Connect with us

Hi, what are you looking for?

LuduNwayOo

News

စစ်ကောင်စီထုတ်ကုန်များ ရောင်းဝယ်ခွင့်ပိတ်ပင်ကြောင်း ဆောမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ ကြေညာ

ရောင်းဝယ်သုံးစွဲခြင်းမပြုရမည့် ကုန်ပစ္စည်းများစာရင်းကိုလည်း ပူးတွဲဖော်ပြခဲ့ရာ စစ်ကောင်စီနှင့် ဆက်စပ်သည့် လုပ်ငန်းများမှ ထုတ်လုပ်သည့် အရက်၊ ဘီယာ၊ အချိုရည်များ၊ ဆေးလိပ်များ၊ စားသောက်ကုန်နှင့် လူသုံးကုန်များ ပါရှိသည်။

အကြမ်းဖက်စစ်ကောင်စီ၏ ထုတ်ကုန်ပစ္စည်းများအား တင်သွင်း ရောင်းဝယ်ခွင့် ပိတ်ပင်ကြောင်း ဆောမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ယနေ့(ဇန်နဝါရီ ၅ရက်)တွင် ကြေညာချက် ထုတ်ပြန်လိုက်သည်။

မကွေးတိုင်းဒေသကြီး ဆောမြို့နယ်အတွင်းတွင် နိုင်ငံတော် သစ္စာဖောက်များဖြစ်သည့် အကြမ်းဖက်စစ်ကောင်စီနှင့် ၎င်းတို့၏ လက်ပါးစေများမှ ထုတ်လုပ်သော ကုန်ပစ္စည်းများကို ဇန်နဝါရီ ၁၃ရက်မှစ၍ ထပ်မံ တင်သွင်းရောင်းဝယ်ခြင်းများ လုံး၀မပြုလုပ်ကြရန် ကြေညာခဲ့သည်။

ရောင်းဝယ်သုံးစွဲခြင်းမပြုရမည့် ကုန်ပစ္စည်းများစာရင်းကိုလည်း ပူးတွဲဖော်ပြခဲ့ရာ စစ်ကောင်စီနှင့် ဆက်စပ်သည့် လုပ်ငန်းများမှ ထုတ်လုပ်သည့် အရက်၊ ဘီယာ၊ အချိုရည်များ၊ ဆေးလိပ်များ၊ စားသောက်ကုန်နှင့် လူသုံးကုန်များ ပါရှိသည်။

ကြေညာချက်ပါ သတ်မှတ်ရက်နောက်ပိုင်းတွင် ပိတ်ပင်ထားသည့် ပစ္စည်းများကို ဆက်လက်ရောင်းဝယ်ခြင်းများ တွေ့ရှိရပါက သက်ဆိုင်ရာနယ်မြေအလိုက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ၊ ပြည်သူ့လုံခြုံရေးအဖွဲ့များနှင့် ပူးပေါင်းကာ ဥပဒေနှင့်အညီ အရေးယူသွားမည်ဟု ထုတ်ပြန်ခဲ့သည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

ရေးမြို့နယ် ခေါဇာမြို့နယ်ခွဲ၊ ကျုံညှဲကျေးရွာမှ ကျေးရွာအုပ်ချုပ်ရေးမှူး ပြည်သူ့စစ်အဖွဲ့အား လက်နက်ဖြုတ်သိမ်းရန်နှင့် အရေးယူပေးရန် ပြည်သူများမှတိုင်ကြားလာ၍ ဧပြီ ၂၃ရက် တွင် ခေါ်ယူဖမ်းဆီး လက်နက်ဖြုတ်သိမ်းခဲ့သည်ဟု ဖော်ပြသည်။

သတင်း

စခန်းသိမ်းတိုက်ပွဲအပြီးစစ်ကောင်စီ၏လက်နက်ခဲယမ်းအမြောက်အများအားသိမ်းဆည်းရရှိခဲ့ကြောင်း မှတ်တမ်းဓာတ်ပုံများနှင့်အတူ ဖော်ပြထားပြီး အရေအတွက်ကို မကြာမီ အလျဉ်းသင့်ပါက အသိပေးမည်ဟု ထုတ်ပြန်သည်။

သတင်း

အပြစ်မဲ့ပြည်သူများမှာ ၎င်းအဖွဲ့များ၏ အကြမ်းဖက်လုပ်ရပ်များကြောင်းသာ ပို၍ ဒုက္ခရောက်နေကြရသည်ကို ကော်မရှင်နာအနေဖြင့် ဖော်ပြရန် အရေးကြီးကြောင်း ဦးခိုင်သုခက ပြောသည်။

သတင်း

စစ်ကောင်စီတပ်စခန်းမှ သိမ်းရသည့် လက်နက်ခဲယမ်းများကို တပ်ရင်းမှူးက ပြသရာ လက်နက်ကြီးလက်နက်ငယ်မျိုးစုံ အလက် ၃၀ကျော်နှင့် ခဲယမ်း၊ ကျည်များစွာ နှင့် စစ်အသုံးအဆောင်ပစ္စည်းများ ကို တွေ့ရသည်။