဝါရီ ၅ရက်)တွင် ကြေညာချက် ထုတ်ပြန်လိုက်သည်။

မကွေးတိုင်းဒေသကြီး ဆောမြို့နယ်အတွင်းတွင် နိုင်ငံတော် သစ္စာဖောက်များဖြစ်သည့် အကြမ်းဖက်စစ်ကောင်စီနှင့် ၎င်းတို့၏ လက်ပါးစေများမှ ထုတ်လုပ်သော ကုန်ပစ္စည်းများကို ဇန်နဝါရီ ၁၃ရက်မှစ၍ ထပ်မံ တင်သွင်းရောင်းဝယ်ခြင်းများ လုံး၀မပြုလုပ်ကြရန် ကြေညာခဲ့သည်။

ရောင်းဝယ်သုံးစွဲခြင်းမပြုရမည့် ကုန်ပစ္စည်းများစာရင်းကိုလည်း ပူးတွဲဖော်ပြခဲ့ရာ စစ်ကောင်စီနှင့် ဆက်စပ်သည့် လုပ်ငန်းများမှ ထုတ်လုပ်သည့် အရက်၊ ဘီယာ၊ အချိုရည်များ၊ ဆေးလိပ်များ၊ စားသောက်ကုန်နှင့် လူသုံးကုန်များ ပါရှိသည်။

ကြေညာချက်ပါ သတ်မှတ်ရက်နောက်ပိုင်းတွင် ပိတ်ပင်ထားသည့် ပစ္စည်းများကို ဆက်လက်ရောင်းဝယ်ခြင်းများ တွေ့ရှိရပါက သက်ဆိုင်ရာနယ်မြေအလိုက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ၊ ပြည်သူ့လုံခြုံရေးအဖွဲ့များနှင့် ပူးပေါင်းကာ ဥပဒေနှင့်အညီ အရေးယူသွားမည်ဟု ထုတ်ပြန်ခဲ့သည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

ဒေါ်လာငွေစီးဆင်းမှုကို ထိန်းချုပ်ဖို့ အထည်ချုပ်လုပ်ငန်းတွေရဲ့ ကုန်ကြမ်းတင်သွင်းမှုအပေါ် စစ်ကောင်စီက ကန့်သတ်လိုက်တယ်လို့ သိရပါတယ်။

သတင်း

ရန်ကုန်မြို့စာသင်ကျောင်းတွေမှာ မိဘခေါ်လာမှ ကျောင်းအပ်လို့ရမယ့် စစ်ကောင်စီရဲ့ သတ်မှတ်ချက်ကြောင့် ကျောင်းနေအရွယ်ကလေးတွေအချို့ ကျောင်းအပ်ဖို့ အခက်အခဲဖြစ်နေတယ်လို့ ရန်ကုန်မြို့နေပြည်သူတွေက ပြောပါတယ်။

သတင်း

မကွေးတိုင်း၊ ဆောမြို့နယ်မှာ တိုက်ပွဲ ပြင်းထန်နေပြီး စစ်တပ်စစ်ကြောင်းထံက လက်နက်ခဲယမ်းတချို့သိမ်းရထားတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ဂန့်ဂေါခရိုင်တပ်ရင်း (၁၃) တာဝန်ရှိသူက လူထုနွေဦးကို ပြောပါတယ်။

သတင်းဆောင်းပါး

ထီးချိုင့်၊ကသာ၊အင်း​တော်မြို့နယ်​တွေမှာစစ်တပ် စစ်ကြောင်းတွေကို တော်လှန်ရေးတပ်တွေက ပျောက်ကြားတိုက်ခိုက်ချိန်မှာ အလောင်းအများစုရဲ့ ယူနီဖောင်း​တွေဟာ စစ်မှုမထမ်းမ​နေရဥပ​ဒေနဲ့ အဓမ္မစု​ဆောင်းထားတဲ့ ၊​ပေါ်တာဆွဲထားတဲ့ စစ်သားသစ်​တွေရဲ့ပစ တံဆိပ်တွေဖြစ်နေတယ်လို့ ပျောက်ကြားတိုက်ခိုက်မှုမှာပါဝင်နေတဲ့ တော်လှန်ရေး ရဲဘော်တဦးက ပြောပါတယ်။