Connect with us

Hi, what are you looking for?

News

စစ်​ကောင်စီဆုချီးမြှင့်သူများတွင်​သေဆုံးပြီးသူများနေ

“အဲဒါသေစာရင်းကြီးဗျ။ သေပြီးမှပေးတာ။ ခုလိုထုတ်ပြန်တော့ အန္တရာယ်မရှိဘူးလားဆိုပြီး ကြည့်ကြည့်တော့မှသေပြီးသားလူတွေဖြစ်နေတာ။”ဟု ဒေသခံတစ်ဦးက People Springသို့ပြောသည်။

အကြမ်းဖက်စစ်ကောင်စီက လွတ်လပ်ရေးနေ့တွင် ဂုဏ်ထူး​ဆောင်ဘွဲ့တံဆိပ်များ​ပေးသည်ဆိုကာ ​ကြေညာပေးခဲ့သည့် အုပ်ချုပ်ရေးမှူးများတွင် သေဆုံးပြီးသူများစွာပါဝင်နေကြောင်း နယ်အသီးသီးမှဒေသခံအချို့က ပြောသည်။

ဇန်နဝါရီလ ၄ ရက်နေ့ကထုတ်ပြန်သည့် အကြမ်းဖက်စစ်ကောင်စီ၏ ဆုချီးမြှင့်ခြင်းခံရသည့်စာရင်းများတွင် မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်၊ ဟံသာဝတီနှင့်မြောက်ခင်ရန်းရွာ အုပ်ချုပ်ရေးမှူးဦးသာလူနှင့်ဦးစိန်ဦး နှစ်ဦးကို ရဲဗလဆုပေးအပ်ခဲ့ကြောင်း၊ အဆိုပါနှစ်ဦးသည် မေလအတွင်းက ပြည်သူ့ကာကွယ်ရေးအဖွဲ့များ၏ လက်ချက်ဖြင့် သေဆုံးခဲ့ပြီးသူများဖြစ်ကြောင်း ဂန့်ဂေါနယ်မှ Gangaw Youths Voiceက ထုတ်ပြန်သည်။

ထို့အပြင် စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်မှ မန်ကျည်းတော၊ မန်ကျည်းနီ၊ ချောင်းရှည်၊ ညောင်နီကန်နှင့် အခြားရွာတစ်ရွာတို့မှ အုပ်ချုပ်ရေးမှူးငါးဦးလည်း ဆုရခဲ့ပြီး အဆိုပါငါးဦးလုံးမှာ သေဆုံးပြီးသူများဖြစ်ကြောင်းနယ်ခံများပြောသည်။

“အဲဒါသေစာရင်းကြီးဗျ။ သေပြီးမှပေးတာ။ ခုလိုထုတ်ပြန်တော့ အန္တရာယ်မရှိဘူးလားဆိုပြီး ကြည့်ကြည့်တော့မှသေပြီးသားလူတွေဖြစ်နေတာ။”ဟု ဒေသခံတစ်ဦးက People Springသို့ပြောသည်။

Public Service Announcement

Public Service Announcement

အခြားနယ်မှ ဆုရသည့်အုပ်ချုပ်ရေးမှူးများထဲတွင် သေဆုံးသူများလည်း ရှိနိုင်သေးကြောင်း ဒေသခံများကပြောသည်။

ထိုအပြင် မ​သေ ​သေးသူများလည်းပါပြီး စစ်​ကောင်စီကဆု​​ပေးသည်ဆိုကာ ​ကြေညာ​ပေးသဖြင့် မည်သူက စစ်​ကောင်စီနှင့်ပူး​ပေါင်း​ဆောင်ရွက်​နေသည်ကို ရှင်းရှင်းလင်းလင်းသိ့ရ၍​ကောင်း​ကြောင်း ​တော်လှန်​ရေးအဖွဲ့အချို့က​ပြောသည်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

တိဘက်ကုန်းမြင့် ဒေသနဲ့ ထိစပ်ရာ နယ်စပ်နားမှာ ဖြစ်ပွားခဲ့တဲ့ ရုတ်တရက် ရေကြီးမှုအတွင်း သေဆုံးသူတွေကို နီပေါ အာဏာပိုင်တွေက အစုလိုက် စတင်မြှုပ်နှံနေပြီ ဖြစ်ပါတယ်။

နိုင်ငံတကာ

ကျောင်းဆရာမ တစ်ဦးက ပါးရိုက်ခဲ့တဲ့နောက် ကျောင်းသား ကလေးငယ် သေဆုံးသွားတယ်ဆိုတဲ့ ဖြစ်ရပ်နဲ့ ပတ်သက်ပြီး စုံစမ်းစစ်ဆေးမှုတွေ လုပ်ဆောင်နေကြောင်း အိန္ဒိယနိုင်ငံ အန်ဒရာ ပရာဒက်ရှ် ရဲတပ်ဖွဲ့က ပြောပါတယ်။

သတင်း

ဒေသ​ခြောက်ခုမှာရေဘေးပ်ိုဆိုးလာပြီးသေဆုံးသူဦးရေတိုးလာ

သတင်း

အခုနှစ်ရဲ့ခြောက်လတာကာလအတွင်းမြန်မာနိုင်ငံအရှေ့တောင်ပိုင်း ဒေသတွေမှာအာဏာသိမ်းစစ်တပ်ရဲ့တိုက်ခိုက်မှုတွေကြောင့်ကလေးငယ်တွေအပါအဝင်အရပ်သား ၆၆ ဦးသေဆုံးပြီး ၁၂၇ ဦး ဒဏ်ရာရတယ်လို့ ကရင်လူ့အခွင့်အရေးအဖွဲ့ ( KHRG)ကဒီနေ့ (သြဂုတ်လ ၃ ရက်)မှာထုတ်ပြန်ပါတယ်။

Facebook