သတင်း ပေါ်တာဆွဲဖမ်းဆီးထားတဲ့ လူငယ် ၂ဦးနဲ့ စစ်မှုထမ်းတပ်သား ၁ဦးကို ကော့သောင်းပကဖ ကယ်တင် ကော့သောင်းမြို့နယ်မှာ စစ်တပ်က စစ်မှုထမ်းဖို့ ပေါ်တာဆွဲဖမ်းဆီးထားတဲ့ လူငယ် ၂ဦးနဲ့ စစ်မှုထမ်းတပ်သား ၁ဦးကို ကယ်တင်ထားတယ်လို့ ကော့သောင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က သတင်းထုတ်ပြန်ပါတယ်။ ludunwayoo11 နာရီ ago
သတင်း သပိတ်ကျင်း၊တွင်းငယ်မှာစစ်တပ်ကစစ်မှုထမ်းသင်တန်းဖွင့်ဖို့ပြင်ပြီး ပေါ်တာပိုဆွဲနေ မန္တလေးတိုင်း၊သပိတ်ကျင်းမြို့နယ်၊တွင်းငယ်ရွာမှာ စစ်တပ်ကစစ်မှုထမ်းသင်တန်းကျောင်း ဖွင့်ဖို့ပြင်ဆင်နေပြီး လူငယ် တွေကို ပေါ်တာဆွဲဖမ်းဆီးမှုတွေပိုလုပ်နေတယ်လို့ ဒေသခံနဲ့စစ်ရေးသတင်းအရင်းမြစ်တချို့ကပြောပါတယ်။ ludunwayoo11 နာရီ ago
သရော်စာ ပေါ်တာ ဘယ်သူ ဆွဲသလဲ ဒီအမှုကို ကျုပ် မပေါ်၊ ပေါ်အောင် လိုက်မယ်။ ဒါ…ပေါ့လို့မရဘူး။ကျုပ်တို့ချစ်တဲ့ တပ်မတော်ရဲ့ဂုဏ်၊ သိက္ခာ၊ သမာဓိကို ချေးလူးထားတဲ့တုတ်နဲ့ဝိုင်းထိုးနေကြတာပဲ။ ဒီတော့ ကျုပ်ထပ်ပြောမယ်။ ဒီအမှုကို ကျုပ် မပေါ်၊ ပေါ် အောင်လိုက်မယ်။ အရိုးကြေကြေ၊ အရည်ခမ်းခမ်း ဂိတ်ဖျားကနေ ဂိတ်ဆုံးအထိ လိုက်ရမှာပဲ။ ludunwayoo3 ရက် ago
သတင်း ပေါ်တာဆွဲကြမ်းနေတဲ့ မုံရွာမှာ ဘုရားကြီးပွဲကျင်းပဖို့ စီစဥ်နေ စစ်ကိုင်းတိုင်း၊ မုံရွာမြို့မှာ စစ်တပ်က လူငယ်တွေပေါ်တာဆွဲဖမ်းဆီးနေချိန် ဘုရားကြီးပွဲတော်ကို ပြန်လည်ပြုလုပ်ဖို့ ပြင်ဆင်နေကြောင်း ဒေသခံတွေက ပြောပါတယ်။ ludunwayoo3 ရက် ago
သတင်း စစ်တပ်ရဲ့ အဓမ္မစစ်သားစုဆောင်းခံရတဲ့စစ်မှုထမ်းများ ပြည်သူနဲ့ပူးပေါင်းပြီး ဆန့်ကျင်တိုက်ဖျက်ရမယ့် အချိန်ရောက်နေပြီဟု NUGကာကွယ်ရေး တိုက်တွန်း ၂နှစ်တာအတွင်း သေဆုံး စစ်ကောင်စီတပ်သား ၂သောင်းကျော်အနက် သေဆုံသူအများစုဟာ ပစများဖြစ်ဟုဆို ludunwayoo4 ရက် ago
သတင်း မန္တလေးနန်းတွင်းမှာချုပ်ထားတဲ့ ပေါ်တာဆွဲခံထားရသူတွေကို ပုသိမ်ကြီးက စစ်မှုထမ်းသင်တန်းပို့ ပေါ်တာစွဲခံထားရပြီး မန္တလေးနန်းတွင်းမှာ ချုပ်နှောင်ခံထားရတဲ့ လူငယ်တွေကို ပုသိမ်ကြီးနယ်က ခလရ(၁၁၆)နဲ့ (၁၁၉)တပ်ရင်းကို ပို့လိုက်ပြီလို့ မြို့ခံတွေက ပြောပါတယ်။ ludunwayoo5 ရက် ago
သတင်း ရေဦးမှာ ပေါ်တာဆွဲခံထားရတဲ့လူငယ်တွေ အချုပ်ခန်းဖောက် ထွက်ပြေးလွတ်မြောက် စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်၊ ရေဦးမြို့မှာ စစ်မှုထမ်းဖို့ အဓမ္မပေါ်တာဆွဲဖမ်းဆီးခံထားရတဲ့လူငယ်တွေ အချုပ်ခန်းဖောက်ပြီး ထွက်ပြေးလွတ်မြောက်လာကြောင်း ရေဦးမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)ရဲ့ တာဝန်ရှိသူက ပြောပါတယ်။ ludunwayoo5 ရက် ago
သတင်း ရန်ကုန်မှာ စက်တင်ဘာ ၂ပတ်အတွင်း ဖမ်းဆီးပေါ်တာဆွဲခံရသူ ၉၀ ကျော်ရှိ ရန်ကုန်မြို့ရဲ့ မြို့နယ်တွေမှာ စက်တင်ဘာ ၂ပတ်အတွင်း မတရားဖမ်းဆီးပေါ်တာဆွဲခံရသူ ၉၀ ကျော် ရှိတယ်လို့ မြေပြင်ကင်းထောက်အဖွဲ့တွေနဲ့ ဒေသခံတွေက ပြောပါတယ်။ ludunwayooစက်တင်ဘာ 15, 2026
ဆောင်းပါး ပေါ်ပေါ်ထင်ထင် လူကုန်ကူးကြသူများ စာဖတ်သူများ မင်္ဂလာပါ။ ဒီကနေ့ဟာ (၁၄) ကြိမ်မြောက် မြန်မာနိုင်ငံရဲ့လူကုန်ကူးမှု တိုက်ဖျက်ရေးနေ့ပါတဲ့။ ဒီကနေ့မှာ လူကုန်ကူးမှု တားဆီးကာကွယ်ရေးဗဟိုအဖွဲ့ဥက္ကဋ္ဌနေရာကို ရယူထားတဲ့အာဏာသိမ်းစစ်တပ်ရဲ့ ပြည်ထဲရေးဝန်ကြီးဌာနက ဒုတိယဗိုလ်ချုပ်ကြီးညွန်ဝင်းဆွေဆိုသူက သဝဏ်လွှာပေးပို့ခဲ့ပါတယ်။ ludunwayooစက်တင်ဘာ 14, 2026
သတင်း ရေစကြိုမှာ စစ်တပ်က ဆယ်ဘီးကား နှစ်စီးနဲ့ ပေါ်တာဆွဲ မကွေးတိုင်း၊ ရေစကြိုမြို့နယ်မှာ အာဏာသိမ်းစစ်တပ်က ဆယ်ဘီးကား ၂ စီးနဲ့ လူငယ်တွေကို ပေါ်တာဆွဲသွားကြောင်း ရေစကြိုသတင်းအချက်အလက်ကော်မတီရဲ့ တာဝန်ရှိသူက ပြောပါတယ်။ ludunwayooစက်တင်ဘာ 12, 2026