Connect with us

Hi, what are you looking for?

LuduNwayOo

News

စစ်​ကောင်စီဆုချီးမြှင့်သူများတွင်​သေဆုံးပြီးသူများနေ

“အဲဒါသေစာရင်းကြီးဗျ။ သေပြီးမှပေးတာ။ ခုလိုထုတ်ပြန်တော့ အန္တရာယ်မရှိဘူးလားဆိုပြီး ကြည့်ကြည့်တော့မှသေပြီးသားလူတွေဖြစ်နေတာ။”ဟု ဒေသခံတစ်ဦးက People Springသို့ပြောသည်။

အကြမ်းဖက်စစ်ကောင်စီက လွတ်လပ်ရေးနေ့တွင် ဂုဏ်ထူး​ဆောင်ဘွဲ့တံဆိပ်များ​ပေးသည်ဆိုကာ ​ကြေညာပေးခဲ့သည့် အုပ်ချုပ်ရေးမှူးများတွင် သေဆုံးပြီးသူများစွာပါဝင်နေကြောင်း နယ်အသီးသီးမှဒေသခံအချို့က ပြောသည်။

ဇန်နဝါရီလ ၄ ရက်နေ့ကထုတ်ပြန်သည့် အကြမ်းဖက်စစ်ကောင်စီ၏ ဆုချီးမြှင့်ခြင်းခံရသည့်စာရင်းများတွင် မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်၊ ဟံသာဝတီနှင့်မြောက်ခင်ရန်းရွာ အုပ်ချုပ်ရေးမှူးဦးသာလူနှင့်ဦးစိန်ဦး နှစ်ဦးကို ရဲဗလဆုပေးအပ်ခဲ့ကြောင်း၊ အဆိုပါနှစ်ဦးသည် မေလအတွင်းက ပြည်သူ့ကာကွယ်ရေးအဖွဲ့များ၏ လက်ချက်ဖြင့် သေဆုံးခဲ့ပြီးသူများဖြစ်ကြောင်း ဂန့်ဂေါနယ်မှ Gangaw Youths Voiceက ထုတ်ပြန်သည်။

ထို့အပြင် စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်မှ မန်ကျည်းတော၊ မန်ကျည်းနီ၊ ချောင်းရှည်၊ ညောင်နီကန်နှင့် အခြားရွာတစ်ရွာတို့မှ အုပ်ချုပ်ရေးမှူးငါးဦးလည်း ဆုရခဲ့ပြီး အဆိုပါငါးဦးလုံးမှာ သေဆုံးပြီးသူများဖြစ်ကြောင်းနယ်ခံများပြောသည်။

“အဲဒါသေစာရင်းကြီးဗျ။ သေပြီးမှပေးတာ။ ခုလိုထုတ်ပြန်တော့ အန္တရာယ်မရှိဘူးလားဆိုပြီး ကြည့်ကြည့်တော့မှသေပြီးသားလူတွေဖြစ်နေတာ။”ဟု ဒေသခံတစ်ဦးက People Springသို့ပြောသည်။

Public Service Announcement

Public Service Announcement

အခြားနယ်မှ ဆုရသည့်အုပ်ချုပ်ရေးမှူးများထဲတွင် သေဆုံးသူများလည်း ရှိနိုင်သေးကြောင်း ဒေသခံများကပြောသည်။

ထိုအပြင် မ​သေ ​သေးသူများလည်းပါပြီး စစ်​ကောင်စီကဆု​​ပေးသည်ဆိုကာ ​ကြေညာ​ပေးသဖြင့် မည်သူက စစ်​ကောင်စီနှင့်ပူး​ပေါင်း​ဆောင်ရွက်​နေသည်ကို ရှင်းရှင်းလင်းလင်းသိ့ရ၍​ကောင်း​ကြောင်း ​တော်လှန်​ရေးအဖွဲ့အချို့က​ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

မြိုင်ပကဖနှင့်မဟာမိတ်များသည် ဧပြီ ၂၂ ရက်ကလည်း မကွေးတိုင်း ပေါက်နယ်၊ ဖလံကိုင်းရေနံမြေရဲစခန်းမှ ရဲအုပ်အပါအဝင် ရဲ(၆)ဦးအား လက်နက်ခဲယမ်းများနှင့်တကွ အရှင်ဖမ်းဆီးရမိခဲ့သေးသည်။

သတင်း

ယ‌နေ့ညနေ ၃နာရီခန့်အထိ ရရှိထားသောသတင်းများအရ မိုးမောက်မြို့ပေါ်တွင် စစ်ကောင်စီလက်နက်ကြီးပစ်ခတ်မှုကြောင့် ကလေးတဦးအပါအဝင် သေဆုံးသူသုံးဦးရှိပြီး တစ်ဦးဒဏ်ရာရာရှိခဲ့ကြောင်း သိရသည်။

သတင်း

ပေါင် ၃၀၀ ဗုံးနှစ်လုံးကြောင့် သေဆုံးသွားသည့် ပြည်သူ များအနက် အမျိုးသား နှစ်ဦးနှင့် မိန်က​လေးငယ် နှစ်ဦးအပါအဝင် အမျိုးသမီး ​လေးဦး ပါဝင်သည်။

နိုင်ငံတကာ

BBCရဲ့ အဆိုအရ စစ်ပွဲမှာ ရုရှား စစ်သည် ၅၀၀၀၀ ကျော် သေဆုံးခဲ့ပြီးဖြစ်ကြောင်း၊ ဒါဟာ ၂၀၂၂ ခုနှစ်၊ စက်တင်ဘာလတုန်းက နောက်ဆုံးအကြိမ်အဖြစ် တရားဝင် ထုတ်ပြန်ခဲ့တဲ့ အသေအပျောက် စာရင်းထက် ၈ ဆ ပိုများနေတာဖြစ်ကြောင်း သိရပါတယ်။