Connect with us

Hi, what are you looking for?

News

ဒေါ်အောင်ဆန်းစုကြည်မပါတဲ့တွေ့ဆုံမှု အဓိပ္ပါယ်မရှိကြောင်း ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီး ပြောလာ

ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီးဟာ စင်ကာပူဝန်ကြီးချုပ် လီရှန်လွန်း က အာဆီယံအစည်းအဝေးတွေမှာ မြန်မာစစ်ကောင်စီကိုဖယ်ထားသင့်တယ်လို့ မှတ်ချက်ပေးလာပြီးတဲ့နောက်မှာ မြန်မာ့အရေးအတွက်ဒီလို ပြောဆိုလာတာပါ။

ဓာတ်ပုံ − ရိုက်တာ

မြန်မာ့ဒီမိုကရေစီရေးမှာ ဒေါ်အောင်ဆန်းစုကြည်ဟာ မရှိမဖြစ်လို့လည်း အသိပေး

မြန်မာ့အရေးကိုကြားဝင်ဖြေရှင်းကြရာမှာ ဒေါ်အောင်ဆန်းစုကြည် မပါတဲ့တွေ့ဆုံဆွေးနွေးမှုဟာ အဓိပ္ပါယ် ရှိမှာမဟုတ်ဘူးလို့ ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီး သီယိုဒိုယိုလိုဆင်က ပြောလိုက်ပါတယ်။

မြန်မာနိုင်ငံမှာ ဒီမိုကရေစီ ပြန်လည်ထူထောင်ဖို့ ဒေါ်အောင်ဆန်းစုကြည်ဟာ မရှိမဖြစ် ဖြစ်တယ်လို့လည်း ဖိလစ်ပိုင် နိုင်ငံခြားရေးဝန်ကြီးက ထပ်လောင်းပြောဆိုပါတယ်။

ဒါကြောင့် စစ်ကောင်စီက ဒေါ်အောင်ဆန်းစုကြည်ကို ထောက်ဒဏ်တွေချမှတ်တဲ့အပေါ်ကိုလည်း ရှုတ်ချလိုက်ပါသေးတယ်။

Public Service Announcement

Public Service Announcement

ဒါအပြင် သူအနေနဲ့ မြန်မာပြည်သူတွေ ခံစားနေရတဲ့ဒုက္ခတွေ သက်သာစေဖို့နဲ့ ဒေါ်အောင်ဆန်းစုကြည် ပြန်လည်ပါဝင်လာဖို့အတွက် လာမယ့် ရက်သတ္တပတ်တွေအတွင်း အာဆီယံ အဖွဲ့ကြီးက မိတ်ဆွေတွေနဲ့ အတူလက်တွဲ ဆောင်ရွက်သွားမယ်လို့ ပြောပါတယ်။

ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီးဟာ စင်ကာပူဝန်ကြီးချုပ် လီရှန်လွန်း က အာဆီယံအစည်းအဝေးတွေမှာ မြန်မာစစ်ကောင်စီကိုဖယ်ထားသင့်တယ်လို့ မှတ်ချက်ပေးလာပြီးတဲ့နောက်မှာ မြန်မာ့အရေးအတွက်ဒီလို ပြောဆိုလာတာပါ။

ဒါပေမယ့် ပြီးခဲ့တဲ့ ရက်ပိုင်းက နေပြည်တော်ကို ဟွန်ဆန်သွားခဲ့တဲ့ခရီးစဉ်ကိုတော့ ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီးက ကြိုဆိုခဲ့ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ထံ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) ရဲ့ သွားရောက်တွေ့ဆုံမှုကို အမေရိကန်ပြည်ထောင်စုမှ ကြိုဆိုကြောင်း မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံးက ဒီကနေ့ထုတ်ပြန်လိုက်ပြီး ဒေါ်အောင်ဆန်းစုကြည်ကို ချက်ချင်းနဲ့ ခြွင်းချက်မရှိ လွှတ်ပေးရန် ဆက်လက်တောင်းဆိုကြောင်း ဖော်ပြပါတယ်။

သတင်း

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နဲ့ အပြည်ပြည်ဆိုင်ရာကြက်ခြေနီကော်မတီ(ICRC) ကိုယ်စားလှယ်တို့ တွေ့ဆုံခဲ့ကြောင်း သတင်းတွေအပေါ် အလေးထား စောင့်ကြည့်သုံးသပ်နေပြီး ICRC ရဲ့ လူသားချင်းစာနာထောက်ထားရေးဆိုင်ရာ ကြိုးပမ်းမှုကို အသိအမှတ်ပြုတယ်လို့ NLD ဗဟိုအလုပ်ကော်မတီက ထုတ်ပြန်ပါတယ်။

သတင်း

နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ထံ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) သွားရောက်တွေ့ဆုံခဲ့မှုအပေါ် လှိုက်လှဲစွာကြိုဆိုကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG)က ဒီကနေ့ ဩဂုတ် ၄ရက်မှာ ထုတ်ပြန်ပါတယ်။

ဆောင်းပါး

“နိုင်ငံတစ်နိုင်ငံရဲ့ အမှန်တကယ်အခြေအနေကို သိချင်ရင် အဲဒီနိုင်ငံရဲ့ ထောင်တွေထဲကို ဝင်ကြည့်ရမယ်”