Connect with us

Hi, what are you looking for?

News

လွိုင်ကော် စစ်ရှောင်များတိမ်းရှောင်ရာသို့ စစ်ကောင်စီတပ် လက်နက်ကြီးပစ်ခတ်၍ ထပ်မံတိမ်းရှောင်နေရ

နားမခေါ်ရွာသည် ဒီးမော့ဆိုမြို့နယ်မှ ကျေးရွာဖြစ်ပြီး လွိုင်ကော်နှင့် ၁၀မိုင်ခန့်ဝေးသည်ဟု ဆိုသည်။ဇန်နဝါရီ ၁၀ရက်က ယင်းကျေးရွာဘက်သို့ စစ်ကောင်စီတပ်က လက်နက်ကြီး ပစ်ခတ်ခဲ့၍ လွိုင်ကော်စစ်ရှောင်များနှင့် ကျေးရွာခံများပါ ဒီးမော့ဆိုမြို့နယ်ရှိ အခြားနေရာသို့ ထပ်မံတိမ်းရှောင်ရသည်ဟု ဆိုသည်။

ကယား(ကရင်နီ)ပြည်နယ် လွိုင်ကော်မြို့ပေါ် တိုက်ပွဲများဖြစ်၍ မြို့ခံများသည် ကျေးလက်ဒေသဘက်သို့ စစ်ဘေးတိမ်းရှောင်ရာ စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့် ပစ်ခတ်၍ ထပ်မံထွက်ပြေးတိမ်းရှောင်နေရကြောင်း ဒေသခံက ပြောသည်။

ဇန်နဝါရီ ပထမပတ်မှစ၍ တိုက်ပွဲပြင်းထန်ခဲ့သည့်အပြင် စစ်ကောင်စီတပ်က လက်နက်ကြီးများ ပစ်ခတ်ခြင်း၊ လေကြောင်းမှ တိုက်ခိုက်ခြင်းတို့ကြောင့် လွိုင်ကော်မြို့ခံ သောင်းနှင့်ချီပြီး ထွက်ပြေးတိမ်းရှောင်နေကြရသည်ဟု ဆိုသည်။

“လွိုင်ကော်ရဲ့ အနောက်ဘက်က နားမခေါ်ဘက်ကို စစ်ဘေးရှောင်နေကြတာ။ ဒါပေမဲ့လက်နက်ကြီး ထပ်ထုခံ ရတယ်။ ထပ်ထုခံရတော့ မလုံခြုံတော့ဘူး။ နားမခေါ်ရွာခံကိုယ်တိုင်လည်း ပြေးနေရတယ်။ လွိုင်ကော်ဘက်က သူတွေကတော့ တစ်ပူပေါ်နှစ်ပူဆင့် ပေါ့အဲဒီလိုမျိုးဖြစ်နေတာ သူတို့လည်း တစ်ခါ ထပ်ပြေးရတာ”ဟု ဒေသခံက ပြောသည်။

နားမခေါ်ရွာသည် ဒီးမော့ဆိုမြို့နယ်မှ ကျေးရွာဖြစ်ပြီး လွိုင်ကော်နှင့် ၁၀မိုင်ခန့်ဝေးသည်ဟု ဆိုသည်။ဇန်နဝါရီ ၁၀ရက်က ယင်းကျေးရွာဘက်သို့ စစ်ကောင်စီတပ်က လက်နက်ကြီး ပစ်ခတ်ခဲ့၍ လွိုင်ကော်စစ်ရှောင်များနှင့် ကျေးရွာခံများပါ ဒီးမော့ဆိုမြို့နယ်ရှိ အခြားနေရာသို့ ထပ်မံတိမ်းရှောင်ရသည်ဟု ဆိုသည်။

Public Service Announcement

Public Service Announcement

Public Service Announcement

“ သူက တိုက်ပွဲတော့ မဖြစ်ဘူး။ စစ်ကောင်စီက လွိုင်ကော်ဘက်ကနေ လက်နက်ကြီးတွေနဲ့ လှမ်းထုလိုက်တဲ့ အခါကျတော့ ရွာကိုယ်တိုင်က မလုံခြုံတဲ့အခါ ရွာသားကိုယ်တိုင်လည်း ပြေးရတာပေါ့။ လွိုင်ကော်က လူတွေက နောက်တစ်ခါထပ်ပြေးရတာပေါ့”ဟု ဒေသခံက ပြောသည်။

လက်နက်ကြီးပစ်ခတ်၍ နားမခေါ်ရွာရှိ သက်ကြီးရွယ်အိုတစ်ဦး ထိတ်လန့်ပြီး သေဆုံးခဲ့ရကြောင်း၊ ဒီးမော့ဆို ဒေါငံခါးတွင်လူထု၏ နေအိမ်များပျက်စီးခဲ့ရကြောင်း ဒေသခံက ပြောသည်။

လက်ရှိ စစ်ရှောင်ဦးရေမှာ လွိုင်ကော်မြို့နယ်မှ ထွက်ပြေးလာသူ ၄သောင်း ခန့်နှင့် ယခင် ဒီးမော့ဆိုမြို့နယ်မှ စစ်ဘေးတိမ်းရှောင်သူ ၄သောင်းခန့်ရှိရာ စုစုပေါင်း စစ်ရှောင် ၈သောင်းခန့်ရှိသည်ဟုဆိုသည်။ အရေးပေါ် အကူအညီများလည်း လိုအပ်နေကြောင်း ဒေသခံက ပြောသည်။

လွိုင်ကော်မြို့ပေါ် တိုက်ပွဲကြောင့် မြို့ခံများသည် မြို့ကို စွန့်ခွာပြီး အခြားပြည်နယ်နှင့် တိုင်းများရှိ မြို့များသို့ စစ်ဘေးတိမ်းရှောင်နေရသည်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးတိုင်း၊စဉ့်ကူးမြို့နယ်အနောက်ခြမ်းရှိကျွန်းကြီးရွာမှာတပ်စွဲထားတဲ့ စစ်တပ်က ဒီက​နေ့မနက်ပိုင်းမှာလက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာ​​ကြောင့် ဝက်လက်မြို့နယ်အရှေ့ခြမ်းကိုကျပြီး လင်မယားနှစ်ဦး ဒဏ်ရာရရှိခဲ့ပါတယ်။

နိုင်ငံတကာ

နိုင်ငံရဲ့ လက်နက်ကြီး ပစ်အားကို လက်တွေ့ စမ်းသပ်တဲ့ လေ့ကျင့်ပစ်ခတ်မှုတစ်ခု လုပ်ဆောင်ခဲ့ကြောင်း မြောက်ကိုရီးယားက ထုတ်ပြန်ပါတယ်။

သတင်း

စစ်တွေမြို့နယ်နဲ့ ပုဏ္ဏားကျွန်းမြို့နယ်အစပ်နေရာတွေမှာ တိုက်ပွဲဖြစ်နေချိန် စစ်တွေမြို့ပေါ် အထက(၄)စာသင်ကျောင်းဝင်းထဲနဲ့ စံပြရပ်ကွက်ထဲကို ဒီနေ့ မနက်ပိုင်းမှာ လက်နက်ကြီးကျည် ကျရောက် ပေါက်ကွဲခဲ့တယ်လို့ မြို့ခံတွေက ပြောကြပါတယ်။

သတင်း

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်မှာ အာဏာသိမ်းစစ်တပ်က လက်နက်ကြီးနဲ့ ပစ်ခတ်လို့ ကလေးငယ် ၁ဦးသေဆုံးခဲ့ရကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU)က ထုတ်ပြန်ပါတယ်။