Connect with us

Hi, what are you looking for?

News

စစ်ကောင်စီက ရွာသားများအားပေါ်တာဆွဲ​နေ၍ KNU နယ်မြေရှိဒေသခံများ တိမ်းရှောင်နေရ

စစ်တပ်အာဏာသိမ်းပြီးနောက် KNU တပ်မဟာ နယ်မြေများ၌ စစ်ရေးတင်းမာမှုများ တိုက်ပွဲများ ဖြစ်ပွားနေရာ KNU တပ်မဟာ(၅) နယ်မြေတွင် စစ်ရေးပဋိပက္ခ အပြင်းထန်ဆုံးဖြစ်သည်။

အာဏာသိမ်းအကြမ်းဖက်စစ်အုပ်စုက ရွာသားများအား ဖမ်းဆီးပေါ်တာဆွဲခြင်းများ ပြုလုပ်​နေ၍ ဒေသခံများ ထွက်ပြေးတိမ်းရှောင်နေရကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) သတင်းနှင့်ပြန်ကြားရေးဌာန Thoolei News က ယနေ့ သတင်းဖော်ပြသည်။

ရွှေကျင်မြို့နယ်ရှိ KNU တပ်မဟာ(၃) အုပ်ချုပ်ရေးနယ်မြေ ဆော ထိမြို့နယ်၊ ဘလောခိုကျေးရွာ အုပ်စု သက်ခေါထာကျေးရွာမှ ရွာသား (၁၃)ဦးကို စစ်ကောင်စီတပ်များက ဇွန်လ ၂၃ ရက်နေ့တွင် ဖမ်းဆီး ပေါ်တာဆွဲခေါ်သွားကြောင်း သတင်း၌ ပါရှိသည်။

ထိုသို့ ပေါ်တာဆွဲခြင်းကြောင့် ဘလောခိုကျေးရွာအုပ်စုရှိ ကျေးရွာပေါင်း (၁၁)ရွာမှ အိမ်ခြေ (၂၇၅)လုံး ရှိ လူဦးရေ (၁၆၉၁)ဦး တို့သည် စိုးရိမ်ကြောက်ရွံ့နေကြပြီး ကျေးရွာများကို စွန့်၍ ထွက်ပြေးတိမ်း ရှောင်နေရကြောင်း၊ ကျေးရွာရှိ စာသင်ကျောင်းများကိုလည်း ပိတ်ထားရကြောင်း ဖော်ပြသည်။

ပေါ်တာဆွဲခြင်းကို တပ်မ (၄၄) လက်အောက်ခံ ခမရ (၅၄၉)မှဦးဆောင်သူ ဒုဗိုလ်မူးကြီး သောင်းစိုး နှင့် ခမရ (၄၀၂) တပ်တို့မှ အင်အား ၇၀ ကျော်ဖြင့် လာရောက်ကာ ဒေသခံများအား ဖမ်းဆီးသွားခြင်းဖြစ် သည်ဟု ဆိုသည်။

Public Service Announcement

Public Service Announcement

အဆိုပါ စစ်ကောင်စီတပ်က ဖမ်းဆီးခေါ်ဆောင်သွားသူ များအနက် ရွာသား ၃ဦး ထွက်ပြေးလွတ်မြောက်လာခဲ့ကြောင်း၊ ကျန်ရှိသောရွာသား (၁၀)ဦး ကို KNU ဖာပွန်ခရိုင် တပ်မဟာ(၅) နယ်မြေသို့ ပေါ်တာဆွဲသွားပြီး ၄ရက်အကြာ ဇွန်လ ၂၇ရက်တွင် KNU တပ်မဟာ(၁)နှင့် တပ်မဟာ(၃) နယ်စပ် ဘောပေါ်ထာကျေးရွာတွင် ပြန်လွှတ်ပေးခဲ့ကြောင်း သတင်း၌ ဖော်ပြသည်။

အဆိုပါ ဘောပေါ်ထာကျေးရွာသည် ဘီးလင်းမြို့နယ်အတွင်း၌ တည်ရှိသည့် ရွာဖြစ်ကြောင်း KNU တပ်မဟာ(၁) တာဝန်ရှိသူတစ်ဦးက ပြောသည်။

“NCA ကို ပျက်ပြီးလို့ သဘောထားလို့ရှိရင် သူတို့ အဲဒီမှာ ပေါ်တာခေါ်လို့ရတယ်လေ။ မပျက်သေးဘူးလို့ သဘောထားလို့ရှိရင် ခေါ်လို့မရဘူး” ဟု KNU တပ်မဟာ(၁) တာဝန်ရှိသူက ပြည်သူလူထုအား စစ်ကောင်စီတပ်များ စစ်မြေပြင်သို့ ပေါ်တာခေါ်ဆောင်သွားခြင်းနှင့်ပတ်သက်ပြီး မှတ်ချက်ပြုသည်။

ဆက်စပ်သတင်းများ

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) မူတြော်(ဖာပွန်)ခရိုင် တပ်မဟာ(၅)နယ်မြေ စက်တင်ဘာလဝက် တိုက်ပွဲတွေအတွင်း စစ်တပ်က အရာရှိအပါအဝင် သေဆုံးသူ ၂၂ဦး ရှိကြောင်း KNU မူတြော်ခရိုင်က သတင်းထုတ်ပြန်ပါတယ်။

သတင်း

ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်( မူတြော်)၊ နို့ခဲထရွာမှာ မနေ့ ( စက်တင်ဘာလ ၁၆ ရက်) က KNU တပ်မဟာ (၅) နဲ့ အာဏာသိမ်းစစ်တပ်တို့ကြား တိုက်ပွဲဖြစ်ရာမှာ လက်နက်အချို့သိမ်းဆည်းရမိတယ်လို့ တပ်မဟာ (၅) ပြောရေးဆိုခွင့်ရှိသူ ပဒိုစောထိုရော်ဘင်က ပြောပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ (၅)နယ်မြေ ဖာပွန်ခရိုင် တိုက်ပွဲမှာ စစ်ကောင်စီတပ်ထံက လက်နက်ငယ် ၃လက်သိမ်းရခဲ့ကြောင်း KNU တပ်မဟာ(၅) မူတြော်(ဖာပွန်)ခရိုင်က သတင်းထုတ်ပြန်ပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၆)နယ်မြေ ဒူးပလာယာခရိုင်အတွင်းဖမ်းမိ မူးယစ်ဆေးဝါးတွေကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း ဒူးပလာယာခရိုင်က သတင်းထုတ်ပြန်ပါတယ်။